Zawgyi

ကိုယ့္ဖုန္း အဟက္ခံထားရၿပီဆိုတာ သိႏိုင္မယ့္ နည္းလမ္းမ်ား

ဖုန္း တစ္လုံးကိုဘယ္လိုနည္းနဲ႔ဟက္လို႔ရႏိုင္လဲ ။ ဖုန္းတစ္လုံးကို ဟက္ႏိုင္တဲ့နည္းလမ္းေတြအမ်ားႀကီးရွိပါတယ္။ Spy Phone App , Spyzie နဲ႔ Spyera အစရွိတဲ့ App ေတြကိုအသုံးျပဳၿပီးေတာ့ ဟက္ႏိုင္သလို အင္တာနက္ကေဖးေတြမွာလႊင့္ထားတဲ့ ဖရီးဝိုင္ဖိုင္ေတြကတစ္ဆင့္လည္း ဟက္ႏိုင္ပါေသးတယ္။

ထို႔အျပင္ SMS Phishing လို႔ေခၚတဲ့ အေယာင္ေဆာင္စာပို႔မႈေတြနဲ႔ သုံးစြဲသူဆီကအခ်က္အလက္ေတြကို ေတာင္းယူကာ ဘဏ္အေကာင့္ သို႔မဟုတ္ ဓါတ္ပုံေတြကို ဟက္ယူႏိုင္ေသးသလို SS7 လို႔ေခၚတဲ့ ၾကားျဖတ္ဖုန္းေခၚဆိုမႈကိုနားေထာင္တဲ့နည္းစနစ္ေတြလည္းရွိေနပါေသးတယ္။

ဒီေတာ့ ကိုယ့္ဖုန္း အဟက္ခံထားရရင္ဘယ္လိုသိႏိုင္မလဲ။ ကိုယ္မသိပဲေနာက္ကြယ္မွာ အလုပ္လုပ္ေနတဲ့ စပိုင္ပ႐ိုဂရမ္တစ္ခုရွိေနတာေၾကာင့္ ဖုန္းဘတၳီရီကုန္တာအရမ္းျမန္လာမယ္။ ဖုန္းမသုံးပဲ ခ်ထားရင္ေတာင္မွ အလိုအေလ်ာက္ပူလာေနမယ္။ အလိုအေလ်ာက္ပိတ္သြားတာမ်ိဳး ၊အလိုအေလ်ာက္ဖုန္းေခၚဆိုတာမ်ိဳးေတြရွိလာမယ္။

Call History မွာ ကိုယ္မသိတဲ့နံပတ္ေတြေပၚေနမယ္။ ပါဝါခလုတ္ဖိထားရင္ ဖုန္းပိတ္ရမယ့္အစား အျခား app ေတြပြင့္လာမယ္ ။ ဖုန္းေျပာတဲ့အခါ ဆူညံသံေတြၾကားေနရလိမ့္မယ္။ဒါဆိုရင္ ကိုယ့္ဖုန္းကိုဘယ္လိုကာကြယ္ရမလဲ။ ကိုယ့္ဖုန္းထဲ SMS က တစ္ဆင့္ဝင္လာတဲ့ အင္တာနက္လိပ္စာလင့္ေတြကို ဘယ္ေတာ့မွမႏွိပ္ပါနဲ႔။

ကိုယ့္ကြန္ျပဴတာမဟုတ္တဲ့အျခားကြန္ျပဴတာတစ္လုံးမွာတပ္ၿပီးအားသြင္းတဲ့အခါ “Only Charging” ကိုပဲေ႐ြးပါ။ “Remember Passwords” ဖန္ရွင္ကိုဘယ္ေတာ့မွမသုံးပါနဲ႔။ အခမဲ့ဝိုင္ဖိုင္ေတြမွာဆိုရင္လည္း Password ခံထားတဲ့ ဝိုင္ဖိုင္ေတြကိုသာေ႐ြးသုံးပါ။

(ဝိတ္တာေတြဆီမွာ Password ေတာင္းပါ)အြန္လိုင္းေငြေပးေခ်စနစ္ေတြအသုံးျပဳတဲ့အခါမ်ိဳးမွာ ဝိုင္ဖိုင္အသုံးျပဳၿပီး ေငြလႊဲတာမ်ိဳးလုံးဝမျပဳလုပ္သင့္ပါဘူး။ ဖုန္းထဲမွာ Anti-virus ပ႐ိုဂရမ္တစ္ခုထည့္သြင္းထားတာ အေကာင္းဆုံးပါပဲ။

Credit XYZ News

Unicode

ကိုယ့်ဖုန်း အဟက်ခံထားရပြီဆိုတာ သိနိုင်မယ့် နည်းလမ်းများ

ဖုန်း တစ်လုံးကိုဘယ်လိုနည်းနဲ့ဟက်လို့ရနိုင်လဲ ။ ဖုန်းတစ်လုံးကို ဟက်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ Spy Phone App , Spyzie နဲ့ Spyera အစရှိတဲ့ App တွေကိုအသုံးပြုပြီးတော့ ဟက်နိုင်သလို အင်တာနက်ကဖေးတွေမှာလွှင့်ထားတဲ့ ဖရီးဝိုင်ဖိုင်တွေကတစ်ဆင့်လည်း ဟက်နိုင်ပါသေးတယ်။

ထို့အပြင် SMS Phishing လို့ခေါ်တဲ့ အယောင်ဆောင်စာပို့မှုတွေနဲ့ သုံးစွဲသူဆီကအချက်အလက်တွေကို တောင်းယူကာ ဘဏ်အကောင့် သို့မဟုတ် ဓါတ်ပုံတွေကို ဟက်ယူနိုင်သေးသလို SS7 လို့ခေါ်တဲ့ ကြားဖြတ်ဖုန်းခေါ်ဆိုမှုကိုနားထောင်တဲ့နည်းစနစ်တွေလည်းရှိနေပါသေးတယ်။

ဒီတော့ ကိုယ့်ဖုန်း အဟက်ခံထားရရင်ဘယ်လိုသိနိုင်မလဲ။ ကိုယ်မသိပဲနောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ စပိုင်ပရိုဂရမ်တစ်ခုရှိနေတာကြောင့် ဖုန်းဘတ္ထီရီကုန်တာအရမ်းမြန်လာမယ်။ ဖုန်းမသုံးပဲ ချထားရင်တောင်မှ အလိုအလျောက်ပူလာနေမယ်။ အလိုအလျောက်ပိတ်သွားတာမျိုး ၊အလိုအလျောက်ဖုန်းခေါ်ဆိုတာမျိုးတွေရှိလာမယ်။

Call History မှာ ကိုယ်မသိတဲ့နံပတ်တွေပေါ်နေမယ်။ ပါဝါခလုတ်ဖိထားရင် ဖုန်းပိတ်ရမယ့်အစား အခြား app တွေပွင့်လာမယ် ။ ဖုန်းပြောတဲ့အခါ ဆူညံသံတွေကြားနေရလိမ့်မယ်။ဒါဆိုရင် ကိုယ့်ဖုန်းကိုဘယ်လိုကာကွယ်ရမလဲ။ ကိုယ့်ဖုန်းထဲ SMS က တစ်ဆင့်ဝင်လာတဲ့ အင်တာနက်လိပ်စာလင့်တွေကို ဘယ်တော့မှမနှိပ်ပါနဲ့။

ကိုယ့်ကွန်ပြူတာမဟုတ်တဲ့အခြားကွန်ပြူတာတစ်လုံးမှာတပ်ပြီးအားသွင်းတဲ့အခါ “Only Charging” ကိုပဲရွေးပါ။ “Remember Passwords” ဖန်ရှင်ကိုဘယ်တော့မှမသုံးပါနဲ့။ အခမဲ့ဝိုင်ဖိုင်တွေမှာဆိုရင်လည်း Password ခံထားတဲ့ ဝိုင်ဖိုင်တွေကိုသာရွေးသုံးပါ။

(ဝိတ်တာတွေဆီမှာ Password တောင်းပါ)အွန်လိုင်းငွေပေးချေစနစ်တွေအသုံးပြုတဲ့အခါမျိုးမှာ ဝိုင်ဖိုင်အသုံးပြုပြီး ငွေလွှဲတာမျိုးလုံးဝမပြုလုပ်သင့်ပါဘူး။ ဖုန်းထဲမှာ Anti-virus ပရိုဂရမ်တစ်ခုထည့်သွင်းထားတာ အကောင်းဆုံးပါပဲ။

Credit XYZ News