လြန္ခဲ့တဲ့ႏွစ္၁၀၀က SOCIAL PUNISHMENT (သို႔) ျပည္သူလူထုရဲ႕ ဒဏ္ခတ္ျခင္းခံခဲ့ရတဲ့ ဇတ္မင္းသာႀကီး ဦးဖိုးစိန္

Zawgyi

လြန္ခဲ့တဲ့ ႏွစ္၁၀၀က Social Punishment (သို)့ ျပည္သူလူထုရဲ႕ဒဏ္ခတ္ျခင္းခံခဲ့ရတဲ့ ဇတ္မင္းသာႀကီး ဦးဖိုးစိန္ Cele ေတြထဲက Social Punishment ရဲ႕ အရသာကို ပထမဆုံး ခံစားဖူးသူကေတာ့ ဂရိတ္ ဦးဖိုးစိန္ပါပဲ၊ မင္းသား ဦးဖိုးစိန္အေၾကာင္းကို အလယ္တန္းသင္႐ိုးမွာ သင္ဖူးၾကမွာပါ ။ ဦးဖိုးစိန္ဆိုတာ ေပါ့ေသးေသးေတာ့ မဟုတ္ပါဖူး သူ႔ေခာတ္မွာေတာ့ ဒိတ္ဒိတ္ႀကဲ Cele ႀကီးပါ။

ရန္ကုန္တာေမြက သူေနသြားတဲ့လမ္းကို ဖိုးစိန္လမ္းဆိုၿပီး နာမည္တြင္က်န္တဲ့သူ၊ ဇာတ္ပြဲကို ႐ြက္ထည္႐ုံႀကီးနဲ႔ စတင္ကျပသူ၊ ကိုယ္ပိုင္သေဘာဝၤယ္ ဇာတ္တဖြဲ႕လုံးကို သေဘာေပၤၚတင္ အဂၤလိပ္ကို မာလိန္မႉးခန႔္ ဧရာဝတီကိုစုန္ဆန္ေမာင္းၿပီး ဇာတ္ပြဲကတဲ့ ပုဂၢိဳလ္၊ ယိမ္းအဖြဲ႕ကို မ်က္ႏွာျဖဴမေတြနဲ႔ခ်ည္းဖြဲ႕ၿပီး ယိမ္းကေစတဲ့မင္းသား၊ အဂၤလိပ္အစိုးရကေပးတဲ့ တိုင္းက်ိဳးျပည္က်ိဳးေဆာင္ဘြဲ႕ TPS ဘြဲ႕ရွင္၊

အဲသည္ေခတ္ကေယာက်္ားျခင္း မနာလိုေလာက္ေအာင္ အမ်ိဳးသမီးထုႀကီးရဲ႕ အားေပးမႈကို တခဲနက္ ရထားသူ၊ အလႉ အတန္းဆိုလဲ လက္မေႏွးတဲ့ စိန္မဟာသဘင္ဇာတ္ဆရာႀကီး ဘုရားဒကာႀကီး ဦးဖိုးစိန္ခမ်ာ အပြဲပြဲႏြဲလာသမွ် တစ္ပြဲမွာေတာ့ေနာက္ေကာက္က်သြားရွာပါတယ္။ အဲသည္ျဖစ္ရပ္က ၁၉၂၀ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၀၀ ကျဖစ္ခဲ့တာပါ၊ ျမန႔္မာသမိုင္းမွာ

ပထမေက်ာင္းးသားသပိတ္ဆိုၿပီး ေမာ္ကြန္းတင္က်န္ရစ္တဲ့ တကၠသိုလ္ ေက်ာင္းသပိတ္၊ သပိတ္ေမွာက္ခဲ့တဲ့ရက္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၀ရက္ကို အမ်ိဳးသားေန႔ဆိုၿပီး ဂုဏ္ျပဳၾကရတဲ့ သပိတ္မွာ ေက်ာင္းသားေတြ ဦးဖိုးစိန္ႀကီး ထိပ္တိုကေတြ႕တာပါ။ ေက်ာင္းသားေတြ သပိတ္ေမွာက္ၾကေတာ့ သပိတ္ေကာ္မတီမွာ ရန္ကုန္ၿမိဳ႕ ၿမိဳ႕မ်က္ႏွာဖုံးေတြ ပါဝင္အားျဖည့္ေပးၾကပါတယ္၊

ရံပုံေငြအတြက္လည္းလူႀကီးေတြက ဦးေဆာင္ေကာင္ခံေပၚရွာပါတယ္။ သပိတ္ေကာ္မတီက ဦးဖိုးစိန္ဆီမွာ အလႉခံတဲ့အခါ ဦးဖိုးစိန္က သပိတ္ကိုမေထာက္ခံေၾကာင္းေျပာဆိုၿပီး အလႈေငြမဖစ္စေလာက္ေလးသာ ထည့္ပါသတဲ့။ ဒါနဲ႔ေက်ာင္းသာေတြက ၿမိဳ႕တိုင္း ၿမိဳ႕တိုင္းမွာ ဖိုးစိန္ပြဲကလို႔မရေအာင္ ေက်ာင္းသားေတြက ဦးေဆာင္တားဆီးရမယ္လို႔ အမိန႔္ထုတ္လိုက္ၾကပါတယ္။

ၿမိဳ႕လူထုကလည္း ေက်ာင္းသားသပိတ္ဖက္က မရပ္တည္တဲ့ ဦးဖိုးစိနိကို သပိတ္ေမွာက္ၿပီး ဘယ္သူမွပြဲလာမၾကည့္ၾကေတာ့ပါဖူး၊ ဖိုးစိန္က ပထမတင္းပါေသးတယ္။ ရန္ကုန္မွာ မကရလဲ မႏၲေလးတက္ၾကတာေပါ့ဆိုၿပီး မႏၲေလးသြားကလဲ ၾကည့္မည့္သူမရွိ၊ ဒါနဲ႔ ေမာ္လၿမိဳင္သြားလဲ အေျခအေနပိုဆိုးလာလို႔ social punishment အရသာကို ေကာင္းေကာင္းခံစားလိုက္ရေတာ့မွ

ဦးဖိုးစိန္ဟာ သူရိယ ျမန္မာ့အလင္း သတင္းစာေတြကေန ေက်ာင္းသားေတြနဲ႔ ျပည္သူကို တရားဝင္ ဝန္ခ်ေတာင္းပန္ရပါေတာ့တယ္။ ၿမိဳ႕ႀကီးေတြမွာ ကန္ေတာ့ပြဲကို ကားေခါင္းခန္းတင္ၿပီး ၿမိဳ႕ကိုလွည့္ၿပီး ေတာင္းပန္ရပါတယ္။ သခင္ကိုယ္ေတာ္မႈိင္းလို image ႀကီးေတြကို ခ်ည္းကပ္ၿပီး ေတာင္းပန္လို႔

ဆရာႀကီးက ေမာင္ဖိုးစိန္ေတာင္းပန္ေၾကာင္းႏွင့္ ေက်ေအးေပးၾကဖို႔ ေဆာင္းပါးေရးၿပီး ၾကားဝင္ေစ့စပ္ေမတၱာရပ္ေတာ့မွ ျပည္သူရဲ႕ေမတၱာျပန္ရၿပီး ပြဲျပန္ကလို႔ ရသြားပါတယ္။ Social Punishment ဆိုတာ ဘယ္ေလာက္ အင္အားႀကီးသလဲဆိုတာ အဲသည္ ဦးဖိုးစိန္နဲ႔ေက်ာင္းသားထုရဲ႕ ျဖစ္ရပ္က သက္ေသပါပဲ။

ဒီေန႔Cele ဆိုသူေတြလဲ သည္ျဖစ္ရပ္ကို သင္ခန္းစာယူႏိုင္ၾကပါေစ။ အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ‌ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ လူထုေဒၚအမာေရး ေအာင္ဗလ၊ဖိုးစိန္၊ စိန္ကတုံးစာအုပ္မွ

crd ; သုတဇုန္

Unicode

လွန်ခဲ့တဲ့ နှစ်၁၀၀က Social Punishment (သို)့ ပြည်သူလူထုရဲ့ဒဏ်ခတ်ခြင်းခံခဲ့ရတဲ့ ဇတ်မင်းသာကြီး ဦးဖိုးစိန် Cele တွေထဲက Social Punishment ရဲ့ အရသာကို ပထမဆုံး ခံစားဖူးသူကတော့ ဂရိတ် ဦးဖိုးစိန်ပါပဲ၊ မင်းသား ဦးဖိုးစိန်အကြောင်းကို အလယ်တန်းသင်ရိုးမှာ သင်ဖူးကြမှာပါ ။ ဦးဖိုးစိန်ဆိုတာ ပေါ့သေးသေးတော့ မဟုတ်ပါဖူး

သူ့ခောတ်မှာတော့ ဒိတ်ဒိတ်ကြဲ Cele ကြီးပါ။ ရန်ကုန်တာမွေက သူနေသွားတဲ့လမ်းကို ဖိုးစိန်လမ်းဆိုပြီး နာမည်တွင်ကျန်တဲ့သူ၊ ဇာတ်ပွဲကို ရွက်ထည်ရုံကြီးနဲ့ စတင်ကပြသူ၊ ကိုယ်ပိုင်သဘောင်္ဝယ် ဇာတ်တဖွဲ့လုံးကို သဘောင်္ပေါ်တင် အင်္ဂလိပ်ကို မာလိန်မှူးခန့် ဧရာဝတီကိုစုန်ဆန်မောင်းပြီး ဇာတ်ပွဲကတဲ့ ပုဂ္ဂိုလ်၊ ယိမ်းအဖွဲ့ကို မျက်နှာဖြူမတွေနဲ့ချည်းဖွဲ့ပြီး ယိမ်းကစေတဲ့မင်းသား၊

အင်္ဂလိပ်အစိုးရကပေးတဲ့ တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ TPS ဘွဲ့ရှင်၊ အဲသည်ခေတ်ကယောကျ်ားခြင်း မနာလိုလောက်အောင် အမျိုးသမီးထုကြီးရဲ့ အားပေးမှုကို တခဲနက် ရထားသူ၊ အလှူ အတန်းဆိုလဲ လက်မနှေးတဲ့ စိန်မဟာသဘင်ဇာတ်ဆရာကြီး ဘုရားဒကာကြီး ဦးဖိုးစိန်ခမျာ အပွဲပွဲနွဲလာသမျှ တစ်ပွဲမှာတော့နောက်ကောက်ကျသွားရှာပါတယ်။

အဲသည်ဖြစ်ရပ်က ၁၉၂၀ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကဖြစ်ခဲ့တာပါ၊ မြန့်မာသမိုင်းမှာ ပထမကျောင်းးသားသပိတ်ဆိုပြီး မော်ကွန်းတင်ကျန်ရစ်တဲ့ တက္ကသိုလ် ကျောင်းသပိတ်၊ သပိတ်မှောက်ခဲ့တဲ့ရက် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်ကို အမျိုးသားနေ့ဆိုပြီး ဂုဏ်ပြုကြရတဲ့ သပိတ်မှာ ကျောင်းသားတွေ ဦးဖိုးစိန်ကြီး ထိပ်တိုကတွေ့တာပါ။

ကျောင်းသားတွေ သပိတ်မှောက်ကြတော့ သပိတ်ကော်မတီမှာ ရန်ကုန်မြို့ မြို့မျက်နှာဖုံးတွေ ပါဝင်အားဖြည့်ပေးကြပါတယ်၊ ရံပုံငွေအတွက်လည်းလူကြီးတွေက ဦးဆောင်ကောင်ခံပေါ်ရှာပါတယ်။ သပိတ်ကော်မတီက ဦးဖိုးစိန်ဆီမှာ အလှူခံတဲ့အခါ ဦးဖိုးစိန်က သပိတ်ကိုမထောက်ခံကြောင်းပြောဆိုပြီး အလှုငွေမဖစ်စလောက်လေးသာ ထည့်ပါသတဲ့။

ဒါနဲ့ကျောင်းသာတွေက မြို့တိုင်း မြို့တိုင်းမှာ ဖိုးစိန်ပွဲကလို့မရအောင် ကျောင်းသားတွေက ဦးဆောင်တားဆီးရမယ်လို့ အမိန့်ထုတ်လိုက်ကြပါတယ်။ မြို့လူထုကလည်း ကျောင်းသားသပိတ်ဖက်က မရပ်တည်တဲ့ ဦးဖိုးစိနိကို သပိတ်မှောက်ပြီး ဘယ်သူမှပွဲလာမကြည့်ကြတော့ပါဖူး၊ ဖိုးစိန်က ပထမတင်းပါသေးတယ်။

ရန်ကုန်မှာ မကရလဲ မန္တလေးတက်ကြတာပေါ့ဆိုပြီး မန္တလေးသွားကလဲ ကြည့်မည့်သူမရှိ၊ ဒါနဲ့ မော်လမြိုင်သွားလဲ အခြေအနေပိုဆိုးလာလို့ social punishment အရသာကို ကောင်းကောင်းခံစားလိုက်ရတော့မှ ဦးဖိုးစိန်ဟာ သူရိယ မြန်မာ့အလင်း သတင်းစာတွေကနေ ကျောင်းသားတွေနဲ့ ပြည်သူကို တရားဝင် ဝန်ချတောင်းပန်ရပါတော့တယ်။

မြို့ကြီးတွေမှာ ကန်တော့ပွဲကို ကားခေါင်းခန်းတင်ပြီး မြို့ကိုလှည့်ပြီး တောင်းပန်ရပါတယ်။ သခင်ကိုယ်တော်မှိုင်းလို image ကြီးတွေကို ချည်းကပ်ပြီး တောင်းပန်လို့ ဆရာကြီးက မောင်ဖိုးစိန်တောင်းပန်ကြောင်းနှင့် ကျေအေးပေးကြဖို့ ဆောင်းပါးရေးပြီး ကြားဝင်စေ့စပ်မေတ္တာရပ်တော့မှ ပြည်သူရဲ့မေတ္တာပြန်ရပြီး ပွဲပြန်ကလို့ ရသွားပါတယ်။

Social Punishment ဆိုတာ ဘယ်လောက် အင်အားကြီးသလဲဆိုတာ အဲသည် ဦးဖိုးစိန်နဲ့ကျောင်းသားထုရဲ့ ဖြစ်ရပ်က သက်သေပါပဲ။ ဒီနေ့Cele ဆိုသူတွေလဲ သည်ဖြစ်ရပ်ကို သင်ခန်းစာယူနိုင်ကြပါစေ။ အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော‌နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ လူထုဒေါ်အမာရေး အောင်ဗလ၊ဖိုးစိန်၊ စိန်ကတုံးစာအုပ်မှ

crd ; သုတဇုန်