Zawgyi







Credit

Unicode

သင်၏ဘဝထဲကို ကံဆိုးမိုးမှောင်မှုတွေ ရောက်ရှိလာတော့မယ်ဆိုတာကို ညွှန်ပြနေသော နမိတ်၅မျိုး

တစ်ခုခုကို လုပ်တော့မယ့်အခါ မလုပ်သင့်ဘူး ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုရင် နိမိတ်တချို့ ပြတတ်သလို တစ်နေရာရာကို သွားသင့်လား မသွားသင့်လားဖြစ်လာတတ်တဲ့ နိမိတ်လေးတွေကို သိပြီးရှောင်ရှားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ခလုပ်တိုက်ရင် တစ်ခုခုလုပ်ခါနီး တစ်နေရာရာ သွားခါနီးမှာ ခဏ ခဏခလုတ်တိုက်နေရင် မလုပ်သင့် မသွားသင့် သေးပါဘူး။

အလိုလို စိတ်ညစ်ညူး နေရင် တခါတလေစိတ်က အလိုလိုမကြည်နေတာမျိုးစိတ်မရှည်နေတာမျိုး ဖြစ်တတ်ပါတယ် အဲ့လိုဖြစ်တာက စိတ်ခံစားချက် သက်သက်လို့လည်း ပြောလို့ရသလို နိမိတ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ သင့်အနေနဲ့ စိတ်မကြည်လင်ဘူး စိတ်ညစ်ညူးနေမယ် ဆိုရင် သင်လုပ်မယ့် အရာတစ်ခုက အဆင်ပြေဖို့ သိပ်မဖြစ်နိုင်သလို သွားမယ့်နေရာမှာလည်း ပျော်စရာကောင်းလာမှာ မဟုတ်ပါဘူး။

ဒါကြောင့် စိတ်ညစ်ညူးနေရင် ခဏလောက် ငြိမ်ငြိမ်လေးနေပြီးအသက်ရှူသွင်း ရှူထုတ်တာလေးကို ဆယ့်ငါးမိနစ်လောက် လုပ်ပေးသင့်ပါတယ်။ ကိုယ်ချစ်တဲ့ သူတစ်ယောက်ယောက်နဲ့ ခိုက်ရန်ဖြစ်ပွားရင် ဒါလည်းခုနကဟာနဲ့ သဘောတရား အတူတူပါပဲ။ ချစ်တဲ့သူတွေနဲ့ ခိုက်ရန်ဖြစ်ပွားတာကတစ်ခုခုကို အောင်အောင်မြင်မြင် လုပ်ဖို့ တစ်နေရာရာကိုပျော်ပျော်ရွှင်ရွှင် သွားဖို့ သိပ်မဖြစ်နိုင် ပါဘူး။

ပစ္စည်းတစ်ခုခု ပျောက်ရင် တခါတလေ သဘာဝတရားကြီးက ထူးဆန်းလှပါတယ်။သင့်အနေနဲ့ အ ရေးကြီးကိစ္စတစ်ခုရှိလို့ ဘယ်လောက်ပဲရှာရှာပစ္စည်း တစ်ခုက ရှာလို့လုံးဝမ တွေ့ဘဲပျောက်နေတတ် ပါတယ်။အဲ့ဒါဆိုရင်တော့ သင်လုပ်မယ့်အလုပ် သင်သွားမယ့်နေရာကို မသွားပါနဲ့ဦး။ အဲ့ဒီလို ပစ္စည်းပျောက်နေတာက အဆိုး အညံ့တွေနဲ့ လွဲချော်သွားဖို့လည်း ဖြစ်နိုင်ပါတယ်။

မကောင်းတဲ့ အနံ့အသက်တွေရ နေရင် ထူးဆန်းတဲ့ အသံတွေကြားရင် ဒါကိုတော့ကြုံဖူးကြလား မသိပါဘူး မ ကောင်းတဲ့ အနံ့အသက်တွေ ထူးဆန်းတဲ့အသံတွေကသင်လုပ်မယ့်အရာတွေ သင်သွားမယ့်နေရာတွေနဲ့ ပတ်သက်လို့တားဆီးချင်တာ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို အဖြစ်တွေက နိမိတ်ကောင်းတော့လုံးဝမဖြစ်နိုင်တာကြောင့် သင်လုပ်မယ့် အရာလေးတွေကို ခဏ လောက်ရပ်ထားလိုက်ပါနော်။

Credit