Mon. Nov 29th, 2021

Zawgyi

“ မိမိအပ္ထားတဲ့ပိုက္ဆံကို ATM စက္မ်ားတြင္ ထုတ္ယူႏိုင္သည့္ ေငြပမာဏအမ်ားဆုံးကို ဗဟိုဘဏ္ၫႊန္ၾကားလိုက္ၿပီ ” ATM စက္မ်ားမွ တစ္ရက္လွ်င္ က်ပ္ငါးသိန္းသာ ထုတ္ယူခြင့္ျပဳရန္ ဗဟိုဘဏ္၏ ၫႊန္ၾကားလႊာသည္ ယေန႔ ေဖေဖာ္ဝါရီလ ၂၈ ရက္တြင္ ပုဂၢလိကဘဏ္မ်ားထံသို႔ ေရာက္ရွိလာေၾကာင္း ပုဂၢလိကဘဏ္အခ်ိဳ႕ထံမွ သိရသည္။ ထို႔အျပင္ လူပုဂၢိဳလ္နာမည္ျဖင့္

တစ္ဦးခ်င္းသို႔မဟုတ္ ႏွစ္ေယာက္စပ္တူဖြင့္ထားသည့္ ဘဏ္အေကာင့္မ်ားသည္ ဘဏ္တြင္ တစ္ပတ္ သိန္း ၂၀ ထုတ္ခြင့္ေပးရန္လည္း အဆိုပါၫႊန္ၾကားခ်က္တြင္ ေဖာ္ျပထားသည္။ကုမၸဏီမ်ားႏွင့္အဖြဲ႕အစည္းမ်ားအမည္ျဖင့္ ဖြင့္ေသာ အေကာင့္မ်ားသည္ ဘဏ္တြင္ တစ္ပတ္ သိန္း ၂၀၀ အထိ ထုတ္ခြင့္ေပးရန္လည္း ေဖာ္ျပထားသည္။

ထို႔အျပင္ အခ်ိန္ကာလအလိုက္(ဥပမာ တစ္လ၊ သုံးလ၊ ေျခာက္လ၊ ကိုးလ၊ တစ္ႏွစ္)စာရင္းေသအပ္ေငြမ်ား အပ္ႏွံသည့္ကာလျပည့္ပါကလည္း ထပ္မံအပ္ႏွံလိုပါက အပ္ႏွံ၊ သို႔မဟုတ္ အျခားေသာ စာရင္းရွင္အပ္ေငြ၊ စုေဆာင္းအပ္ႏွံေငြစာရင္းမ်ားသို႔ ေျပာင္းလဲလိုက ေျပာင္းလဲႏိုင္ေသာ္လည္း ျပန္လည္ထုတ္ယူရာတြင္မူ

အထက္ေဖာ္ျပပါ ႏႈန္းထားျဖင့္သာ ထုတ္ေပးရန္ ၫႊန္ၾကားထားသည္။ အစိုးရဌာနမ်ားႏွင့္ စီးပြားေရးလုပ္ငန္းႀကီးမ်ား၏ လုပ္ခ၊လစာေပးေခ်ရမည့္ လကုန္ရက္မ်ားတြင္မူ ဘဏ္မ်ားက မိမိတို႔ေငြေၾကးလက္က်န္အေျခအေနကိုၾကည့္၍ စိစစ္ထုတ္ေပးရန္ႏွင့္ လိုအပ္ပါက ဗဟိုဘဏ္သို႔ တင္ျပႏိုင္ေၾကာင္း အဆိုပါစာတြင္ ေဖာ္ျပထားသည္။

အဆိုပါအခ်က္မ်ားကို လာမည့္ မတ္လ ၁ ရက္မွစ၍ လိုက္နာၾကရန္လည္း ဗဟိုဘဏ္ၫႊန္ၾကားလႊာတြင္ ပါဝင္သည္။ သို႔ေသာ္လည္း ဘဏ္အခ်င္းခ်င္းေငြစာရင္းရွင္းလင္းျခင္း၊ ေငြစာရင္းလႊဲေျပာင္းျခင္းႏွင့္ အျခားေသာ ဘဏ္ဝန္ေဆာင္မႈမ်ားကို လုပ္ေဆာင္ရန္အတြက္ ဘဏ္ဝန္ထမ္းမ်ား မျဖစ္မေန႐ုံးတက္ရမည္ဟု

ဖိအားေပးလာမည္ကိုစိုးရိမ္ေၾကာင္း CDM တြင္ပါဝင္သည့္ အေသးစားေငြေရးေၾကးဘဏ္တစ္ခုမွ အႀကီးတန္းမန္ေနဂ်ာတစ္ဦးက ေျပာၾကားသည္။ ယခုၫႊန္ၾကားစာ အႏွစ္ခ်ဳပ္မွာ အစိုးရဌာနမ်ား၊ လူပုဂၢိဳလ္မ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ားအၾကား ေငြသား အသုံးျပဳ ေငြေပးေခ်မႈနည္းလမ္းကို ေလွ်ာ့ခ်၍ အီလက္ထေရာနစ္နည္းလမ္းသို႔မဟုတ္ ေငြစာရင္း ေျပာင္းသည့္နည္းလမ္းျဖင့္ ေပးေခ်ရန္ ဗဟိုဘဏ္က ရည္႐ြယ္သည္။

Photo – CBM

Unicode

“ မိမိအပ်ထားတဲ့ပိုက်ဆံကို ATM စက်များတွင် ထုတ်ယူနိုင်သည့် ငွေပမာဏအများဆုံးကို ဗဟိုဘဏ်ညွှန်ကြားလိုက်ပြီ ” ATM စက်များမှ တစ်ရက်လျှင် ကျပ်ငါးသိန်းသာ ထုတ်ယူခွင့်ပြုရန် ဗဟိုဘဏ်၏ ညွှန်ကြားလွှာသည် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပုဂ္ဂလိကဘဏ်များထံသို့ ရောက်ရှိလာကြောင်း ပုဂ္ဂလိကဘဏ်အချို့ထံမှ သိရသည်။

ထို့အပြင် လူပုဂ္ဂိုလ်နာမည်ဖြင့် တစ်ဦးချင်းသို့မဟုတ် နှစ်ယောက်စပ်တူဖွင့်ထားသည့် ဘဏ်အကောင့်များသည် ဘဏ်တွင် တစ်ပတ် သိန်း ၂၀ ထုတ်ခွင့်ပေးရန်လည်း အဆိုပါညွှန်ကြားချက်တွင် ဖော်ပြထားသည်။ကုမ္ပဏီများနှင့်အဖွဲ့အစည်းများအမည်ဖြင့် ဖွင့်သော အကောင့်များသည် ဘဏ်တွင် တစ်ပတ် သိန်း ၂၀၀ အထိ ထုတ်ခွင့်ပေးရန်လည်း ဖော်ပြထားသည်။

ထို့အပြင် အချိန်ကာလအလိုက်(ဥပမာ တစ်လ၊ သုံးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ်)စာရင်းသေအပ်ငွေများ အပ်နှံသည့်ကာလပြည့်ပါကလည်း ထပ်မံအပ်နှံလိုပါက အပ်နှံ၊ သို့မဟုတ် အခြားသော စာရင်းရှင်အပ်ငွေ၊ စုဆောင်းအပ်နှံငွေစာရင်းများသို့ ပြောင်းလဲလိုက ပြောင်းလဲနိုင်သော်လည်း ပြန်လည်ထုတ်ယူရာတွင်မူ အထက်ဖော်ပြပါ နှုန်းထားဖြင့်သာ ထုတ်ပေးရန် ညွှန်ကြားထားသည်။

အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းကြီးများ၏ လုပ်ခ၊လစာပေးချေရမည့် လကုန်ရက်များတွင်မူ ဘဏ်များက မိမိတို့ငွေကြေးလက်ကျန်အခြေအနေကိုကြည့်၍ စိစစ်ထုတ်ပေးရန်နှင့် လိုအပ်ပါက ဗဟိုဘဏ်သို့ တင်ပြနိုင်ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။အဆိုပါအချက်များကို လာမည့် မတ်လ ၁ ရက်မှစ၍ လိုက်နာကြရန်လည်း

ဗဟိုဘဏ်ညွှန်ကြားလွှာတွင် ပါဝင်သည်။ သို့သော်လည်း ဘဏ်အချင်းချင်းငွေစာရင်းရှင်းလင်းခြင်း၊ ငွေစာရင်းလွှဲပြောင်းခြင်းနှင့် အခြားသော ဘဏ်ဝန်ဆောင်မှုများကို လုပ်ဆောင်ရန်အတွက် ဘဏ်ဝန်ထမ်းများ မဖြစ်မနေရုံးတက်ရမည်ဟု ဖိအားပေးလာမည်ကိုစိုးရိမ်ကြောင်း CDM တွင်ပါဝင်သည့် အသေးစားငွေရေးကြေးဘဏ်တစ်ခုမှ

အကြီးတန်းမန်နေဂျာတစ်ဦးက ပြောကြားသည်။ ယခုညွှန်ကြားစာ အနှစ်ချုပ်မှာ အစိုးရဌာနများ၊ လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများအကြား ငွေသား အသုံးပြု ငွေပေးချေမှုနည်းလမ်းကို လျှော့ချ၍ အီလက်ထရောနစ်နည်းလမ်းသို့မဟုတ် ငွေစာရင်း ပြောင်းသည့်နည်းလမ်းဖြင့် ပေးချေရန် ဗဟိုဘဏ်က ရည်ရွယ်သည်။

Photo – CBM