Tue. Dec 7th, 2021

Zawgyi

ျမန္မာစစ္တပ္ပိုင္ Mytel ကုမၸဏီရဲ႕ေၾကာ္ျငာေတြကို Viber ယာယီရပ္ဆိုင္း

ျမန္မာစစ္တပ္ပိုင္ Mytel ရဲ႕ ေၾကာ္ျငာေတြအတြက္ ဝန္ေဆာင္ေပးေနတဲ့ဆိုတဲ့ သတင္းေတြ ထြက္လာၿပီးေနာက္ ဂ်ပန္ကုမၸဏီျဖစ္တဲ့ Viber က Mytel ရဲ႕ ေၾကာ္ျငာေတြကို ယာယီရပ္ဆိုင္းမယ့္အေၾကာင္း ဒီကေန႔ ေၾကညာလိုက္ပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး Mytel ကုမၸဏီအေနနဲ႔

သူတို႔ရဲ႕ ေၾကာ္ျငာလုပ္ငန္းေတြကို Viber ကုမၸဏီရဲ႕ စည္းကမ္းခ်က္ေတြနဲ႔အညီ လိုက္နာေဆာင္႐ြက္ျခင္း ရွိ – မရွိ စုံစမ္းေနဆဲကာလျဖစ္တဲ့အတြက္ ဒီကာလမွာ Mytel ရဲ႕ ေၾကာ္ျငာေတြကို ယာယီရပ္ဆိုင္းမယ္လို႔ Viber က သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေရးသားထားတာပါ။ Justice for Myanmar ကေန Viber နဲ႔ Google ကုမၸဏီေတြက

ျမန္မာစစ္တပ္ပိုင္စီးပြားေရးလုပ္ငန္းျဖစ္တဲ့ Mytel ကုမၸဏီရဲ႕ ေၾကာ္ျငာေတြကို ဝန္ေဆာင္မႈေပးေနတဲ့အေၾကာင္း ဒီကေန႔မွာ ေျပာဆိုခဲ့ပါတယ္။ အေမရိကန္ကုမၸဏီျဖစ္တဲ့ Google ကေတာ့ – Mytel ရဲ႕ ေၾကာ္ျငာေတြကို ျပန္စိစစ္မယ္လို႔ ဒီကေန႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း – Google ကုမၸဏီကေန

စစ္တပ္နဲ႔ပတ္သက္တဲ့ Gmail အေကာင့္ေတြကို ပိတ္ခဲ့သလို၊ Youtube ကို အသုံးျပဳၿပီး ျမန္မာစစ္တပ္နဲ႔ဆက္ႏြယ္တဲ့ ျမဝတီနဲ႔ MRTV ႐ုပ္သံလိုင္းေတြရဲ႕ ထုတ္လႊင့္ခ်က္ေတြကိုလည္း ပိတ္ပစ္ခဲ့ပါတယ္။

Unicode

မြန်မာစစ်တပ်ပိုင် Mytel ကုမ္ပဏီရဲ့ကြော်ငြာတွေကို Viber ယာယီရပ်ဆိုင်း

မြန်မာစစ်တပ်ပိုင် Mytel ရဲ့ ကြော်ငြာတွေအတွက် ဝန်ဆောင်ပေးနေတဲ့ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ဂျပန်ကုမ္ပဏီဖြစ်တဲ့ Viber က Mytel ရဲ့ ကြော်ငြာတွေကို ယာယီရပ်ဆိုင်းမယ့်အကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး Mytel ကုမ္ပဏီအနေနဲ့

သူတို့ရဲ့ ကြော်ငြာလုပ်ငန်းတွေကို Viber ကုမ္ပဏီရဲ့ စည်းကမ်းချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ – မရှိ စုံစမ်းနေဆဲကာလဖြစ်တဲ့အတွက် ဒီကာလမှာ Mytel ရဲ့ ကြော်ငြာတွေကို ယာယီရပ်ဆိုင်းမယ်လို့ Viber က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားထားတာပါ။ Justice for Myanmar ကနေ Viber နဲ့ Google ကုမ္ပဏီတွေက

မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Mytel ကုမ္ပဏီရဲ့ ကြော်ငြာတွေကို ဝန်ဆောင်မှုပေးနေတဲ့အကြောင်း ဒီကနေ့မှာ ပြောဆိုခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီဖြစ်တဲ့ Google ကတော့ – Mytel ရဲ့ ကြော်ငြာတွေကို ပြန်စိစစ်မယ်လို့ ဒီကနေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း – Google ကုမ္ပဏီကနေ

စစ်တပ်နဲ့ပတ်သက်တဲ့ Gmail အကောင့်တွေကို ပိတ်ခဲ့သလို၊ Youtube ကို အသုံးပြုပြီး မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ မြဝတီနဲ့ MRTV ရုပ်သံလိုင်းတွေရဲ့ ထုတ်လွှင့်ချက်တွေကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။