Zawgyi
ခရက်ဒစ် – မူရင်း
Unicode
အသက် (၃၀)ဝန်းကျင်အရွယ်မှာ နုပျိုလှပစေဖို့ ဒါလေးတွေလုပ်ပေးသင့်တယ်…
သင်ဘယ်လောက်ပဲ အသက်တွေ ရလာပါစေ၊ လူတိုင်းလှချင်ကြပါတယ် …။ နုပျိုနေသူတစ်ယောက်အတွက်တော့အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ …။
အသက် ၃၀ ဆိုတာ တည်ငြိမ်ရင့်ကျက်တဲ့ အရွယ်အပိုင်းအခြားတစ်ခုဖြစ်သလို အလှပဆုံး အချိန်တစ်ခုဆိုလည်း မမှားပါဘူးနော် …။
အသက် ၃၀ ဝန်းကျင်းမှာ သင့်ကိုပိုပိုပြီး လှနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက် ရပါတယ် …။
(၁) ရေဓါတ်ဖြည့်တင်းပါ။ ရေကိုသတိတရ သောက်ပေးပါ။ အနည်းဆုံးတစ်နေ့ကို ၈ ခွက် သောက်သုံး ပေးသင့်ပါတယ် …။
(၂) လေ့ကျင့်ခန်း လုပ်ပါ။ အရမ်းပြင်းပြင်းထန်ထန် မဟုတ်ပဲ ပုံမှန်လေးလုပ်သွားပေးပါ။ တစ်နေ့ နာရီဝက် တစ်နာရီလောက်တော့ အချိန်ပေးသင့်ပါတယ် …။
(၃) အရက် ဘီယာ သောက်သုံးမှုကို ရှောင်ကျဉ်ပါ …။
(၄) တစ်နေ့ကို ၇ နာရီလောက် မဖြစ်မနေ အိပ်ပေးပါ။ တတ်နိုင်သလောက် အိပ်ရေး မပျက်ပါစေနဲ့ …။
(၅) အသားရေစာတွေ အများကြီးမစားပါနဲ့။ အဆီအစိမ့်တွေကို ရှောင်ပေးပါ …။
(၆) သင့်ကိုယ်သင် ချစ်ပေးပါ။ အသက်အရွယ်အရ သဘာဝအတိုင်း အိုမင်းလာတာဟာလည်း အလှတရားတစ်ခုပါပဲ။ သင့်ရဲ့အရှိတိုင်းကို လက်ခံပါ …။
(၇) ဈေးပေါပြီး အရည်အသွေးမကောင်းတဲ့ အလှကုန်ပစ္စည်းတွေကို မသုံးပါနဲ့တော့။ သင့်အသားရေကို ပိုပြီး ဂရုစိုက်တဲ့အနေနဲ့ အရည်အသွေးရှိတဲ့ အလှကုန် ပစ္စည်းတွေကိုသာ အသုံးပြုသင့်ပါတယ် …။
(၈) အကြာကြီးမထိုင်ပါနဲ့။ မကြာခနဆိုသလို အကြောဆန့်တာ ထပြီးလမ်းလျောက်တာမျိုးတွေ လုပ်ပေးနိုင်ပါတယ်နော် …။
သိသလောက်လေး မျှဝေပေးတာမို့ အားလုံးအဆင်ပြေကြပါစေ …။ ။
ခရက်ဒစ် – မူရင်း