ႏိုင္ငံတကာႏွင့္ေပါင္းၿပီး စစ္အာဏာရွင္ေတြကို ျဖဳတ္ခ်မယ့္ အစီအစဥ္အေသးစိတ္ကို KNUေျပာၿပီ

Zawgyi

စစ္အာဏာရွင္စနစ္ကို ႏိုင္ငံတကာနဲ႔ေပါင္းၿပီး အျမစ္ျပတ္သုတ္သင္ရွင္းလင္းသြားမယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ (၅) က မတ္လ ၅ ရက္ေန႔ ဒီကေန႔ မွာ ထုတ္ျပန္လိုက္ပါတယ္။ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့ ျပည္သူေတြကို စစ္ေကာင္စီရဲ႕ စစ္တပ္နဲ႔ ရဲေတြက ဆက္လက္အေႏွာင့္အယွက္ေပး ပစ္ခတ္သတ္ျဖတ္ေနမယ္ဆိုရင္ ခုခံကာကြယ္သြားမယ္လို႔လည္း

ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။ ျမန္မာစစ္တပ္ရဲ႕ လူမ်ိဳးႀကီးဝါဒနဲ႔ စစ္အာဏာရွင္စနစ္ဟာ တိုင္းရင္းသားလူနည္းစုေတြအတြက္ ႀကီးမားတဲ့အခက္အခဲျဖစ္တာေၾကာင့္ ျပည္တြင္းေနျပည္သူေတြ၊ တိုင္းရင္းသားေတြနဲ႔ ႏိုင္ငံတကာတို႔ လက္တြဲၿပီး စုေပါင္းတိုက္ထုတ္သြားရမယ္လို႔လည္း ေျပာထားပါတယ္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ဟာ စစ္အာဏာသိမ္းမႈကို ျပင္းျပင္းထန္ထန္ ကန႔္ကြက္ထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ႀကီးျဖစ္ပါတယ္။ ျမန္မာစစ္တပ္ကို ဆန႔္က်င္ၿပီး KNU နယ္ေျမထဲကို ထြက္ေျပးလာတဲ့ စစ္သားေတြကိုလည္း လက္ခံကူညီေပးထားပါတယ္။ လက္ရွိ ကရင္ျပည္နယ္တြင္း

စစ္အာဏာဆန႔္က်င္ေရး ဆႏၵျပေနတဲ့သူေတြကို KNU က လုံၿခဳံေရးေဆာင္႐ြက္ေပးေနသလို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၆ ရက္ ေန႔ကလည္း ဆႏၵျပသူေတြကို လူစုခြဲရင္း KNU ထိန္းခ်ဳပ္နယ္ေျမထဲ ေရာက္လာတဲ့ ျမန္မာစစ္တပ္က ဗိုလ္မႉးအဆင့္ အပါအဝင္ သုံးဦးကို ပစ္သတ္ခဲ့ပါတယ္။

RFA

Unicode

စစ်အာဏာရှင်စနစ်ကို နိုင်ငံတကာနဲ့ပေါင်းပြီး အမြစ်ပြတ်သုတ်သင်ရှင်းလင်းသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က မတ်လ ၅ ရက်နေ့ ဒီကနေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက ဆက်လက်အနှောင့်အယှက်ပေး ပစ်ခတ်သတ်ဖြတ်နေမယ်ဆိုရင်

ခုခံကာကွယ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ရဲ့ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ဟာ တိုင်းရင်းသားလူနည်းစုတွေအတွက် ကြီးမားတဲ့အခက်အခဲဖြစ်တာကြောင့် ပြည်တွင်းနေပြည်သူတွေ၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာတို့ လက်တွဲပြီး စုပေါင်းတိုက်ထုတ်သွားရမယ်လို့လည်း ပြောထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို ဆန့်ကျင်ပြီး KNU နယ်မြေထဲကို ထွက်ပြေးလာတဲ့ စစ်သားတွေကိုလည်း လက်ခံကူညီပေးထားပါတယ်။ လက်ရှိ ကရင်ပြည်နယ်တွင်း

စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြနေတဲ့သူတွေကို KNU က လုံခြုံရေးဆောင်ရွက်ပေးနေသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့ကလည်း ဆန္ဒပြသူတွေကို လူစုခွဲရင်း KNU ထိန်းချုပ်နယ်မြေထဲ ရောက်လာတဲ့ မြန်မာစစ်တပ်က ဗိုလ်မှူးအဆင့် အပါအဝင် သုံးဦးကို ပစ်သတ်ခဲ့ပါတယ်။

RFA