Mon. Nov 29th, 2021

Zawgyi

CDM လုပ္တဲ့ဝန္ထမ္းေတြကို ကိုယ္တိုင္ က်န္းမာေရးေစာင့္ေရွာက္မႈေတြျပဳလုပ္ေပးခဲ့တဲ့ ပိုင္ၿဖိဳးသု

ပရိသတ္အခ်စ္ေတာ္ပိုင္ၿဖိဳးသုကေတာ့ အခုျဖစ္ေပၚေနတဲ့ အေျခအေနေတြတဲ့ပတ္သက္ၿပီးလည္း တက္ႏိုင္တဲ့ဘက္က အစြမ္းကုန္ ျပည္သူတစ္ေယာက္အေနနဲ႔ ပါဝင္ရပ္တည္ေပးခဲ့တာေၾကာင့္ အားလုံးက ေလးစားခ်စ္ခင္ေနၾကတာပါ။ လမ္းေပၚထြက္ကာ လႈပ္ရွားမႈေတြျပဳလုပ္ခဲ့သလို သတင္းအခ်က္အလက္ေတြကို အမွန္ကန္ဆုံးနဲ႔

အထိေရာက္ဆုံးျဖစ္ေအာင္ႏိုင္ငံတကာကသတင္းဌာနေတြအထိ ေျပာျပေပးေနတာလည္းေတြရပါတယ္။ အခုလိုမ်ိဳး လုပ္ေဆာင္ခဲ့တာေတြေၾကာင့္ ၿခိမ္းေျခာက္ခံရမႈေတြရွိေနခဲ့ေပမယ့္လည္း ေၾကက္႐ြံျခင္းမရွိဘဲ ခုခ်ိန္ထိရရာေနရာကေန ျပည္သူေတြနဲ႔အတူ ဆက္လက္တိုက္ပြဲဝင္ေနဆဲပါ။ CDM မွာပါဝင္ခဲ့တဲ့ ဝန္ထမ္းေတြကိုလည္း

စားဝတ္ေနေရး အဆင္ေျပေစရန္ အလႉေငြေတြလည္း လႉဒါန္းခဲ့ရာ ေလးစားစြာေတြ႕ျမင္ရပါတယ္။ အခုလည္း CDM လုပ္ေနတဲ့ဝန္ထမ္းေတြဆီကို ကိုယ္တိုင္သြားေရာက္ကာ က်န္းမာေရးေစာင့္ေရွာက္မႈေတြျပဳလုပ္ေပးခဲ့ျပန္ပါတယ္။ သူ႔ရဲ႕လူမႈကြန္ရက္မွာေတာ့ ” CDMဝန္ထမ္းေတြကိုက်န္းမာေရးေစာင့္ေရွာက္မႈသြားေပးၾကတဲ့

CDMဆရာဝန္ေတြအဖြဲ႕နဲ႔လိုက္လုပ္အားေပးျဖစ္ပါတယ္… ဆရာဝန္အျဖစ္ေဆးမကုတာၾကာၿပီျဖစ္တာကတစ္ေၾကာင္း(ေက်ာင္းတုန္းကတည္းကလည္းကိုယ္ကပါခ်ီပါခ်ဲ႕ဆရာဝန္ စာေတာ္တာမဟုတ္) ဆမလည္းမရွိတာမို႔ ေဆးကုသမႈအပိုင္းကိုတာဝန္မယူပဲ CDMသူနာျပဳဆရာမေလးေတြနဲ႔အတူ အထူးကုဆရာဝန္ေတြမၾကည့္ခင္မွာ

Vital signsေတြယူေပးရတဲ့တာဝန္ကိုပဲယူခဲ့ပါတယ္… CDMဝန္ထမ္းေတြအတြက္ တစ္ခုခုျပန္လည္လုပ္ေပးခြင့္ရခဲ့လို႔ ေပးjoinတဲ့အကိုအမေတြသူငယ္ခ်င္းေတြကိုအထူးေက်းဇူးပါ… နားၾကပ္မကိုင္တာ(၆)ႏွစ္အၾကာျပန္ကိုင္ေတာ့အရင္လိုဗမာအက်ႌဝမ္းဆက္နဲ႔မဟုတ္ ဝရမ္းေျပးဖက္ရွင္နဲ႔ျဖစ္ေနရတာေတာ့အမွတ္တရပါပဲ…ဦးဏႀကီးေရာလို႔ေမးရင္

ဟုတ္ကဲ့ပါပါတယ္ရွင္(သူကCDMဝန္ထမ္းေတြအတြက္အလႉေငြေကာက္ခံရရွိထားတာေတြကို ဦးေဆာင္သူအမေတြလက္ထဲလိုက္လႊဲေပးတာပါ)ဟိုဘက္ရပ္ကြက္ကဘာစာထုတ္ထားထုတ္ထားကြၽန္မတို႔ဒီဘက္ရပ္ကြက္ကအဖက္မလုပ္ပါဘူးရွင္…ကိုယ့္လူေတြအတြက္ကိုယ္လုပ္ႏိုင္သမွ်ေတာ့ရွာႀကံလုပ္ေနၾကမွာပါ… အေရးေတာ္ပုံေအာင္ရမည္” ဆိုတဲ့စာေလးနဲ႔အတူ႔ျပည္သူေတြအားတက္စရာေျပာျပေပးထားပါတယ္။

celeupdatenews

Unicode

CDM လုပ်တဲ့ဝန်ထမ်းတွေကို ကိုယ်တိုင် ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးခဲ့တဲ့ ပိုင်ဖြိုးသု

ပရိသတ်အချစ်တော်ပိုင်ဖြိုးသုကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေတဲ့ပတ်သက်ပြီးလည်း တက်နိုင်တဲ့ဘက်က အစွမ်းကုန် ပြည်သူတစ်ယောက်အနေနဲ့ ပါဝင်ရပ်တည်ပေးခဲ့တာကြောင့် အားလုံးက လေးစားချစ်ခင်နေကြတာပါ။ လမ်းပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်ခဲ့သလို သတင်းအချက်အလက်တွေကို အမှန်ကန်ဆုံးနဲ့အထိရောက်ဆုံးဖြစ်အောင်နိုင်ငံတကာကသတင်းဌာနတွေအထိ

ပြောပြပေးနေတာလည်းတွေရပါတယ်။ အခုလိုမျိုး လုပ်ဆောင်ခဲ့တာတွေကြောင့် ခြိမ်းခြောက်ခံရမှုတွေရှိနေခဲ့ပေမယ့်လည်း ကြေက်ရွံခြင်းမရှိဘဲ ခုချိန်ထိရရာနေရာကနေ ပြည်သူတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်နေဆဲပါ။ CDM မှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကိုလည်း စားဝတ်နေရေး အဆင်ပြေစေရန် အလှူငွေတွေလည်း လှူဒါန်းခဲ့ရာ လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း CDM လုပ်နေတဲ့ဝန်ထမ်းတွေဆီကို ကိုယ်တိုင်သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးခဲ့ပြန်ပါတယ်။ သူ့ရဲ့လူမှုကွန်ရက်မှာတော့ ” CDMဝန်ထမ်းတွေကိုကျန်းမာရေးစောင့်ရှောက်မှုသွားပေးကြတဲ့ CDMဆရာဝန်တွေအဖွဲ့နဲ့လိုက်လုပ်အားပေးဖြစ်ပါတယ်… ဆရာဝန်အဖြစ်ဆေးမကုတာကြာပြီဖြစ်တာကတစ်ကြောင်း(ကျောင်းတုန်းကတည်းကလည်းကိုယ်ကပါချီပါချဲ့ဆရာဝန် စာတော်တာမဟုတ်)

ဆမလည်းမရှိတာမို့ ဆေးကုသမှုအပိုင်းကိုတာဝန်မယူပဲ CDMသူနာပြုဆရာမလေးတွေနဲ့အတူ အထူးကုဆရာဝန်တွေမကြည့်ခင်မှာ Vital signsတွေယူပေးရတဲ့တာဝန်ကိုပဲယူခဲ့ပါတယ်… CDMဝန်ထမ်းတွေအတွက် တစ်ခုခုပြန်လည်လုပ်ပေးခွင့်ရခဲ့လို့ ပေးjoinတဲ့အကိုအမတွေသူငယ်ချင်းတွေကိုအထူးကျေးဇူးပါ…

နားကြပ်မကိုင်တာ(၆)နှစ်အကြာပြန်ကိုင်တော့အရင်လိုဗမာအင်္ကျီဝမ်းဆက်နဲ့မဟုတ် ဝရမ်းပြေးဖက်ရှင်နဲ့ဖြစ်နေရတာတော့အမှတ်တရပါပဲ…ဦးဏကြီးရောလို့မေးရင် ဟုတ်ကဲ့ပါပါတယ်ရှင်(သူကCDMဝန်ထမ်းတွေအတွက်အလှူငွေကောက်ခံရရှိထားတာတွေကို ဦးဆောင်သူအမတွေလက်ထဲလိုက်လွှဲပေးတာပါ)

ဟိုဘက်ရပ်ကွက်ကဘာစာထုတ်ထားထုတ်ထားကျွန်မတို့ဒီဘက်ရပ်ကွက်ကအဖက်မလုပ်ပါဘူးရှင်…ကိုယ့်လူတွေအတွက်ကိုယ်လုပ်နိုင်သမျှတော့ရှာကြံလုပ်နေကြမှာပါ… အရေးတော်ပုံအောင်ရမည်” ဆိုတဲ့စာလေးနဲ့အတူ့ပြည်သူတွေအားတက်စရာပြောပြပေးထားပါတယ်။

celeupdatenews