Zawgyi

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕ က ေဈးဆိုင္ေတြမွာ ရဲနဲ႔ စစ္သားအျပင္ CDM မွာ မပါေသးတဲ့ ဝန္ထမ္းေတြကို ေဈးမေရာင္းဖို႔ Social Punishment (လူမႈေရးျပစ္ဒဏ္) ျပဳလုပ္ေနၾကပါတယ္။ မိုးေကာင္းၿမိဳ႕ရွိ ကုန္စုံဆိုင္၊ ဆန္ဆိုင္၊ စားေသာက္ဆိုင္၊ သားငါးဆိုင္၊ အလွျပင္ဆိုင္နဲ႔ လူသုံးကုန္ဆိုင္ေတြက အခုလို Social Punishment ျပဳလုပ္ေနၾကတာပါ။

“အာဏာသိမ္းစစ္အုပ္စုကို ေထာက္ခံသူေတြ၊ ႏိုင္ငံေတာ္ပုန္ကန္မႈကို အားေပးသူ မည္သူမဆို ယဥ္ေက်းတဲ့ လူမႈအသိုင္းအဝိုင္းက ဖယ္က်ဥ္ဖို႔ တာဝန္ရွိတယ္” လို႔ ဆန္ဆိုင္ပိုင္ရွင္တဦးက ေျပာပါတယ္။ မိုးေကာင္းၿမိဳ႕ရွိ ေဈးဆိုင္အမ်ားစုက Social Punishment ျပဳလုပ္ေနၾကၿပီး မ ျပဳလုပ္ေသးတဲ့ ေဈးဆိုင္အခ်ိဳ႕လည္းရွိပါတယ္။ ေနာက္ပိုင္း အဲဒီေဈးဆိုင္ေတြကိုလည္း Social Punishment ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

DVB

Unicode

ကချင်ပြည်နယ် မိုးကောင်းမြို့ က ဈေးဆိုင်တွေမှာ ရဲနဲ့ စစ်သားအပြင် CDM မှာ မပါသေးတဲ့ ဝန်ထမ်းတွေကို ဈေးမရောင်းဖို့ Social Punishment (လူမှုရေးပြစ်ဒဏ်) ပြုလုပ်နေကြပါတယ်။ မိုးကောင်းမြို့ရှိ ကုန်စုံဆိုင်၊ ဆန်ဆိုင်၊ စားသောက်ဆိုင်၊ သားငါးဆိုင်၊ အလှပြင်ဆိုင်နဲ့ လူသုံးကုန်ဆိုင်တွေက အခုလို Social Punishment ပြုလုပ်နေကြတာပါ။

“အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူတွေ၊ နိုင်ငံတော်ပုန်ကန်မှုကို အားပေးသူ မည်သူမဆို ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းက ဖယ်ကျဉ်ဖို့ တာဝန်ရှိတယ်” လို့ ဆန်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။ မိုးကောင်းမြို့ရှိ ဈေးဆိုင်အများစုက Social Punishment ပြုလုပ်နေကြပြီး မ ပြုလုပ်သေးတဲ့ ဈေးဆိုင်အချို့လည်းရှိပါတယ်။ နောက်ပိုင်း အဲဒီဈေးဆိုင်တွေကိုလည်း Social Punishment ပြုလုပ်သွားမယ်လို့ သိရပါတယ်။

DVB