Mon. Nov 29th, 2021

Zawgyi

ယခင္က ထိုကာလႏိုင္ငံေတာ္အႀကီးအကဲဟု သတ္မွတ္ခဲ့ေသာဦးေနဝင္းနန္းက်မႈ ႏွင့္ အထိမ္းသိမ္းခံ ရမႈျဖစ္စဥ္ ျဖစ္ပြားခဲ့နကၡတ္လျပည့္ခ်ိန္ အဂၤါၿဂိဳဟ္ ရာဟု အရိပ္မည္း ဖုံးလႊမ္း မယ္လို႔ ဦးေဇယ်ာကို (နကၡတ္ဥယ်ာဥ္) က ေဟာၾကားထားပါတယ္။

“လာမည့္ ၂၀၂၁ခုႏွစ္၊ မတ္လ ၂၉ ရက္ ၊ တနလၤာေန႔ နကၡတ္လျပည့္ခ်ိန္ နံနက္ ၁ နာရီ ၁၈ မိနစ္တြင္ အဂၤါႏွင့္ ရာဟုၿဂိဳဟ္မ်ား ဒီဂရီတိက်စြာ ပူးယွဥ္ၾကမည္။

ထိုပူးယွဥ္မႈမွာ ျမန္မာ့အေရး ကိစၥတို႔ အတြက္ မ်ားစြာ လႊမ္းမိုးပတ္သက္ လာႏိုင္ေပသည္။ (၁၈) ႏွစ္ တစ္ႀကိမ္ခန႔္ ပူးယွဥ္ႏိုင္သည္။

အနီးဆုံး ၂၀၀၂ ခုႏွစ္ ၊ ေမလ ၁၂ ရက္ ၊ တနဂၤေႏြေန႔၊ နကၡတ္လကြယ္ခ်ိန္တြင္ ပူးယွဥ္ခဲ့သည္။ လက္ရွိ ပူးယွဥ္ေသာ ၿပိသရာသီပင္ျဖစ္၏။

ထိုကာလ အနီးနားတြင္ ဦးေနဝင္း မိသားစုမ်ားႏွင့္ ပတ္သက္သည့္ ႏိုင္ငံေတာ္ ပဋိပကၡျပသနာ ေပၚထြန္းျခင္း၊ တစ္နည္းအားျဖင့္ ႏိုင္ငံေတာ္ အႀကီးအကဲဟု သတ္မွတ္ ခဲ့ေသာ ဦးေနဝင္း နန္းက်မႈႏွင့္ အထိမ္းသိမ္းခံ ရမႈျဖစ္စဥ္၊ ထိုင္းႏွင့္ျမန္မာ နယ္စပ္စစ္ေရး ပဋိပကၡျပသနာ

တင္းမားမႈျဖစ္စဥ္ႏွင့္ စစ္ပြဲမ်ားစြာ ဖန္တီးခဲ့ရမႈ အျဖစ္ အပ်က္မ်ား ေပၚေပါက္ ခဲ့ပါသည္။ လက္ရွိ ျမန္မာ တေပါင္း လဆုတ္ ၂ ရက္ မတ္လ ၂၉ ရက္ ၊ တနလၤာေန႔တြင္ ျဖစ္ေပၚ ပါမည္ ” လို႔ ဆိုထားပါတယ္။

အဂၤါၿဂိဳဟ္မွာ ျမန္မာ့လြတ္လပ္ေရး ဇာတာအရ ၿဗိစာၦလဂ္သခင္ျဖစ္ျခင္း၊လြတ္လပ္ေရးရယူစဥ္ အားအေကာင္းဆုံး မြန္းတည့္ေကာင္းကင္တြင္ ေနရာခ်ပုံေဖာ္ခဲ့ျခင္းေၾကာင့္ျမန္မာ့ အသက္ေသြးေၾကာ ၿဂိဳဟ္တစ္လုံး ျဖစ္တယ္လို႔ လည္းသိရပါတယ္။

အျဖစ္အပ်က္မ်ားမွာ အဂၤါႏွင့္ရာဟု နီးကပ္လာသည္ႏွင့္ အမွ်ပိုမို သိသာ ထင္ရွား လာႏိုင္ေပသည္။ ၿဂိဳဟ္နီ အဂၤါအား ရာဟုၾကတ္ေသာ ျဖစ္စဥ္ျဖစ္သည္။ အဂၤါ၏ လတၱီတြဒ္ တည္ေနရာ ေျမာက္လတၱီတြဒ္ ၂၄ ဒီဂရီ ၀၂ မိနစ္ျဖစ္သျဖင့္ အဂၤါ ၿဂိဳဟ္ ျမန္မာႏိုင္ငံ ေ႐ႊဘိုၿမိဳ႕ေပၚမွ ျဖတ္သန္းေနခ်ိန္ ျဖစ္သည္ ။

ထိုေန႔ရက္ အနီးနားတြင္ ျမန္မာျပည္အတြက္ ထူးျခားသည့္ ေျပာင္းလဲမႈမ်ား ေပၚေပါက္လာမည္။ ႏိုင္ငံေရး ရႈပ္ေထြးမႈ ပဋိပကၡျဖစ္စဥ္မ်ား၊ ေၾကကြဲ ဝမ္းနည္းဖြယ္ျဖစ္စဥ္ အမ်ားအျပားေပၚေပါက္လာႏိုင္သည္။ တန္ခူးလ ကုန္ဆုံးၿပီးခ်ိန္ ဧၿပီလ ကုန္ေနာက္ပိုင္းမွသာ ႏိုင္ငံေရး တည္ၿငိမ္ ေအးခ်မ္းမႈမ်ား ျပန္လည္ ရယူႏိုင္မည္”လို႔ ဦးေဇယ်ာကိုက ဆိုထားပါတယ္။

Credit

Unicode

ယခင်က ထိုကာလနိုင်ငံတော်အကြီးအကဲဟု သတ်မှတ်ခဲ့သောဦးနေဝင်းနန်းကျမှု နှင့် အထိမ်းသိမ်းခံ ရမှုဖြစ်စဉ် ဖြစ်ပွားခဲ့နက္ခတ်လပြည့်ချိန် အင်္ဂါဂြိုဟ် ရာဟု အရိပ်မည်း ဖုံးလွှမ်း မယ်လို့ ဦးဇေယျာကို (နက္ခတ်ဥယျာဉ်) က ဟောကြားထားပါတယ်။

“လာမည့် ၂၀၂၁ခုနှစ်၊ မတ်လ ၂၉ ရက် ၊ တနင်္လာနေ့ နက္ခတ်လပြည့်ချိန် နံနက် ၁ နာရီ ၁၈ မိနစ်တွင် အင်္ဂါနှင့် ရာဟုဂြိုဟ်များ ဒီဂရီတိကျစွာ ပူးယှဉ်ကြမည်။

ထိုပူးယှဉ်မှုမှာ မြန်မာ့အရေး ကိစ္စတို့ အတွက် များစွာ လွှမ်းမိုးပတ်သက် လာနိုင်ပေသည်။ (၁၈) နှစ် တစ်ကြိမ်ခန့် ပူးယှဉ်နိုင်သည်။

အနီးဆုံး ၂၀၀၂ ခုနှစ် ၊ မေလ ၁၂ ရက် ၊ တနင်္ဂနွေနေ့၊ နက္ခတ်လကွယ်ချိန်တွင် ပူးယှဉ်ခဲ့သည်။ လက်ရှိ ပူးယှဉ်သော ပြိသရာသီပင်ဖြစ်၏။

ထိုကာလ အနီးနားတွင် ဦးနေဝင်း မိသားစုများနှင့် ပတ်သက်သည့် နိုင်ငံတော် ပဋိပက္ခပြသနာ ပေါ်ထွန်းခြင်း၊ တစ်နည်းအားဖြင့် နိုင်ငံတော် အကြီးအကဲဟု သတ်မှတ် ခဲ့သော ဦးနေဝင်း နန်းကျမှုနှင့် အထိမ်းသိမ်းခံ ရမှုဖြစ်စဉ်၊ ထိုင်းနှင့်မြန်မာ နယ်စပ်စစ်ရေး ပဋိပက္ခပြသနာ တင်းမားမှုဖြစ်စဉ်နှင့်

စစ်ပွဲများစွာ ဖန်တီးခဲ့ရမှု အဖြစ် အပျက်များ ပေါ်ပေါက် ခဲ့ပါသည်။ လက်ရှိ မြန်မာ တပေါင်း လဆုတ် ၂ ရက် မတ်လ ၂၉ ရက် ၊ တနင်္လာနေ့တွင် ဖြစ်ပေါ် ပါမည် ” လို့ ဆိုထားပါတယ်။

အင်္ဂါဂြိုဟ်မှာ မြန်မာ့လွတ်လပ်ရေး ဇာတာအရ ဗြိစ္ဆာလဂ်သခင်ဖြစ်ခြင်း၊လွတ်လပ်ရေးရယူစဉ် အားအကောင်းဆုံး မွန်းတည့်ကောင်းကင်တွင် နေရာချပုံဖော်ခဲ့ခြင်းကြောင့်မြန်မာ့ အသက်သွေးကြော ဂြိုဟ်တစ်လုံး ဖြစ်တယ်လို့ လည်းသိရပါတယ်။

အဖြစ်အပျက်များမှာ အင်္ဂါနှင့်ရာဟု နီးကပ်လာသည်နှင့် အမျှပိုမို သိသာ ထင်ရှား လာနိုင်ပေသည်။ ဂြိုဟ်နီ အင်္ဂါအား ရာဟုကြတ်သော ဖြစ်စဉ်ဖြစ်သည်။ အင်္ဂါ၏ လတ္တီတွဒ် တည်နေရာ မြောက်လတ္တီတွဒ် ၂၄ ဒီဂရီ ၀၂ မိနစ်ဖြစ်သဖြင့် အင်္ဂါ ဂြိုဟ် မြန်မာနိုင်ငံ ရွှေဘိုမြို့ပေါ်မှ ဖြတ်သန်းနေချိန် ဖြစ်သည် ။

ထိုနေ့ရက် အနီးနားတွင် မြန်မာပြည်အတွက် ထူးခြားသည့် ပြောင်းလဲမှုများ ပေါ်ပေါက်လာမည်။ နိုင်ငံရေး ရှုပ်ထွေးမှု ပဋိပက္ခဖြစ်စဉ်များ၊ ကြေကွဲ ဝမ်းနည်းဖွယ်ဖြစ်စဉ် အများအပြားပေါ်ပေါက်လာနိုင်သည်။ တန်ခူးလ ကုန်ဆုံးပြီးချိန် ဧပြီလ ကုန်နောက်ပိုင်းမှသာ နိုင်ငံရေး တည်ငြိမ် အေးချမ်းမှုများ ပြန်လည် ရယူနိုင်မည်”လို့ ဦးဇေယျာကိုက ဆိုထားပါတယ်။

Credit