Mon. Nov 29th, 2021

Zawgyi

ေရွးျမန္မာလူမ်ိဳးေတြကေတာ့ ထုံးတမ္းအစဥ္အလာေတြကို အရမ္းတန္ဖိုထားၾကၿပီး အယူဝါဒအမ်ိဳးမ်ိဳးကိုလည္းေသခ်ာလိုက္နာ က်င့္သုံးၾကတာျဖစ္ပါတယ္။ေရွးယခင္တုန္းကဆိုရင္ ေယာက်ာ္းေတြက မိန္းမေတြထက္ ဘုန္းကံပိုရွိတယ္ဆိုတဲ့ အယူအဆေတြရွိခဲ့လို႔ မိန္းမေတြက သားေလးေမြးရင္ ပိုျမတ္တယ္လို႔ ထင္ျမင္ၾကတာျဖစ္ပါတယ္။

အခုေခတ္လူငယ္ေတြၾကားထဲမွာေတာ့ အဲ့ဒီအယူအဆေတြက သိပ္မရွိေတာ့ဘဲ မိန္းမသားေတြကလည္း ေယာက္်ားေတြနဲ႔ ရင္ေဘာင္တန္းၿပီး အရာအားလုံးကို စြမ္းေဆာင္ေနႏိုင္ၾကၿပီပဲျဖစ္ပါတယ္။ လတ္တေလာအေျခအေနေတြမွာဆိုရင္လည္း ျပည္သူလူထုက လူထုလႈပ္ရွားမႈေတြအဆင္ေျပေခ်ာေမြ႕ဖို႔အတြက္ေနရာတိုင္းမွာ

အတားအဆီးေတြ ေသခ်ာျပင္ဆင္ၾကတာျဖစ္ပါတယ္။အခုရက္ပိုင္းအတြင္းမွာဆိုရင္လည္းျပည္သူလူထုက ထဘီေတြနဲ႔ အမ်ိဳးသမီးအသုံးအေဆာင္ပစၥည္းတခ်ိဳ႕ကို ႀကိဳးတန္းေပၚမွာ ခ်ိတ္ဆြဲၿပီးအတားအဆီးေတြျပဳလုပ္ၾကတာျဖစ္ပါတယ္။မိန္းမထဘီတန္းေအာက္ျဖတ္မိရင္ ေယာက္်ားေလးေတြဘုန္းနိမ့္တယ္ဆိုတဲ့ အယူအဆေၾကာင့္

ဒီလိုအတားအဆီးမ်ိဳးကို ျပည္သူေတြဘက္က ျပင္ဆင္လိုက္တာပဲျဖစ္ပါတယ္။ မေန႔ကဆိုရင္ International Women’s Day လည္းျဖစ္တာေၾကာင့္ ေယာက္်ားသားတခ်ိဳ႕ကေတာ့ ေခါင္းမွာ ထဘီေပါင္းၿပီး ဂုဏ္ျပဳႀကိဳဆိုလိုက္တာပဲျဖစ္ပါတယ္။ေယာက္်ားေလးတစ္ေယာက္ရဲ႕ ဘုန္းတန္ခိုးဆိုတာ အဝတ္စတစ္စက လာတာမဟုတ္ေၾကာင္းကို ဒီေယာက္်ားေလးေတြက

မီးေမာင္းထိုးျပလိုက္ၾကတာျဖစ္ပါတယ္။အခုေခတ္လူငယ္ေလးေတြရဲ႕ စိတ္အတြင္းမွာ က်ား၊မ တန္းတူရည္တူ ဆက္ဆံတာေၾကာင့္ ေနာင္အနာဂတ္မွာေတာ့ ျမန္မာျပည္ႀကီးက ေခတ္မီလူ႔ေဘာင္ဝန္းက်င္အသစ္တစ္ခု ျဖစ္လာႏိုင္ပါတယ္။ဒါ့ေၾကာင့္ အခုလိုမ်ိဳး ေခါင္းမွာ ထဘီေပါင္းတဲ့အျပင္ ခႏၶာကိုယ္ေပၚမွာပါ ၿခဳံလႊားၾကတဲ့ လူငယ္ေတြရဲ႕ ေလးစားစရာပုံရိပ္ေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Unicode

ရှေးမြန်မာလူမျိုးတွေကတော့ ထုံးတမ်းအစဉ်အလာတွေကို အရမ်းတန်ဖိုထားကြပြီး အယူဝါဒအမျိုးမျိုးကိုလည်းသေချာလိုက်နာ ကျင့်သုံးကြတာဖြစ်ပါတယ်။ရှေးယခင်တုန်းကဆိုရင် ယောကျာ်းတွေက မိန်းမတွေထက် ဘုန်းကံပိုရှိတယ်ဆိုတဲ့ အယူအဆတွေရှိခဲ့လို့ မိန်းမတွေက သားလေးမွေးရင် ပိုမြတ်တယ်လို့ ထင်မြင်ကြတာဖြစ်ပါတယ်။

အခုခေတ်လူငယ်တွေကြားထဲမှာတော့ အဲ့ဒီအယူအဆတွေက သိပ်မရှိတော့ဘဲ မိန်းမသားတွေကလည်း ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး အရာအားလုံးကို စွမ်းဆောင်နေနိုင်ကြပြီပဲဖြစ်ပါတယ်။ လတ်တလောအခြေအနေတွေမှာဆိုရင်လည်း ပြည်သူလူထုက လူထုလှုပ်ရှားမှုတွေအဆင်ပြေချောမွေ့ဖို့အတွက်နေရာတိုင်းမှာ အတားအဆီးတွေ သေချာပြင်ဆင်ကြတာဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်းမှာဆိုရင်လည်းပြည်သူလူထုက ထဘီတွေနဲ့ အမျိုးသမီးအသုံးအဆောင်ပစ္စည်းတချို့ကို ကြိုးတန်းပေါ်မှာ ချိတ်ဆွဲပြီးအတားအဆီးတွေပြုလုပ်ကြတာဖြစ်ပါတယ်။မိန်းမထဘီတန်းအောက်ဖြတ်မိရင် ယောက်ျားလေးတွေဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆကြောင့် ဒီလိုအတားအဆီးမျိုးကို ပြည်သူတွေဘက်က ပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်။

မနေ့ကဆိုရင် International Women’s Day လည်းဖြစ်တာကြောင့် ယောက်ျားသားတချို့ကတော့ ခေါင်းမှာ ထဘီပေါင်းပြီး ဂုဏ်ပြုကြိုဆိုလိုက်တာပဲဖြစ်ပါတယ်။ယောက်ျားလေးတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အဝတ်စတစ်စက လာတာမဟုတ်ကြောင်းကို ဒီယောက်ျားလေးတွေက မီးမောင်းထိုးပြလိုက်ကြတာဖြစ်ပါတယ်။

အခုခေတ်လူငယ်လေးတွေရဲ့ စိတ်အတွင်းမှာ ကျား၊မ တန်းတူရည်တူ ဆက်ဆံတာကြောင့် နောင်အနာဂတ်မှာတော့ မြန်မာပြည်ကြီးက ခေတ်မီလူ့ဘောင်ဝန်းကျင်အသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ဒါ့ကြောင့် အခုလိုမျိုး ခေါင်းမှာ ထဘီပေါင်းတဲ့အပြင် ခန္ဓာကိုယ်ပေါ်မှာပါ ခြုံလွှားကြတဲ့ လူငယ်တွေရဲ့ လေးစားစရာပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။