Zawgyi

ျမန္မာအေရးကို ကမာၻကသိေအာင္ ခ်ျပ‌ေပးႏိုင္ခဲ့လို႔ထိုင္းမီဒီယာမွာပါေဖာ္ျပျခင္းခံရတဲ့ ပက္ထရစ္ရွာနဲ႔ျမတ္ႏိုးေအး

သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေတြျဖစ္ၾကတဲ့ ပက္ထရစ္ရွာနဲ႔ ျမတ္ႏိုးေအးတို႔ႏွစ္ေယာက္ကေတာ့ လူထုလႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြ ပါဝင္ေနၾကတာပဲ ျဖစ္ပါတယ္ ။ သူမတို႔ႏွစ္ေယာက္လုံးက ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ၾကသလို လူမႈကြန္ယက္စာမ်က္ႏွာေတြကတစ္ဆင့္ ကူညီေပးေနတာလည္း ျဖစ္ပါတယ္ ။

အထူးသျဖင့္ ပက္ထရစ္ရွာတို႔ႏွစ္ေယာက္က ကိုယ့္ႏိုင္ငံအတြင္းမွာျဖစ္ေနတဲ့ ကိစၥေတြကို ကမာၻကသိေအာင္ ေျပာျပခဲ့ၾကတာ ျဖစ္ပါတယ္ ။ ပက္ထရစ္ရွာနဲ႔ ျမတ္ႏိုးေအးတို႔က အဂၤလိပ္စကားနဲ႔ ေသေသခ်ာခ်ာေျပာျပၿပီး ႐ိုက္ကူးထားတဲ့ ဗီဒီယိုေတြကို YouTube ,Instagram နဲ႔ Twitter စတဲ့ Social Media ေတြမွာ တင္ခဲ့တာ ျဖစ္ပါတယ္ ။

အခုဆိုရင္ေတာ့ သူမတို႔ရဲ႕ဗီဒီယိုေတြက လူၾကည့္မ်ားၿပီး ထိုင္းႏိုင္ငံရဲ႕မီဒီယာတစ္ခုမွာပါ ေဖာ္ျပျခင္းခံလိုက္ရတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ပက္ထရစ္ရွာက “တစ္ျခား celebrities ေတြလည္း speak up လုပ္ၾကပါ ျပည္ပႏိုင္ငံေတြရဲ႕သတင္းမီဒီယာေတြမွာ ေဖာ္ျပခံရတဲ့အခါ ကိုယ့္ႏိုင္ငံအေရးအတြက္ အေထာက္အကူျပဳပါတယ္” ဆိုၿပီး ေျပာထားတာ ျဖစ္ပါတယ္ ။

ျမတ္ႏိုးေအးကလည္း “ကိုယ့္ႏိုင္ငံမွာခံေနရတဲ့ မတရားခံရမႈအတြက္ ႏိုင္ငံတကာကို ေျပာျပခ်င္တယ္ ဘယ္လိုေျပာရင္ အထိေရာက္ဆုံးျဖစ္မယ္ေတြ ဘာေတြမသိပါဘူး။ ေျပာခ်င္ခဲ့တာပဲသိတယ္။ အဲ့ေတာ့ ကိုယ့္မွာရွိတဲ့ ကိုယ္အားသာတဲ့ platform ကို သုံးၿပီး ေျပာခဲ့တာေတြ ခုလို သူမ်ားႏိုင္ငံ media ေတြမွာ အသိအမွတ္ျပဳခံရေတာ့ ေက်နပ္ပါတယ္။

မေၾကာက္ဘူးလားဆိုေတာ့ ေၾကာက္ပါတယ္ ။ ဒါေပမယ့္ ဘာမွမလုပ္လို႔ လိပ္ျပာမလုံဘဲေနရမွာကို ပိုေၾကာက္ပါတယ္။ အနာဂတ္ေတြမဲ့မွာကို ပိုေၾကာက္ပါတယ္။ အမွန္တရားဘက္မွာ မရပ္တည္ႏိုင္တဲ့ သူတစ္ေယာက္ျဖစ္မွာကို ပိုေၾကာက္ပါတယ္။ ျမတ္ႏိုးကေတာ့ တတ္ႏိုင္တဲ့ဘက္ကေန အမွန္တရားအတြက္ Speak Out လုပ္ေနဦးမွာပါ ။” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

Unicode

မြန်မာအရေးကို ကမ္ဘာကသိအောင် ချပြ‌ပေးနိုင်ခဲ့လို့ထိုင်းမီဒီယာမှာပါဖော်ပြခြင်းခံရတဲ့ ပက်ထရစ်ရှာနဲ့မြတ်နိုးအေး

သရုပ်ဆောင် မင်းသမီးချောတွေဖြစ်ကြတဲ့ ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့နှစ်ယောက်ကတော့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြတာပဲ ဖြစ်ပါတယ် ။ သူမတို့နှစ်ယောက်လုံးက ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသလို လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ကူညီပေးနေတာလည်း ဖြစ်ပါတယ် ။

အထူးသဖြင့် ပက်ထရစ်ရှာတို့နှစ်ယောက်က ကိုယ့်နိုင်ငံအတွင်းမှာဖြစ်နေတဲ့ ကိစ္စတွေကို ကမ္ဘာကသိအောင် ပြောပြခဲ့ကြတာ ဖြစ်ပါတယ် ။ ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့က အင်္ဂလိပ်စကားနဲ့ သေသေချာချာပြောပြပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို YouTube ,Instagram နဲ့ Twitter စတဲ့ Social Media တွေမှာ တင်ခဲ့တာ ဖြစ်ပါတယ် ။

အခုဆိုရင်တော့ သူမတို့ရဲ့ဗီဒီယိုတွေက လူကြည့်များပြီး ထိုင်းနိုင်ငံရဲ့မီဒီယာတစ်ခုမှာပါ ဖော်ပြခြင်းခံလိုက်ရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ပက်ထရစ်ရှာက “တစ်ခြား celebrities တွေလည်း speak up လုပ်ကြပါ ပြည်ပနိုင်ငံတွေရဲ့သတင်းမီဒီယာတွေမှာ ဖော်ပြခံရတဲ့အခါ ကိုယ့်နိုင်ငံအရေးအတွက် အထောက်အကူပြုပါတယ်” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ် ။

မြတ်နိုးအေးကလည်း “ကိုယ့်နိုင်ငံမှာခံနေရတဲ့ မတရားခံရမှုအတွက် နိုင်ငံတကာကို ပြောပြချင်တယ် ဘယ်လိုပြောရင် အထိရောက်ဆုံးဖြစ်မယ်တွေ ဘာတွေမသိပါဘူး။ ပြောချင်ခဲ့တာပဲသိတယ်။ အဲ့တော့ ကိုယ့်မှာရှိတဲ့ ကိုယ်အားသာတဲ့ platform ကို သုံးပြီး ပြောခဲ့တာတွေ ခုလို သူများနိုင်ငံ media တွေမှာ အသိအမှတ်ပြုခံရတော့ ကျေနပ်ပါတယ်။

မကြောက်ဘူးလားဆိုတော့ ကြောက်ပါတယ် ။ ဒါပေမယ့် ဘာမှမလုပ်လို့ လိပ်ပြာမလုံဘဲနေရမှာကို ပိုကြောက်ပါတယ်။ အနာဂတ်တွေမဲ့မှာကို ပိုကြောက်ပါတယ်။ အမှန်တရားဘက်မှာ မရပ်တည်နိုင်တဲ့ သူတစ်ယောက်ဖြစ်မှာကို ပိုကြောက်ပါတယ်။ မြတ်နိုးကတော့ တတ်နိုင်တဲ့ဘက်ကနေ အမှန်တရားအတွက် Speak Out လုပ်နေဦးမှာပါ ။” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။