Tue. Dec 7th, 2021

Zawgyi






Credit-Cele News

Unicode

ဟန်ဆောင်မှုကင်းတဲ့အပြုံးတွေနဲ့ အချဉ်ပေါင်းတွေရက်ရက်ရောရော လိုက်ဝေပေးနေတဲ့အန်တီကြီးကို မြင်ပါများလို့ချစ်နေပြီဖြစ်ကြောင်းပြောလိုက်တဲ့ ပိုးအိအိခန့်ပရိသတ်ကြီးရေ ယခုလိုဒီမိုကရေစီရရှိရေးအတွက်၊ဆန္ဒဖော်ထုတ်နေတဲ့ အချိန်ကာလမှာပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ ကိုယ်တတ်နိုင်တဲ့ဘက်ကပါဝင်ကူညီ အားဖြည့်ပေးရင်း

လက်တွဲညီညီနဲ့ တိုက်ပွဲဝင်နေကြတာပဲဖြစ်ပါတယ်နော်။ ယခုအခါမှာလည်း နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ပြည်သူများကို အချဉ်ပေါင်းတွေကိုစေတနာအစစ်အမှန်နဲ့လိုက်ဝေနေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့မြင်ရပါတယ်နော်။အဆိုပါအချဉ်ပေါင်းသည်အန်တီကြီးကတော့၊စေတနာပါပါနဲ့ အချဉ်ပေါင်းတွေကို လိုက်ကျွေးရုံသာမက စားသုံးနေသူတွေကိုပါ

ဟန်ဆောင်မှုမရှိတဲ့ အပြုံးချိုချိုနဲ့ ပြုံးရယ်ပြတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။စေတနာမှန်လို့ရောင်ပြန်ဟပ်ခဲ့တဲ့အန်တီကြီးကို ပြည်သူတစ်ဦးက အိမ်နဲ့ခြံ အလကားပေးခဲ့ပါတယ်။ထိုအန်တီကြီးရဲ့အချဉ်ပေါင်းလိုက်ဝေပေးမှုဟာလူမှုကွန်ယက်စာမျက်နှာမှာ အတော်လေးရေပန်းစားခဲ့ပါတယ်။မြင်တွေ့ရတဲ့လူတိုင်းကလည်း အန်တီကြီးရဲ့အပြုံးတွေကိုကြည့်ပြီးချစ်ခင်နေကြပါတယ်။

ထိုချစ်ခင်နေတဲ့အထဲမှာမင်းသမီးလေးပိုးအိအိခန့်တစ်ယောက်လည်းပါဝင် ပါတယ်နော်။ပိုးအိအိခန့်က “မြင်ပါများပြီး အဲ့ဗန်းကြီးကိုစားချင်လာသလို မြင်လိုက်တိုင်းလည်း အဲ့ဒီအပြုံးကြီးနဲ့ ကျက်သရေရှိလွန်းလို့ ချစ်လာပြီ အန်တီရေ” ဆိုပြီးသူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာတင်ပြထားတာကို တွေ့ရပါတယ်နော်။ အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော‌နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit-Cele News