Zawgyi

ေရွးျမန္မာပညာရွင္မ်ားကေနာက္လူတို႔လိုက္နာက်င့္သုံးႏိုင္ရန္လကၤာလိုလိုစကားပုံမ်ား ခ်န္ထားရစ္ပါတယ္။ဘယ္သူကဘယ္ေခတ္အခ်ိန္မွာလို႔မသိၾကေပမဲ့အေၾကာင္းတိုက္ဆိုင္လာရင္ေတာ့စကားပုံေတြကိုခိုင္းႏႈိင္းသုံးႏွံးတတ္ၾကပါတယ္။အသြားအလာအေျပာအဆိုကသတိလက္လြတ္အဆီးအတားမရွိသူကို “ေလလာပြစိ” လို႔ ခိုင္းႏွိင္းတတ္ၾကသလို…အေျပာအဆို အေနအထိုင္သတိရွိသူၾကေတာ့”ဗိုင္းေကာင္းေက်ာက္ဖိ” ဆိုတဲ့စကားနဲ႔ႏႈိင္းတတ္ၾကပါတယ္။ အက်ိဳးအေၾကာင္းမဲ့ျပဳမူေျပာဆို လုပ္ကိုင္တတ္သူကို”မေယာင္ယာဆီလူး”(လႊတ္ေတာ္ထဲမွာေတာ့ မဖြယ္ရာေသာ အသုံးအႏွံးအျဖစ္ ပယ္ဖ်က္ထားပါတယ္။) လို႔ေျပားဆိုခိုင္းႏွိင္းၾကျပန္တယ္။

အမွားအယြင္းတစ္စုံတစ္ရာက်ဴးလြန္ခဲ့ပီးမွ ဟိုေရွာင္ဒီဖယ္ေျပာေနရင္ “မိုးႀကိဳးပစ္တာကိုထန္းလက္နဲ႔ကာလို႔ရမလား” စသျဖင့္ေျပာတတ္ၾကပါတယ္။ ခုကြၽန္ေနာ တင္ျပလိုတဲ့ “မိုးႀကိဳးပစ္ ထန္းလက္က ” ဆိုတာကေတာ့ အဲ့သလိုဆိုလိုခ်င္တာ မဟုတ္ပါဘူးဗ်။မိုးဆိုတဲ့ၾကာသပေတးေျမေပ်ာ့ဓါတ္နဲ႔ ႀကိဳးဆိုတဲ့ေျမမာဓါတ္(ဂေဗၻ)လြန္ရင္ အုန္းလြဲသလို ဇက္ခိုင္သလို ဂုတ္ဇက္ေတြေလးလံေနမယ္။ခါးေပါင္အဆစ္ ေတာင့္တင္းေညာင္းညာပီး ေခြၽးကလဲးမထြက္ ေခါင္းမ်က္႐ိုးကိုက္စသျဖင့္လကၡဏာေတြျပတတ္ပါတယ္။ ပထဝီေျမဓါတ္လြန္တာနဲ႔ အတူေနမိတ္ဓါတ္ျဖစ္တဲ့ ေရရဲ႕ ရန္ဓါတ္ျဖစ္တဲ့ မီးတို႔ ထိခိုက္နစ္နာကုန္တယ္။

(“ထန္း”မီးေတာက္ဓါတ္ “လက္”ေရၾကည္ဓါတ္)မိုးႀကိဳးဆိုတဲ့ ပထဝီလြန္ရင္ မီးနဲ႔ေရ ထိခိုက္တာျဖစ္တဲ့အတြက္ေရဓါတ္ မီးဓါတ္ ျဖည့္စြက္ကုသကယ္မပါလို႔ ေရွးသမားေတာ္တို႔က ဆိုလိုေဖာ္ၫႊန္းတယ္လို႔ ယူဆထားပါတယ္။ ျမန္မာ့ဓါတ္ဗိေႏၵားေဆးပညာမွာ ဓါတ္ေျခာက္လုံးေကာက္တာ ၊ခုႏွစ္လုံးတာစသျဖင့္ကြဲးျပားပါတယ္။ခုတင္ျပတာကပထဝီေတေဇာ၊ အာေပါ၊ ဝါေယာ ဆိုတဲ့(ေျမ ေရ ေလ မီး)ဓါတ္ေလးပါးအစုကို အရည္အဖတ္ (အာေပါနဲ႔ ေျမ) ႏွစ္မ်ိဳးကိုဘဲ ယူတဲ့ပုံစံပါ။ ယုံျခင္း/မယုံျခင္း လကၡံျခင္း/လကၼခံျခင္း ဆိုတာကေတာ့လက္ေတြ႕စမ္းသပ္သုံးစြဲၾကည့္ပါ။

ဆယ္ေယာက္ကိုခုႏွစ္ေယာက္(၇၀ရာခိုင္ႏႈန္း)အက်ိဳးရွိတယ္ဆိုရင္ကိုယုံၾကည္စြာလကၡံထိုက္ပါတယ္။ဝါဒစြဲး ၊ဂိုဏ္းစြဲနဲ႔ ျငင္းခုံေနဘို႔မရည္႐ြယ္ပါ။လကၡံက်င့္သုံးၾကည့္လို႔ေကါင္းက်ိဳးရလာဒ္ရွိေနရင္ကိုဒါကို ဆက္လက္သုေတသနျပဳေလ့လာေစလိုတဲ့ဆႏၵသာရွိပါတယ္။

လူအခ်င္းခ်င္းလွည့္ပါတ္ျခင္း ကင္းရွင္းၾကပါေစ…။

Unicode

ရှေးမြန်မာပညာရှင်များကနောက်လူတို့လိုက်နာကျင့်သုံးနိုင်ရန်လင်္ကာလိုလိုစကားပုံများ ချန်ထားရစ်ပါတယ်။ဘယ်သူကဘယ်ခေတ်အချိန်မှာလို့မသိကြပေမဲ့အကြောင်းတိုက်ဆိုင်လာရင်တော့စကားပုံတွေကိုခိုင်းနှိုင်းသုံးနှံးတတ်ကြပါတယ်။အသွားအလာအပြောအဆိုကသတိလက်လွတ်အဆီးအတားမရှိသူကို “လေလာပွစိ” လို့ ခိုင်းနှိင်းတတ်ကြသလို…အပြောအဆို အနေအထိုင်သတိရှိသူကြတော့”ဗိုင်းကောင်းကျောက်ဖိ” ဆိုတဲ့စကားနဲ့နှိုင်းတတ်ကြပါတယ်။ အကျိုးအကြောင်းမဲ့ပြုမူပြောဆို လုပ်ကိုင်တတ်သူကို”မယောင်ယာဆီလူး”(လွှတ်တော်ထဲမှာတော့ မဖွယ်ရာသော အသုံးအနှံးအဖြစ် ပယ်ဖျက်ထားပါတယ်။)

လို့ပြေားဆိုခိုင်းနှိင်းကြပြန်တယ်။အမှားအယွင်းတစ်စုံတစ်ရာကျူးလွန်ခဲ့ပီးမှ ဟိုရှောင်ဒီဖယ်ပြောနေရင် “မိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာလို့ရမလား” စသဖြင့်ပြောတတ်ကြပါတယ်။ ခုကျွန်နော တင်ပြလိုတဲ့ “မိုးကြိုးပစ် ထန်းလက်က ” ဆိုတာကတော့ အဲ့သလိုဆိုလိုချင်တာ မဟုတ်ပါဘူးဗျ။မိုးဆိုတဲ့ကြာသပတေးမြေပျော့ဓါတ်နဲ့ ကြိုးဆိုတဲ့မြေမာဓါတ်(ဂဗ္ဘေ)လွန်ရင် အုန်းလွဲသလို ဇက်ခိုင်သလို ဂုတ်ဇက်တွေလေးလံနေမယ်။ခါးပေါင်အဆစ် တောင့်တင်းညောင်းညာပီး ချွေးကလဲးမထွက် ခေါင်းမျက်ရိုးကိုက်စသဖြင့်လက္ခဏာတွေပြတတ်ပါတယ်။ ပထဝီမြေဓါတ်လွန်တာနဲ့ အတူနေမိတ်ဓါတ်ဖြစ်တဲ့ ရေရဲ့ ရန်ဓါတ်ဖြစ်တဲ့ မီးတို့ ထိခိုက်နစ်နာကုန်တယ်။

(“ထန်း”မီးတောက်ဓါတ် “လက်”ရေကြည်ဓါတ်)မိုးကြိုးဆိုတဲ့ ပထဝီလွန်ရင် မီးနဲ့ရေ ထိခိုက်တာဖြစ်တဲ့အတွက်ရေဓါတ် မီးဓါတ် ဖြည့်စွက်ကုသကယ်မပါလို့ ရှေးသမားတော်တို့က ဆိုလိုဖော်ညွှန်းတယ်လို့ ယူဆထားပါတယ်။ မြန်မာ့ဓါတ်ဗိန္ဒေားဆေးပညာမှာ ဓါတ်ခြောက်လုံးကောက်တာ ၊ခုနှစ်လုံးတာစသဖြင့်ကွဲးပြားပါတယ်။ခုတင်ပြတာကပထဝီတေဇော၊ အာပေါ၊ ဝါယော ဆိုတဲ့(မြေ ရေ လေ မီး)ဓါတ်လေးပါးအစုကို အရည်အဖတ် (အာပေါနဲ့ မြေ) နှစ်မျိုးကိုဘဲ ယူတဲ့ပုံစံပါ။ ယုံခြင်း/မယုံခြင်း လက္ခံခြင်း/လက္မခံခြင်း ဆိုတာကတော့လက်တွေ့စမ်းသပ်သုံးစွဲကြည့်ပါ။

ဆယ်ယောက်ကိုခုနှစ်ယောက်(၇၀ရာခိုင်နှုန်း)အကျိုးရှိတယ်ဆိုရင်ကိုယုံကြည်စွာလက္ခံထိုက်ပါတယ်။ဝါဒစွဲး ၊ဂိုဏ်းစွဲနဲ့ ငြင်းခုံနေဘို့မရည်ရွယ်ပါ။လက္ခံကျင့်သုံးကြည့်လို့ကေါင်းကျိုးရလာဒ်ရှိနေရင်ကိုဒါကို ဆက်လက်သုတေသနပြုလေ့လာစေလိုတဲ့ဆန္ဒသာရှိပါတယ်။

လူအချင်းချင်းလှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ…။