ဗိုလ်ချုပ်အောင်ဆန်းနဲ့ စိတ်အားထက်သန်ပုံ လုပ်ဆောင်နေပုံ တော်တော်တူတယ့် ဒေါက်တာဆာဆာ (စကားပြော ပြတ်သားတာ ရိုးသားတာ အလုပ်ကြိုးစားတာနဲ့ တမျိုးသားလုံးအတွက်ဆိုတဲ့ တိုင်းပြည်ချစ်စိတ်က ဗိုလ်ချုပ်အောင်ဆန်းအလားပဲ) ဒေါက်တာဆာဆာ နဲ့ ဗိုလ်ချုပ်အောင်ဆန်း စိတ်အား ထက်သန်ပုံနဲ့ လုပ်ဆောင်နေတဲ့ Patterns လေးတွေ

နည်းနည်းလေး ကနေတော်တော်လေးကို ဆင်နေတာတွေကို တွေ့လာရတယ်။ ဒေါက်တာဆာဆာ့ဆီမှာ သူများခိုင်းလို့ လုပ်တယ် ဆိုတာမျိုးထက် .. မြန်မာပြည်သူ ပြည်သား သူ့စကားထဲ .. ၅၄ သန်းသော မြန်မာပြည်သူ ပြည်သားတွေ ဆိုတဲ့ . တိုင်းပြည်ချစ်စိတ်ဟာ ခဏခဏတွေ့နေတဲ့ အဖြစ် နဲ့ ပြည်သူချစ်စိတ်

တမျိုးသားလုံးအတွက်ဆိုတဲ့ဟာက ကွက်ကွက်ကွင်းကွင်း။သူဟာ ချင်းလူမျိုးပေမယ့် သူ့တိုင်းရင်းသားအတွက် လုပ်နေတာ မဟုတ်ဖူး။ တနိုင်ငံလုံး စစ်အာဏာရှင်လက်အောက်ကနေ လွတ်မြှောက်အောင် ဗိုလ်ချုပ်အောင်ဆန်းလို စိတ်နဲ့ လုပ်နေတာ။ ယနေ့ မအလတို့ သူတို့ တဦးတယောက် ကောင်းစားရေးမျိုး

လူနည်းစုကောင်းစားရေးမျိုး မဟုတ်ဖူး။ နောက် သူဟာ တပ်မတော်ကို အကုန်သိမ်းကြုံးမပြောဘူး။ ကျွန်တော်တို့သာ စိတ်နာလို့ စစ်တပ်ဆိုပြီး အကုန်ထည့်ကြမ်းပေမယ့် သူဟာ စစ်သားထဲ လူကောင်း ပြည်သူ့ဖက်နေတဲ့ စိတ်ရှိသူ – ကျန်တာတွေကို အာဏာရှင် အစေပါးတွေ သူတို့ကောင်းစားရေးအတွက်အခြား

စစ်ဗိုလ်စစ်သားတွေ ရဲတွေကိုပါ အသုံးချတယ်ဆိုတဲ့ ခွဲခြားပြောနေတာတွေဟာ သူ့မှာ လူသားဆန်တဲ့ စေတနာတွေ အများကြီးတွေ့နေရတယ်။ နောက်ပြီး ကိုလိုနီဘဝမှ တိုင်းပြည်လွတ်မြှောက်ရေးအတွက် ရုပ်ဖျက်ထွက် ရပါတယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းလိုမျိုး .. မနေ့က CNN Interview မှာ ..

စစ်အာဏာသိမ်းတဲ့နေ့မှာ သူဟာ တက်စီဆရာပုံဖမ်းပြီး နေပြည်တော်က အမတ်တွေထားတဲ့ Compound လိုနေရာကနေ တကိုယ်တော်စွန့်စားပြီး ၃ ရက်လောက် နယ်စပ်ထိ အဆင့်ဆင့်ဖြတ်ကျော် ထွက်တဲ့ သတ္တိနဲ့ .. လက်ရှိနိုင်ငံတကာကို မြန်မာပြည် စစ်ကျွန်ဘဝကနေ လွတ်မြှောက်အောင် လုပ်ပြနေတဲ့

ပုံဟာ ၂၁ ရာစု ဗိုလ်ချုပ်အောင်ဆန်းလို့ တင်စားပြောရင် မမှားဘူး။ တိုင်းရင်းသားမို့ စကားပြော ပြတ်သားတာ ဗိုလ်ချုပ်အောင်ဆန်းအလားပဲ။ စကားကို တိတိ ကျကျ အပိုအလို မရှိပဲပြောတယ်။အလုပ်ကို စိတ်အားထက်သန်စွာ ဗိုလ်ချုပ်အောင်ဆန်း သီချင်းထဲကလို .. ငါတို့လူမျိုး အကျိုးရှိဖို့ ဆိုတဲ့ စိတ်ဆန္ဒပြင်းပြမှုဟာ

အတိုင်းသားပေါ်နေတယ်။ သူ Zoom Meeting မျိုးစုံ နေ့စဉ်လုပ်နေတာ .. သူ့စကားထဲ တခါတလေ ၁ဝ ကြိမ်လောက်လုပ်နေတယ်ဆိုတာ တော်ရုံ မဟုတ်ဖူး။ ကျွန်တော်တို့ ယနေ့ လုပ်ငန်းတွေမှာ Zoom Meeting တခုလုပ်ရင်ကို Mental exhaustion – စိတ်ပင်ပန်းကြတာ လူတိုင်းအသိပါ။

သို့ပေမယ့် သူဟာ အစွမ်းထက်တယ်။ သူခေါ်ပြီး ဆွေးနွေးရင် ရှိသမျှ အကုန်တက်ရတယ်။ အသက် ၄ဝ နော် .. သို့ပေမယ့် သူလုပ်နေတဲ့ စွမ်းဆောင်ရည်ဟာ အရမ်းကို စိတ်အားထက်သန်နေတဲ့ ၁ဝ ကျော်သက် အသက် ၂ဝ ဝန်းကျင်ဆန်ဆန် စိတ်နဲ့ ချနေတာ။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက သူ့ကို ဗိုလ်ချုပ်နဲ့နှိုင်းလို့

တချို့က ဘာလဲဟလို့ မြင်လိမ့်မယ်။ သို့ပေမယ့် သူ့လုပ်ရပ်တိုင်းဟာ တချို့ပြောပုံဆိုပုံတွေ ဖြစ်ရပ်တူညီမှုလေးတွေဟာ Similarities – တူညီမှုလေးတွေ ရှိတယ်။ အင်္ဂလိပ် ကိုလိုနီအောက်က တမျိုးသားလုံး လွတ်မြှောက်ဖို့ နဲ့ မအလ ရဲ့ စစ်အာဏာရှင်အောက်က လွတ်မြှောက်ဖို့ တူနေတာတွေ ..

တိုင်းပြည်တခုလုံးက လူတွေအတွက် စေတနာပါတာတွေ .. ရှိသမျှ တိုင်းရင်းသားတွေ လက်နက်ကိုင်တွေနဲ့ တိုင်းပြည်စစ်ကျွန်ဘဝက လွတ်မြှောက်အောင်ဖက်ဒရယ်စနစ်သွားဖို့ လုပ်နေတာတွေဟာ အရမ်းကို လျှင်မြန်လွန်းတယ်။ သူဟာ တိုင်းပြည်အတွက်ဆို ဘယ်သူ့ကို အောက်ကျို့ရ ကျို့ရ လိုက်ဆွေးနွေးပါမယ်ဆိုပြီး လုပ်နေတဲ့သူ။

စုံစုံ တရုတ်နဲ့ရုရှားတို့ စာနာစိတ်မထားတဲ့ နိုင်ငံတွေကိုတောင်မြန်မာပြည် စစ်အာဏာရှင် စနစ်က လွတ်မြှောက်ရင် မင်းတို့နဲ့ ဘိုင်ဘိုင်ဆိုပြီး ရာဇသံပေးထားတဲ့သူ။ နည်းနည်းနောနော Confidence မဟုတ်ဖူး။ ၅၄ သန်းသော မြန်မာပြည်သူ ပြည်သားတွေ .. ၅၄ သန်းသော မြန်မာပြည်သူ ပြည်သားတွေဆိုတဲ့ ..

တိုင်းပြည်ကိုချစ်တဲ့ စိတ်ဟာ ..တကယ့်ကို လေးစားထိုက်တဲ့သူပါပဲ။ သို့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းလို အဖြစ်မျိုးနဲ့ ဘဝနိဂုံးမချုပ်စေချင်ဘူး။ ယုတ်မာတဲ့ကောင်တွေက သူတို့ကို ဆန့်ကျင်လျှင် သတ်ဖို့ ယုတ်မာကြမှာပဲ။ အဲဒါကို စိုးရိမ်မိတယ်။ သူဟာ တကယ့် တိုင်းပြည်ရဲ့ အဖိုးတန် ရတနာ။ သူလို လူမျိုး ၂ ယောက်မရှိဘူး။

တဖွဲ့ပြီးတဖွဲ့ တောက်လျှောက်လိုက်စည်းရုံးရှာတယ်။အားလုံးကလည်း သူ့ကို လေးစားကြတယ်။ စစ်ဖက် ရဲဖက်ကဝန်ထမ်းတွေ .. စစ်အာဏာရှင်အောက် လုပ်ချင်တဲ့သူတွေ နဲ့ ယနေ့ CDM မလုပ်သေးသူတွေ . ဒီစာကို ဖတ်နေခဲ့လျှင် စစ်အာဏာရှင်ကို အကျိုးပြုမလား . ၅၄ သန်းသော မြန်မာပြည်သူ ပြည်သားတွေဖက်က ရပ်တည်မလားဆိုတဲ့ ၂ မျိုးထဲက ၁ မျိုးကို ရွေးပါ။

ခင်ဗျားတို့ အားလုံးရဲ့ စိတ်စေတနာဟာ ၅၄ သန်းသော မြန်မာပြည်သူ ပြည်သားတွေဖက်က ရပ်တည်မယ်ဆို ကျွန်တော်တို့ တသက်လုံး ကျေးဇူးတင်ပေးနေလိမ့်မယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကြည့်ပါလေ။ ငါတို့က သာမာန် .. ငါတို့ကို ဘယ်သူက အသိမှတ်ပြုမှာလဲ မပြောပါနဲ့ဒီခေတ်ကြီး မှာ တဦးတယောက်ချင်းစီရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာထိ ပြန့်ပါတယ်။ ပြည်သူ့ဖက်ကသာ ရပ်တည်ပေးကြပါ။

Credit