Zawgyi

ပခုကၠဴၿမိဳ႕မွာ CDM လုပ္တဲ့ ဝန္ထမ္း အေယာက္ေထာင္ခ်ီရွိလာၿပီး ဝန္ထမ္း ၅၀၀ ေက်ာ္ကို ေထာက္ပံ့ကူညီေပးထားၿပီးျဖစ္တယ္လို႔ CDM ဂုဏ္ျပဳ ကူညီေရးအဖြဲ႕က တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ CDM မွာပါဝင္ၿပီး ဆက္သြယ္လာတဲ့ အခက္အခဲ ျဖစ္သူေတြကို ေငြက်ပ္ တစ္သိန္း ဒါမွမဟုတ္ ဆန္ ၆ ေသာင္းတန္တစ္အိတ္နဲ႔ ဆီ ၆၅၀၀ တန္ ႏွစ္ဘူး ကူညီေပးတာျဖစ္ၿပီး ဂုဏ္ျပဳေငြ

ငါးေသာင္းကိုပါ ေပးအပ္တယ္လို႔ သိရပါတယ္။ “စာရင္းအတိအက် က်ေနာ္တို႔ ေကာက္ထားတာေတာ့မရွိေသးဘူး။ ဒါေပမယ့္ ေထာင္ခ်ီၿပီးေတာ့ရွိတယ္။ က်ေနာ္တို႔အဖြဲ႕ကေနၿပီးေတာ့ CDM ဝင္ရင္း အခက္အခဲျဖစ္တဲ့ လူေတြကို လက္ရွိေထာက္ပံ့ေပးထားတာက ၅၂၅ ဦးအထိရွိသြားၿပီ။ က်ေနာ္တို႔ တစ္ဦးခ်င္းကို ေငြသားယူမယ္ဆိုရင္ ၁ သိန္းရမယ္

ပစၥည္းယူမယ္ဆိုရင္လည္း ဆန္အိတ္တစ္အိတ္ (၆ေသာင္းတန္တစ္အိတ္) ရယ္ ဂုဏ္ျပဳေငြ ၅ ေသာင္းက်ပ္ရယ္၊ ေနာက္တစ္ခုက ဆီ ၆၅၀၀ တန္ ႏွစ္ဘူးေပါ့ေလ အဲ့ဒါေပးပါတယ္။ ဒါကေတာ့ တစ္ဦးခ်င္ အကူအညီလာေတာင္းရင္ေပါ့ေလ။ ပမာ ရထားဝန္ထမ္းတို႔ ေရနံကဝန္ထမ္းတို႔ဆိုရင္ ၁၀၀ ေက်ာ္တယ္၊ အဲ့လိုဆိုရင္ က်ေနာ္တို႔က ဆန္အိတ္ ၁၂၇ အိတ္၊

ဆီခ်ိန္က ၁၅ ပိႆာ ရန္ပုံေငြဘယ္ေလာက္ဆိုၿပီးေတာ့ ေပးတာမ်ိဳးေတြရွိပါတယ္။” ပခုကၠဴၿမိဳ႕နယ္ ေျမအတြင္းမွာရွိေနတဲ့ CDM လုပ္ေနတဲ့ ဝန္ထမ္းအားလုံးကို ေထာက္ပံ့ေပးေနတာလို႔ သိရပါတယ္။ “အမွန္တရားကို ခ်စ္လို႔ CDM လုပ္ခဲ့တာပါ၊ CDM လုပ္တဲ့အခါမွာေတ့ာ အခက္အခဲေတာ့ မရွိပါဘူး။

ၿမိဳ႕ခံေတြကလည္း ေထာက္ပံ့တယ္၊ မတရားတာကို လက္ပိုက္ၾကည့္မေနႏိုင္လို႔ အဲ့ဒါေၾကာင့္ လုပ္လိုက္တာပါ၊ မလုံၿခဳံဘူးလို႔ ခံစားရတယ္> ေန႔စဥ္နဲ႔အမွ်ေပါ့။ ျဖည့္ေပးခ်င္တာကေတာ့ အေမစုနဲ႔ သမၼတႀကီး အျမန္ဆုံးလြတ္ၿပီးေတာ့ ျမန္မာျပည္ႀကီး အျမန္ဆုံးေအးခ်မ္းခ်င္တာေပါ့” လို႔

ပခုကၠဴၿမိဳ႕ စိုက္ပ်ိဳးေရး ဦးစီးဌာနက CDM လုပ္ေနတဲ့ ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။ ပခုကၠဴၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္း ၁၈ ဦးနဲ႔ ရဲဝန္ထမ္းႏွစ္ဦးလည္း မတ္လ ၄ ရက္ေန႔က CDM မွာ ပူး‌ေပါင္းပါဝင္ထားၿပီးျဖစ္ပါတယ္။

Crd;DVB

Unicode

ပခုက္ကူမြို့မှာ CDM လုပ်တဲ့ ဝန်ထမ်း အယောက်ထောင်ချီရှိလာပြီး ဝန်ထမ်း ၅၀၀ ကျော်ကို ထောက်ပံ့ကူညီပေးထားပြီးဖြစ်တယ်လို့ CDM ဂုဏ်ပြု ကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ CDM မှာပါဝင်ပြီး ဆက်သွယ်လာတဲ့ အခက်အခဲ ဖြစ်သူတွေကို ငွေကျပ် တစ်သိန်း ဒါမှမဟုတ် ဆန် ၆ သောင်းတန်တစ်အိတ်နဲ့

ဆီ ၆၅၀၀ တန် နှစ်ဘူး ကူညီပေးတာဖြစ်ပြီး ဂုဏ်ပြုငွေ ငါးသောင်းကိုပါ ပေးအပ်တယ်လို့ သိရပါတယ်။ “စာရင်းအတိအကျ ကျနော်တို့ ကောက်ထားတာတော့မရှိသေးဘူး။ ဒါပေမယ့် ထောင်ချီပြီးတော့ရှိတယ်။ ကျနော်တို့အဖွဲ့ကနေပြီးတော့ CDM ဝင်ရင်း အခက်အခဲဖြစ်တဲ့ လူတွေကို လက်ရှိထောက်ပံ့ပေးထားတာက ၅၂၅ ဦးအထိရှိသွားပြီ။

ကျနော်တို့ တစ်ဦးချင်းကို ငွေသားယူမယ်ဆိုရင် ၁ သိန်းရမယ် ပစ္စည်းယူမယ်ဆိုရင်လည်း ဆန်အိတ်တစ်အိတ် (၆သောင်းတန်တစ်အိတ်) ရယ် ဂုဏ်ပြုငွေ ၅ သောင်းကျပ်ရယ်၊ နောက်တစ်ခုက ဆီ ၆၅၀၀ တန် နှစ်ဘူးပေါ့လေ အဲ့ဒါပေးပါတယ်။ ဒါကတော့ တစ်ဦးချင် အကူအညီလာတောင်းရင်ပေါ့လေ။ ပမာ ရထားဝန်ထမ်းတို့

ရေနံကဝန်ထမ်းတို့ဆိုရင် ၁၀၀ ကျော်တယ်၊ အဲ့လိုဆိုရင် ကျနော်တို့က ဆန်အိတ် ၁၂၇ အိတ်၊ ဆီချိန်က ၁၅ ပိဿာ ရန်ပုံငွေဘယ်လောက်ဆိုပြီးတော့ ပေးတာမျိုးတွေရှိပါတယ်။” ပခုက္ကူမြို့နယ် မြေအတွင်းမှာရှိနေတဲ့ CDM လုပ်နေတဲ့ ဝန်ထမ်းအားလုံးကို ထောက်ပံ့ပေးနေတာလို့ သိရပါတယ်။ “အမှန်တရားကို ချစ်လို့ CDM လုပ်ခဲ့တာပါ၊

CDM လုပ်တဲ့အခါမှာတေ့ာ အခက်အခဲတော့ မရှိပါဘူး။ မြို့ခံတွေကလည်း ထောက်ပံ့တယ်၊ မတရားတာကို လက်ပိုက်ကြည့်မနေနိုင်လို့ အဲ့ဒါကြောင့် လုပ်လိုက်တာပါ၊ မလုံခြုံဘူးလို့ ခံစားရတယ်> နေ့စဉ်နဲ့အမျှပေါ့။ ဖြည့်ပေးချင်တာကတော့ အမေစုနဲ့ သမ္မတကြီး အမြန်ဆုံးလွတ်ပြီးတော့ မြန်မာပြည်ကြီး

အမြန်ဆုံးအေးချမ်းချင်တာပေါ့” လို့ ပခုက္ကူမြို့ စိုက်ပျိုးရေး ဦးစီးဌာနက CDM လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၁၈ ဦးနဲ့ ရဲဝန်ထမ်းနှစ်ဦးလည်း မတ်လ ၄ ရက်နေ့က CDM မှာ ပူး‌ပေါင်းပါဝင်ထားပြီးဖြစ်ပါတယ်။

Crd;DVB