Sun. Nov 28th, 2021

Zawgyi

CDM လႈပ္ရွားမႈ တြင္ပါဝင္သည့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ (၉ )ဦး၊ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန

(ျမန္မာ့မီးရထား)မွ ၁ ဦး၊ စီမံကိန္းဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနမွ ၁ ဦးႏွင့္ ကူညီရန္ လႈံ႕ေဆာ္ေပးသူ တစ္ဦး စုစုေပါင္း ၁၂ ဦးကို ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ)ႏွင့္ ၅၀၅-က တို႔ျဖင့္ ဒကၡိဏသီရိၿမိဳ႕နယ္တရား႐ုံးတြင္ ပထမဦးဆုံးအႀကိမ္အျဖစ္ ဗီဒီယိုကြန္ဖရန္းစီးစနစ္ျဖင့္ တရားစြဲတင္ခဲ့သည္။

အဆိုပါ တရားစြဲတင္ ခံထားရသူမ်ားအနက္က ငါးဦးကို ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ )ျဖင့္ စြဲဆိုၿပီး၊ က်န္ ၇ဦးကိုေတာ့ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅-ကျဖင့္ တရားစြဲဆိုထားေၾကာင္း လိုက္ပါေဆာင္႐ြက္ေပးသူ တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းလြင္ကေျပာသည္။ “လာၿပီးအမႈဖြင့္တဲ့ စြပ္စြဲခ်က္ကေတာ့ လူမႈကြန္ယက္ေပၚမွာ

မက္ဆင္ဂ်ာကေန တဆင့္ သူတို႔ရဲ႕ အေကာင့္ေတြကေန ႏိုင္ငံ့ဝန္ထမ္းေတြနဲ႔ အျခားဝန္ထမ္းေတြကို CDM လႈပ္ရွားမႈေတြမွာ ပါဝင္ဖို႔လႈံ႕ေဆာ္ေရးသားတာတို႔ အစိုးရဝန္ထမ္းေတြကို ေၾကာက္႐ြံ႕ထိတ္လန႔္မႈေတြျဖစ္ေပၚေစဖို႔ အစိုးရဝန္ထမ္းေတြကို အုပ္ခ်ဳပ္မႈယႏၲရားေတြ ရပ္တန႔္သြားေစရန္ ရည္႐ြယ္ၿပီးသတင္းအမွားေတြ ေျပာဆိုတယ္ဆိုၿပီးေတာ့

ဖြင့္လွစ္ထားျခင္းျဖစ္ပါတယ္”ဟု ဦးသန္းလြင္က ရွင္းျပသည္။ အဆိုပါ တရားစြဲဆို ခံထားရသူမ်ားထဲက ကိုဟန္ေဝဆက္ကို ဒကၡိဏသီရိၿမိဳ႕နယ္ ရဲမႉးဦးလွထြန္းက တရားလိုျပဳလုပ္ၿပီး က်န္သည့္လူမ်ားကိုေတာ့ စခန္းမႉး ဒုရဲမႉး ဦးျမင့္စိုးကေန တရားလိုျပဳလုပ္ေၾကာင္း ဦးသန္းလြင္ကဆက္လက္ေျပာဆိုသည္။

“ကိုဟန္ေဝဆက္ကိုေတာ့ Facebook Group ကေနၿပီးေတာ့မွ CDM မွာ ပါဝင္တဲ့ဝန္ထမ္းေတြကို ေနထိုင္စားေသာက္ေရးေတြအတြက္ကို ကူညီေဆာင္႐ြက္ေပးမယ္ဆိုတာမ်ိဳးေတြကို တင္တယ္။ ျပစ္မႈက်ဴးလြန္ေစဖို႔အတြက္ မမွန္သတင္းေတြကို ျဖန႔္ေဝတယ္ ဆက္လက္ေျပာသည္။ အဲ့တာေၾကာင့္မို႔လို႔ဆိုၿပီး

အစိုးရဝန္ထမ္းေတြအတြက္ကို ေသြးထိုးလႈံ႕ေဆာ္တယ္ဆိုၿပီးေတာ့ သူက အခုတျခင္းျဖစ္ပါတယ္”ဟု ဆက္လက္ေျပာသည္။ ယေန႔ ႐ုံးထုတ္ခ်ိန္တြင္ ဖမ္းဆီးခံဝန္ထမ္းမ်ား၏ မိသားစုဝင္မ်ားက ၎တို႔ႏွင့္ေတြ႕ဆုံရန္ တရား႐ုံးအနီးတြင္ ေစာင့္ဆိုင္းခဲ့ၿပီး တရားခြင္အတြင္းသို႔ လိုက္ပါေဆာင္႐ြက္ေပးသည့္ ေရွ႕ေနမ်ားသာ ဝင္ခြင့္ျပဳခဲ့သည္။

လက္ရွိမွာေတာ့ ထိန္းသိမ္းခံထားရသူ အားလုံးကို ေနျပည္ေတာ္ အခ်ဳပ္ေထာင္တြင္ ထားရွိသည္။ ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅(ခ)ျပစ္ဒဏ္အေနနဲ႔ ေထာင္ဒဏ္ ၂ႏွစ္အထိျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစခ်မွတ္ႏိုင္ၿပီး ပုဒ္မ ၅၀၅-က ကေတာ့ ျပ႒ာန္းထားသည့္ ဥပေဒအသစ္ျဖစ္ၿပီး ေထာင္ဒဏ္သုံးႏွစ္ထိျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္းျျပ႒ာန္းထားသည္။..

Unicode

CDM လှုပ်ရှားမှု တွင်ပါဝင်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ (၉ )ဦး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန

(မြန်မာ့မီးရထား)မှ ၁ ဦး၊ စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၁ ဦးနှင့် ကူညီရန် လှုံ့ဆော်ပေးသူ တစ်ဦး စုစုပေါင်း ၁၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နှင့် ၅၀၅-က တို့ဖြင့် ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် ပထမဦးဆုံးအကြိမ်အဖြစ် ဗီဒီယိုကွန်ဖရန်းစီးစနစ်ဖြင့် တရားစွဲတင်ခဲ့သည်။ အဆိုပါ တရားစွဲတင် ခံထားရသူများအနက်က

ငါးဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ )ဖြင့် စွဲဆိုပြီး၊ ကျန် ၇ဦးကိုတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုထားကြောင်း လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးသန်းလွင်ကပြောသည်။ “လာပြီးအမှုဖွင့်တဲ့ စွပ်စွဲချက်ကတော့ လူမှုကွန်ယက်ပေါ်မှာ မက်ဆင်ဂျာကနေ တဆင့် သူတို့ရဲ့ အကောင့်တွေကနေ

နိုင်ငံ့ဝန်ထမ်းတွေနဲ့ အခြားဝန်ထမ်းတွေကို CDM လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့လှုံ့ဆော်ရေးသားတာတို့ အစိုးရဝန်ထမ်းတွေကို ကြောက်ရွံ့ထိတ်လန့်မှုတွေဖြစ်ပေါ်စေဖို့ အစိုးရဝန်ထမ်းတွေကို အုပ်ချုပ်မှုယန္တရားတွေ ရပ်တန့်သွားစေရန် ရည်ရွယ်ပြီးသတင်းအမှားတွေ ပြောဆိုတယ်ဆိုပြီးတော့ ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်”ဟု ဦးသန်းလွင်က ရှင်းပြသည်။

အဆိုပါ တရားစွဲဆို ခံထားရသူများထဲက ကိုဟန်ဝေဆက်ကို ဒက္ခိဏသီရိမြို့နယ် ရဲမှူးဦးလှထွန်းက တရားလိုပြုလုပ်ပြီး ကျန်သည့်လူများကိုတော့ စခန်းမှူး ဒုရဲမှူး ဦးမြင့်စိုးကနေ တရားလိုပြုလုပ်ကြောင်း ဦးသန်းလွင်ကဆက်လက်ပြောဆိုသည်။ “ကိုဟန်ဝေဆက်ကိုတော့ Facebook Group ကနေပြီးတော့မှ

CDM မှာ ပါဝင်တဲ့ဝန်ထမ်းတွေကို နေထိုင်စားသောက်ရေးတွေအတွက်ကို ကူညီဆောင်ရွက်ပေးမယ်ဆိုတာမျိုးတွေကို တင်တယ်။ ပြစ်မှုကျူးလွန်စေဖို့အတွက် မမှန်သတင်းတွေကို ဖြန့်ဝေတယ် ဆက်လက်ပြောသည်။ အဲ့တာကြောင့်မို့လို့ဆိုပြီး အစိုးရဝန်ထမ်းတွေအတွက်ကို သွေးထိုးလှုံ့ဆော်တယ်ဆိုပြီးတော့

သူက အခုတခြင်းဖြစ်ပါတယ်”ဟု ဆက်လက်ပြောသည်။ ယနေ့ ရုံးထုတ်ချိန်တွင် ဖမ်းဆီးခံဝန်ထမ်းများ၏ မိသားစုဝင်များက ၎င်းတို့နှင့်တွေ့ဆုံရန် တရားရုံးအနီးတွင် စောင့်ဆိုင်းခဲ့ပြီး တရားခွင်အတွင်းသို့ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေများသာ ဝင်ခွင့်ပြုခဲ့သည်။ လက်ရှိမှာတော့ ထိန်းသိမ်းခံထားရသူ

အားလုံးကို နေပြည်တော် အချုပ်ထောင်တွင် ထားရှိသည်။ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(ခ)ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၂နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေချမှတ်နိုင်ပြီး ပုဒ်မ ၅၀၅-က ကတော့ ပြဋ္ဌာန်းထားသည့် ဥပဒေအသစ်ဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်းြပြဋ္ဌာန်းထားသည်။..