Mon. Nov 29th, 2021

Zawgyi

ပရိသတ္ႀကီးေရ.. အႏုပညာေလာကမွာေအာင္ျမင္မႈေတြအခိုင္အမာရရွိထားၿပီး သ႐ုပ္ေဆာင္ပိုင္ႏိုင္မႈေတြေၾကာင့္ ယေန႔အခ်ိန္ထိ ပရိသတ္ေတြရဲ႕လက္ခံအားေပးမႈေတြကို ရရွိထားသူေတြထဲမွာ သ႐ုပ္ေဆာင္မင္းသမီးျမတ္ေကသီေအာင္ကလည္း အပါအဝင္ပါပဲ..။

ျမတ္ေကသီေအာင္ကေတာ့ ေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္အျဖစ္ရပ္တည္ေနသလို လက္ရွိအေျခအေနေတြနဲ႔ပတ္သက္ၿပီးေတာ့လည္း ျပည္သူပရိသတ္ေတြအားလုံးနဲ႔အတူ တစ္သားတည္းရပ္တည္ေနတာလည္း ေတြ႕ရပါတယ္..။

ေဖေဖာ္ဝါရီ(၁)ရက္ေန႔ကတည္းက ခိုင္မာျပတ္သားတဲ့ယုံၾကည္ခ်က္ေတြနဲ႔အတူ ျပည္သူေတြနဲ႔ရပ္တည္ေနတဲ့ ျမတ္ေကသီေအာင္ကေတာ့ ဒီကေန႔ေလးမွာ ၿဖိဳခြင္းမႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ေျမာက္ဥကၠလာကျပည္သူေတြအတြက္ ဝမ္းနည္းစိတ္မေကာင္းျဖစ္လို႔ ေနပါတယ္..။

ဘယ္ၿမိဳ႕ထိထိႂကြေပးခဲ့တဲ့ေျမာက္ဥကၠလာကို ဘာမွမလုပ္ေပးၾကေတာ့ဘူးလားဆိုၿပီး ၿဖိဳခြင္းမႈေတြကို အလူးအလဲရင္ဆိုင္ေနရတဲ့ ေျမာက္ဥကၠလာအတြက္ယူႀကဳံးမရဝမ္းနည္းစြာနဲ႔ ပရိသတ္ေတြကိုေတာင္းဆိုစကားေလးဆိုလိုက္တာပဲ ျဖစ္ပါတယ္..။

“က်မတို႔ေျမာက္ဥကၠလာကိုဘာမွမလုပ္ေပးေတာ့ဘူးလားရွင္😔 ဘယ္ၿမိဳ႕ထိထိႂကြေပးခဲ့တာ ေျမာက္ဥကၠလာထိပ္ဆုံးကပါ😔 အခု300နီးပါးပါသြားတာက်မတို႔လူငယ္ေတြပါ က်မတို႔ေက်ာင္းသားေတြပါရွင္😔 ရန္ကုန္တၿမိဳ႕လုံးကူညီေပးၾကပါ

ေတာင္းပန္ပါတယ္🙏🙏🙏🙏..” ဆိုၿပီး ဝမ္းနည္းစြာ ေရးသားထားတာပါ..။ အဲ့ဒီပို႔စ္ရဲ႕ေအာက္မွာေတာ့ ပရိသတ္ေတြအားလုံးကလည္း ေျမာက္ဥကၠလာအတြက္ ယူႀကဳံးမရစိတ္မေကာင္းျဖစ္ၾကရၿပီး အားလုံးကို ဝိုင္းဝန္းကူညီၾကဖို႔ တိုက္တြန္းေျပာထားၾကတာလည္း ေတြ႕ရပါတယ္..။

သတင္းအရင္းျမစ္: Myat Kay Thi Aung’s Fb Acc

Unicode

ပရိသတ်ကြီးရေ.. အနုပညာလောကမှာအောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ယနေ့အချိန်ထိ ပရိသတ်တွေရဲ့လက်ခံအားပေးမှုတွေကို ရရှိထားသူတွေထဲမှာ သရုပ်ဆောင်မင်းသမီးမြတ်ကေသီအောင်ကလည်း အပါအဝင်ပါပဲ..။

မြတ်ကေသီအောင်ကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေသလို လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူပရိသတ်တွေအားလုံးနဲ့အတူ တစ်သားတည်းရပ်တည်နေတာလည်း တွေ့ရပါတယ်..။

ဖေဖော်ဝါရီ(၁)ရက်နေ့ကတည်းက ခိုင်မာပြတ်သားတဲ့ယုံကြည်ချက်တွေနဲ့အတူ ပြည်သူတွေနဲ့ရပ်တည်နေတဲ့ မြတ်ကေသီအောင်ကတော့ ဒီကနေ့လေးမှာ ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ဥက္ကလာကပြည်သူတွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်လို့ နေပါတယ်..။

ဘယ်မြို့ထိထိကြွပေးခဲ့တဲ့မြောက်ဥက္ကလာကို ဘာမှမလုပ်ပေးကြတော့ဘူးလားဆိုပြီး ဖြိုခွင်းမှုတွေကို အလူးအလဲရင်ဆိုင်နေရတဲ့ မြောက်ဥက္ကလာအတွက်ယူကြုံးမရဝမ်းနည်းစွာနဲ့ ပရိသတ်တွေကိုတောင်းဆိုစကားလေးဆိုလိုက်တာပဲ ဖြစ်ပါတယ်..။

“ကျမတို့မြောက်ဥက္ကလာကိုဘာမှမလုပ်ပေးတော့ဘူးလားရှင်😔 ဘယ်မြို့ထိထိကြွပေးခဲ့တာ မြောက်ဥက္ကလာထိပ်ဆုံးကပါ😔 အခု300နီးပါးပါသွားတာကျမတို့လူငယ်တွေပါ ကျမတို့ကျောင်းသားတွေပါရှင်😔 ရန်ကုန်တမြို့လုံးကူညီပေးကြပါ

တောင်းပန်ပါတယ်🙏🙏🙏🙏..” ဆိုပြီး ဝမ်းနည်းစွာ ရေးသားထားတာပါ..။ အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း မြောက်ဥက္ကလာအတွက် ယူကြုံးမရစိတ်မကောင်းဖြစ်ကြရပြီး အားလုံးကို ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းပြောထားကြတာလည်း တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Myat Kay Thi Aung’s Fb Acc