Zawgyi










Unicode

အိမ်ကထွက်ခါနီး ဇနီးသည်က တားတော့ “ငါမထွက်ရင်ငါ့လိုမထွက်တဲ့သူတွေများသွားရင်ဘယ်လိုလုပ်မလဲတဲ့”

အိမ်ကထွက်ခါနီး ဇနီးသည်က တားတော့ “ငါမထွက်ရင်ငါ့လိုမထွက်တဲ့သူတွေများသွားရင်ဘယ်လိုလုပ်မလဲတဲ့”

နင်သေရင် ဗိုက်ထဲက ကလေးလေးကို မမွေးပေးဖူးနော်လို့ စိတ်ဆိုးတော့ ဇနီးသည်ကိုချော့မော့ပြီး ရအောင်ထွက်ခဲ့တယ်။

အမေ့ဆီကလဲ မုန့်ဖိုး ၁၀၀၀တောင်းတော့ အမေကလဲ စိတ်မချလို့ သံပုရာသီး တစ်လုံး လွယ်အိတ်လေးထဲ အဆောင်သဘောမျိုး ထည့်ပေးလိုက်သေးတယ်။

၂နှစ်အရွယ် သမီးလေးကိုပွေ့ချီ နဖူးလေးကိုနမ်းပြီး အဖေပြန်လာမယ်နော်ဆိုကာ အိမ်ကနေထွက်ခဲ့တယ်။

ဒါပေမယ့် သူဒီနေ့ ပြန်မလာနိုင်ခဲ့ဘူး.. အိမ်ပြန်အလာ မျော်နေတဲ့ ချစ်ဇနီး၊သမီးလေးနဲ့ မွေးအမေ တို့ကို အပြီးတိုင်နှုတ်ဆက်သွားခဲ့ပြီ။

သူတို့ပစ်လိုက်တဲ့ကျည်ဆံတတောင့်ဟာ လူကိုသတ်ပစ်နိုင်ရုံတင်မဟုတ်ဘူး ကျန်ရစ်တဲ့သူတွေရဲ့ အသည်းပေါင်းများစွာကိုလဲ ကြေမွပျက်ကြွေသည်အထိ ခွဲပစ်နိုင်သေးတယ်ဆိုတာ မသိကြလေရော့လား..

ဘာမှ မတော် ဘဲ ငိုရမယ် ဆိုတာ မတွေးထားဘူး ထပ်တူ ငိုရပါတယ် ညီမလေးရယ် 😭😭😭😭😭 ရင်တွေ နာရပါတယ်

အာဏာရှင်အလိုမရှိ သူတို့ အာဏာရူးတာ ဘာလက်နက် မှမရှိတဲ့ ပြည်သူတွေသေရတယ် ဘယ်လောက်တွေ သေပေးရအုံးမှာလဲ တော်ကြပါတော့ 😭🙏🙏🙏