Zawgyi

ေဖေဖာ္ဝါရီလ ၁ရက္ေန႔ကတည္းက ေျပာင္းလဲခဲ့တဲ့ ႏိုင္ငံေရးအေျခအေနေတြမွာ ျပည္သူလူထုနဲ႔အတူ တစ္သားတည္း ရပ္တည္ခဲ့တဲ့ အႏုပညာရွင္ေတြထဲမွာ အဆိုေတာ္ ေကာ္နီကလည္း တစ္ေယာက္အပါအဝင္ပါ။ ဒါ့အျပင္ ေကာ္နီက ျပည္သူေတြနဲ႔အတူ ေနပူထဲမွာ အပင္ပန္းခံကာ လူထုလႈပ္ရွားမႈမွာလည္း တစ္ေထာင့္တစ္ေနရာကေန ပါဝင္ခဲ့ပါေသးတယ္။ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြကိုလည္း သူမရဲ႕ ေဖ့ဘြတ္စာမ်က္ႏွာထက္မွာ တင္ေပးေလ့ရွိတာျဖစ္ပါတယ္။

ယေန႔မွာလည္း အဆိုေတာ္ ေကာ္နီက မ်က္စိေရွ႕မွာ ျမင္ေတြ႕ေနရတဲ့ မတရားမႈေတြကို ၿငိမ္မခံႏိုင္ေတာ့ပဲ လူမႈကြန္ယက္ ဆိုရွယ္မီဒီယာထက္မွာ စာသားအခ်ိဳ႕ေရးသားတင္ေပးလာခဲ့ပါတယ္။ ဒါကေတာ့ ” လူ႔ေလာကမွာ,လူ႔ပတ္ဝန္းက်င္မွာ လိုက္နာရမယ့္က်င့္ဝတ္ေတြ, ေစာင့္ထိန္းရမယ့္ေလာကနိယာမတရားေတြကို မသိၾကေတာ့ဘူးလား ရွင္တို႔,ကိုယ္ပိုက္ဆံေပးငွားထားတဲ့ အိမ္ကူ, အလုပ္သမားကိုေတာင္, လူ႔က်င့္ဝတ္နဲ႔အညီပဲ ေျပာခြင့္ခိုင္းခြင့္, ရွိၾကေတာ့တဲ့ …

အခုေခတ္ႀကီးထဲမွာ,လက္နက္မဲ့ျပည္သူကို, လက္နက္နဲ႔ခ်ိန္းေျခာက္,ေသနတ္နဲခ်ိန္တာ ေသေအာင္ပစ္သတ္ေနၾကတာ,​ရက္ရက္စက္စက္႐ိုက္ႏွက္ခံေနၾကရတာေတြ,​ဒီလိုဥပေဒမဲ့လုပ္ရပ္ေတြကို ၿငိမ္ခံၾကရမယ့္,ေခတ္မို႔လို႔လား ” ဆိုတဲ့ စာသားေတြပဲ ျဖစ္လို႔ ပရိသတ္ေတြထံ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။ အခုလို အေျခအေနမ်ိဳးမွာ ျပည္သူေတြနဲ႔အတူ တစ္သားတည္း ရွိေနခဲ့တဲ့ အဆိုေတာ္ေကာ္နီ အတြက္လည္း ပရိသတ္ေတြက ေကာမန္႔မွာ အားေပးစကားေတြေျပာေပးခဲ့ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

Unicode

ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူလူထုနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ကော်နီကလည်း တစ်ယောက်အပါအဝင်ပါ။ ဒါ့အပြင် ကော်နီက ပြည်သူတွေနဲ့အတူ နေပူထဲမှာ အပင်ပန်းခံကာ လူထုလှုပ်ရှားမှုမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ပါသေးတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း သူမရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတာဖြစ်ပါတယ်။

ယနေ့မှာလည်း အဆိုတော် ကော်နီက မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ မတရားမှုတွေကို ငြိမ်မခံနိုင်တော့ပဲ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ စာသားအချို့ရေးသားတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ ” လူ့လောကမှာ,လူ့ပတ်ဝန်းကျင်မှာ လိုက်နာရမယ့်ကျင့်ဝတ်တွေ, စောင့်ထိန်းရမယ့်လောကနိယာမတရားတွေကို မသိကြတော့ဘူးလား ရှင်တို့,ကိုယ်ပိုက်ဆံပေးငှားထားတဲ့ အိမ်ကူ, အလုပ်သမားကိုတောင်, လူ့ကျင့်ဝတ်နဲ့အညီပဲ ပြောခွင့်ခိုင်းခွင့်, ရှိကြတော့တဲ့ …

အခုခေတ်ကြီးထဲမှာ,လက်နက်မဲ့ပြည်သူကို, လက်နက်နဲ့ချိန်းခြောက်,သေနတ်နဲချိန်တာ သေအောင်ပစ်သတ်နေကြတာ,​ရက်ရက်စက်စက်ရိုက်နှက်ခံနေကြရတာတွေ,​ဒီလိုဥပဒေမဲ့လုပ်ရပ်တွေကို ငြိမ်ခံကြရမယ့်,ခေတ်မို့လို့လား ” ဆိုတဲ့ စာသားတွေပဲ ဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အခုလို အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရှိနေခဲ့တဲ့ အဆိုတော်ကော်နီ အတွက်လည်း ပရိသတ်တွေက ကောမန့်မှာ အားပေးစကားတွေပြောပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်။