Zawgyi

ပရိတ္သတ္ေတြရဲ႕ ဒဏ္ခတ္ျခင္းကို စတင္ခံစားေနရၿပီးျဖစ္တဲ့ စိုင္းစိုင္းခမ္လႈိင္ရဲ႕အျဖစ္ စိုင္းစိုင္းခမ္းလႈိင္ႏွင့္ပတ္သက္ၿပီး Brand Ambassador ခန႔္ထားျခင္းအေပၚ ျပည္သူမ်ားမွ ကန႔္ကြက္ေနၾကၿပီး စိုင္းစိုင္းခမ္းလႈိင္ႏွင့္ ေၾကျငာဖူးေသာ Brands မ်ားဆီသို႔ ျပည္သူမ်ားမွ ဆက္သြယ္ၿပီး စိုင္းစိုင္းအား Ambassador ျဖဳတ္ခ်ေပးရန္ ေတာင္းဆိုေနၾကတဲ့အတြက္

G-SHOCK, NESCAFÉ, Decolgen စတဲ့ Brands မ်ားမွ သူတို႔ႏွင့္ ပတ္သတ္မႈမရွိေနေၾကာင္း အသီးသီး ထုတ္ျပန္ေၾကျငာထားၾကတာ ျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ အရင္က ပရိသတ္တစ္ဦးျဖစ္ခဲ့တဲ့ ဝတ္ရည္က “က်မအရင္က ကိုစိုင္းကို အရမ္းအားေပးခဲ့တယ္.. အခု နဲနဲေလးမွ အားမရေနဘူး.. ျပည္သူေတြက အသတ္ခံေနရတာရွင့္..

သူ႔ရဲ႕အရွိန္နဲ႔ဆို လုပ္လို႔ရတာေတြ အမ်ားႀကီးပဲေလ.. စျဖစ္ထဲက က်မကိုစိုင္းအသံၾကားခ်င္ခဲ့တာပါ.. အဲ့ထဲက ၿငိမ္ေနၿပီး ေနာက္မွ သံဗုံးေလးတီးလိုက္ မုန႔္ေလးထြက္လႉလိုက္က မျဖစ္သင့္ဘူး.. ကိုစိုင္းျဖစ္ျဖစ္ ဘယ္ဆယ္လီျဖစ္ျဖစ္ေနာ္.. အခုအာဏာရွင္ေတာ္လွန္ေရးမွာ က်မတို႔ ျပည္သူေတြနဲ႔ တသားထဲ မားမားမတ္မတ္ မရပ္တည္ေနတဲ့

သူေတြ၊ ဟန္ေဆာင္ရပ္တည္ေနတဲ့ သူေတြနဲ႔ လုံးဝ အသံတိတ္ၿပီး နဲနဲေလးမွ မရပ္တည္ေပးေနတဲ့ အႏုပညာရွင္ေတြ အားလုံးကို က်မတို႔ Social Punishment ေတြ လုပ္ၿပီး ခါးခါးသီးသီး ဆန႔္က်င္သြားမယ္” လို႔ ဆိုပါတယ္။ တျခားက်န္ေသးတဲ့ စိုင္းစိုင္းရဲ႕ လက္တြဲထားတဲ့ Brands ေတြ ျဖစ္တဲ့ Gatsby, Samsung စတဲ့ Brands ေတြကိုလဲ ဆက္သြယ္သြားမယ္၊ မျဖဳတ္ေပးဘူးဆိုရင္ အဲ့ Brands ေတြကိုပါ

Boycott လုပ္ဖို႔ လုပ္ေဆာင္သြားမယ္လို႔လဲ သူမက ဆိုပါတယ္။ လတ္တေလာ ေနျခည္ဦးနဲ႔ ပတ္သက္ၿပီးလဲ ျပည္သူေတြရဲ႕ ေဝဖန္မႈမ်ားေၾကာင့္ Vivo Myanmar, Rexona စတဲ့ Brands ေတြကလဲ ေနျခည္ဦးနဲ႔ ပူးေပါင္းလုပ္ေဆာင္မႈေတြ ရပ္တန႔္လိုက္ပါတယ္။ ျပည္သူေတြက ဖယ္က်ဥ္ေနတဲ့ Social Punishment Campaigns ေတြက အခု အရွိန္အဟုန္ ျမင့္မားလ်က္ရွိေနတာကို ေတြ႕ေနရတာပါ။

Unicode

ပရိတ်သတ်တွေရဲ့ ဒဏ်ခတ်ခြင်းကို စတင်ခံစားနေရပြီးဖြစ်တဲ့ စိုင်းစိုင်းခမ်လှိုင်ရဲ့အဖြစ် စိုင်းစိုင်းခမ်းလှိုင်နှင့်ပတ်သက်ပြီး Brand Ambassador ခန့်ထားခြင်းအပေါ် ပြည်သူများမှ ကန့်ကွက်နေကြပြီး စိုင်းစိုင်းခမ်းလှိုင်နှင့် ကြေငြာဖူးသော Brands များဆီသို့ ပြည်သူများမှ ဆက်သွယ်ပြီး စိုင်းစိုင်းအား Ambassador ဖြုတ်ချပေးရန် တောင်းဆိုနေကြတဲ့အတွက် G-SHOCK, NESCAFÉ, Decolgen စတဲ့ Brands များမှ

သူတို့နှင့် ပတ်သတ်မှုမရှိနေကြောင်း အသီးသီး ထုတ်ပြန်ကြေငြာထားကြတာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အရင်က ပရိသတ်တစ်ဦးဖြစ်ခဲ့တဲ့ ဝတ်ရည်က “ကျမအရင်က ကိုစိုင်းကို အရမ်းအားပေးခဲ့တယ်.. အခု နဲနဲလေးမှ အားမရနေဘူး.. ပြည်သူတွေက အသတ်ခံနေရတာရှင့်.. သူ့ရဲ့အရှိန်နဲ့ဆို လုပ်လို့ရတာတွေ အများကြီးပဲလေ.. စဖြစ်ထဲက ကျမကိုစိုင်းအသံကြားချင်ခဲ့တာပါ..

အဲ့ထဲက ငြိမ်နေပြီး နောက်မှ သံဗုံးလေးတီးလိုက် မုန့်လေးထွက်လှူလိုက်က မဖြစ်သင့်ဘူး.. ကိုစိုင်းဖြစ်ဖြစ် ဘယ်ဆယ်လီဖြစ်ဖြစ်နော်.. အခုအာဏာရှင်တော်လှန်ရေးမှာ ကျမတို့ ပြည်သူတွေနဲ့ တသားထဲ မားမားမတ်မတ် မရပ်တည်နေတဲ့ သူတွေ၊ ဟန်ဆောင်ရပ်တည်နေတဲ့ သူတွေနဲ့ လုံးဝ အသံတိတ်ပြီး နဲနဲလေးမှ မရပ်တည်ပေးနေတဲ့ အနုပညာရှင်တွေ

အားလုံးကို ကျမတို့ Social Punishment တွေ လုပ်ပြီး ခါးခါးသီးသီး ဆန့်ကျင်သွားမယ်” လို့ ဆိုပါတယ်။ တခြားကျန်သေးတဲ့ စိုင်းစိုင်းရဲ့ လက်တွဲထားတဲ့ Brands တွေ ဖြစ်တဲ့ Gatsby, Samsung စတဲ့ Brands တွေကိုလဲ ဆက်သွယ်သွားမယ်၊ မဖြုတ်ပေးဘူးဆိုရင် အဲ့ Brands တွေကိုပါ Boycott လုပ်ဖို့ လုပ်ဆောင်သွားမယ်လို့လဲ သူမက ဆိုပါတယ်။

လတ်တလော နေခြည်ဦးနဲ့ ပတ်သက်ပြီးလဲ ပြည်သူတွေရဲ့ ဝေဖန်မှုများကြောင့် Vivo Myanmar, Rexona စတဲ့ Brands တွေကလဲ နေခြည်ဦးနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရပ်တန့်လိုက်ပါတယ်။ ပြည်သူတွေက ဖယ်ကျဉ်နေတဲ့ Social Punishment Campaigns တွေက အခု အရှိန်အဟုန် မြင့်မားလျက်ရှိနေတာကို တွေ့နေရတာပါ။