Zawgyi

အႏုပညာရွင္တစ္ေယာက္အေနနဲ႔ ျပည္သူေတြနဲ႔အတူ တစ္တပ္တစ္အား ပူးေပါင္းေနတဲ့ စိုင္းစိုင္းခမ္းလိုင္ ကေတာ့လူထုလႈပ္ရွားမႈေတြမွာ ေန႔တိုင္းပါဝင္ေနတာျဖစ္ပါတယ္။စိုင္းစိုင္းခမ္းလိုင္က လမ္းမေပၚထြက္ၿပီးေတာ့လည္း မပင္မပန္းလႈပ္ရွားေနၾကတဲ့ ျပည္သူေတြအတြက္ စားစရာ၊ ေသာက္စရာေတြကို တစ္ႏိုင္တစ္ပိုင္လႉဒါန္းေသးတာျဖစ္ပါတယ္။

စိုင္းစိုင္းက ျပည္သူေတြနဲ႔ တစ္သားတည္းရွိကာ လူအုပ္ေတြၾကားထဲဝင္ထိုင္ၿပီးေတာ့လည္း လက္ရွိအေျခအေနကို ျပတ္ျပတ္သားသားရင္ဆိုင္ေနတာျဖစ္ပါတယ္။စိုင္းစိုင္းကေတာ့ အခုလိုကာလမွာ အကူအညီလိုအပ္ေနတဲ့သူေတြကိုလည္း တစ္ေထာင့္တစ္ေနရာကေန ကူညီေဖးမေပးတာျဖစ္ပါတယ္။ အခုရက္ပိုင္းေတြမွာဆိုရင္ လူထုလႈပ္ရွားမႈမွာပါဝင္ရင္း

အသက္ေပးသြားၾကရတဲ့ သူရဲေကာင္းေတြ လည္း အမ်ားအျပားရွိေနၿပီျဖစ္ပါတယ္။ျပည္သူလူထုကေတာ့ က်ဆုံးသြားတဲ့လူငယ္ေတြရဲ႕ မိသားစုကို တတ္ႏိုင္သေလာက္ေစာင့္ေရွာက္ေပးၾကတာျဖစ္ပါတယ္။ဒီေန႔မွာဆိုရင္ စိုင္းစိုင္းက (၃.၃.၂၀၂၁)ရက္၊ဗုဒၶဟူးေန႔မွာ က်ဆုံးသြားတဲ့ေမာင္မင္းဦးရဲ႕ က်န္ရစ္သူမိသားစုဆီကို ကိုယ္တိုင္

ကိုယ္က် သြားေရာက္ခဲ့ၿပီး လိုအပ္တာကိုကူညီေထာက္ပံ့ေပးခဲ့တာျဖစ္ပါတယ္။ေမာင္မင္းဦးကေတာ့ အသက္(၂၁)အ႐ြယ္ပဲရွိေသးၿပီး အေစာဆုံးေႂကြလြင့္သြားခဲ့ရလို႔ က်န္ရစ္သူမိသားစုနဲ႔ထပ္တူ ျပည္သူလူထုက ျဖည္မဆည္ႏိုင္ေအာင္ ဝမ္းနည္းေနၾကတာျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလိုင္ကလည္း ေျမာက္ဥကၠလာပ(၂)ရပ္ကြက္မွာရွိတဲ့ က်န္ရစ္သူမိသားစုရဲ႕ေနအိမ္ကို

သြားၿပီး အားေပး စကားေလးေတြေျပာကာ ေဖာ္ေဖာ္ေ႐ြေ႐ြဆက္ဆံခဲ့တာျဖစ္ပါတယ္။စိုင္းစိုင္းကလည္း အခုလိုကာလမ်ိဳးမွာ တတ္ႏိုင္တဲ့ဘက္ကေနကူညီေပးၿပီး ျပည္သူေတြအတြက္အဆင္သင့္ရွိေနတာျဖစ္ပါတယ္။က်န္ရစ္သူမိသားစုကလည္း အခုလိုမ်ိဳးႏိုင္ငံေက်ာ္အႏုပညာရွင္က လာေရာက္ ေဖးမေပးလို႔ ပိုအားတက္သြားၿပီး ကိုယ့္မိသားစုဝင္လိုမ်ိဳး ငိုယိုရင္ဖြင့္ေနတာပဲျဖစ္ပါတယ္။

စိုင္းစိုင္းရဲ႕ပရိသတ္တစ္ေယာက္ကေတာ့“ကြၽန္ေတာ္စိုင္းစိုင္းရဲ႕အမာခံပရိတ္သတ္ပါ ၿပီးေတာ့သူ႔ကို အရမ္းစိတ္ဆိုးေနတဲ့လူတစ္ေယာက္ပါ။သူနဲ႔ပတ္သက္တဲ့ GPေတြအကုန္ထြက္ထားတဲ့အထိစိတ္ဆိုးေနတာပါ။ဒီေန႔ကြၽန္ေတာ္တို႔လိုအညတရ လမ္းေလးထဲကို ကိုယ္တိုင္ကိုယ္က်လာလႉေပးလိမ့္မယ္လို႔လည္း

မထင္ထားမိတာအမွန္ပါ ဒါေၾကာင့္အရမ္းေက်းဇူးတင္ပါတယ္ ။ေသခ်ာလက္ဆြဲႏႈတ္ဆက္ၿပီးလည္း စိတ္ဆိုးခဲ့တဲ့အေၾကာင္း ေတာင္းပန္ပါတယ္ဆိုတဲ့အေၾကာင္း အခုလိုလမ္းေလးထဲကိုယ္တိုင္လာလႉေပးခဲ့လို႔ ေက်းဇူးအရမ္းတင္ရသလို ဆက္ၿပီးလည္းအားေပးသြားပါမယ္လို႔လည္းကတိေပးလိုက္ပါတယ္။ သူကလည္း ရပါတယ္

ကြၽန္ေတာ္လည္းစိတ္မေကာင္းေတာ္ေတာ္ျဖစ္ေနပါတယ္ ကြၽန္ေတာ္တတ္ႏိုင္တဲ့ဘက္က လိုက္လႉေပးေနပါတယ္လို႔ သူ႔ထုံးစံအတိုင္း တ႐ိုတေသကိုျပန္ေျပာပါတယ္။ျပန္ခါနီးေတာင္ကြၽန္ေတာ့္ကို တ႐ိုတေသႏႈတ္ဆက္သြားရွာပါတယ္။ကြၽန္ေတာ္ ဝန္ခံပါတယ္ အခုလိုအျပင္မွာကိုယ္တိုင္မႀကဳံလိုက္ရရင္

သူ႔ကိုဆက္ၿပီးအထင္လြဲေနဦးမွာပါပဲ သူ႔မ်က္ဝန္းထဲမွာလည္းနီရဲၿပီးဝမ္းနည္းေနတာေတြ‌ေတြ႕ရလိုက္ပါတယ္။အိမ္ရွင္ေတြကိုယ္စား ကြၽန္ေတာ္တို႔တစ္လမ္းလုံးကိုယ္စားေက်းဇူးအရမ္းတင္ပါတယ္ဦးဦးစိုင္းစိုင္းခင္မ်ာ မင္းဦးေကာင္းရာသုဂတိကသာဓုေခၚဆိုႏိုင္ပါေစ”ဆိုၿပီး ေရးသားမွ်ေဝလာတာျဖစ္ပါတယ္။

Source&Photo Credit:Khin Saung Hmue’s FB Acc/Sai Sai Kham Leng’s FB page

Posted in Celebrity

Unicode

အနုပညာရှင်တစ်ယောက်အနေနဲ့ ပြည်သူတွေနဲ့အတူ တစ်တပ်တစ်အား ပူးပေါင်းနေတဲ့ စိုင်းစိုင်းခမ်းလိုင် ကတော့လူထုလှုပ်ရှားမှုတွေမှာ နေ့တိုင်းပါဝင်နေတာဖြစ်ပါတယ်။စိုင်းစိုင်းခမ်းလိုင်က လမ်းမပေါ်ထွက်ပြီးတော့လည်း မပင်မပန်းလှုပ်ရှားနေကြတဲ့ ပြည်သူတွေအတွက် စားစရာ၊ သောက်စရာတွေကို တစ်နိုင်တစ်ပိုင်လှူဒါန်းသေးတာဖြစ်ပါတယ်။

စိုင်းစိုင်းက ပြည်သူတွေနဲ့ တစ်သားတည်းရှိကာ လူအုပ်တွေကြားထဲဝင်ထိုင်ပြီးတော့လည်း လက်ရှိအခြေအနေကို ပြတ်ပြတ်သားသားရင်ဆိုင်နေတာဖြစ်ပါတယ်။စိုင်းစိုင်းကတော့ အခုလိုကာလမှာ အကူအညီလိုအပ်နေတဲ့သူတွေကိုလည်း တစ်ထောင့်တစ်နေရာကနေ ကူညီဖေးမပေးတာဖြစ်ပါတယ်။ အခုရက်ပိုင်းတွေမှာဆိုရင် လူထုလှုပ်ရှားမှုမှာပါဝင်ရင်း

အသက်ပေးသွားကြရတဲ့ သူရဲကောင်းတွေ လည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ပြည်သူလူထုကတော့ ကျဆုံးသွားတဲ့လူငယ်တွေရဲ့ မိသားစုကို တတ်နိုင်သလောက်စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင် စိုင်းစိုင်းက (၃.၃.၂၀၂၁)ရက်၊ဗုဒ္ဓဟူးနေ့မှာ ကျဆုံးသွားတဲ့မောင်မင်းဦးရဲ့ ကျန်ရစ်သူမိသားစုဆီကို ကိုယ်တိုင် ကိုယ်ကျ

သွားရောက်ခဲ့ပြီး လိုအပ်တာကိုကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။မောင်မင်းဦးကတော့ အသက်(၂၁)အရွယ်ပဲရှိသေးပြီး အစောဆုံးကြွေလွင့်သွားခဲ့ရလို့ ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ပြည်သူလူထုက ဖြည်မဆည်နိုင်အောင် ဝမ်းနည်းနေကြတာဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလိုင်ကလည်း မြောက်ဥက္ကလာပ(၂)ရပ်ကွက်မှာရှိတဲ့ ကျန်ရစ်သူမိသားစုရဲ့နေအိမ်ကို သွားပြီး

အားပေး စကားလေးတွေပြောကာ ဖော်ဖော်ရွေရွေဆက်ဆံခဲ့တာဖြစ်ပါတယ်။စိုင်းစိုင်းကလည်း အခုလိုကာလမျိုးမှာ တတ်နိုင်တဲ့ဘက်ကနေကူညီပေးပြီး ပြည်သူတွေအတွက်အဆင်သင့်ရှိနေတာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုကလည်း အခုလိုမျိုးနိုင်ငံကျော်အနုပညာရှင်က လာရောက် ဖေးမပေးလို့ ပိုအားတက်သွားပြီး ကိုယ့်မိသားစုဝင်လိုမျိုး ငိုယိုရင်ဖွင့်နေတာပဲဖြစ်ပါတယ်။

စိုင်းစိုင်းရဲ့ပရိသတ်တစ်ယောက်ကတော့“ကျွန်တော်စိုင်းစိုင်းရဲ့အမာခံပရိတ်သတ်ပါ ပြီးတော့သူ့ကို အရမ်းစိတ်ဆိုးနေတဲ့လူတစ်ယောက်ပါ။သူနဲ့ပတ်သက်တဲ့ GPတွေအကုန်ထွက်ထားတဲ့အထိစိတ်ဆိုးနေတာပါ။ဒီနေ့ကျွန်တော်တို့လိုအညတရ လမ်းလေးထဲကို ကိုယ်တိုင်ကိုယ်ကျလာလှူပေးလိမ့်မယ်လို့လည်း မထင်ထားမိတာအမှန်ပါ ဒါကြောင့်အရမ်းကျေးဇူးတင်ပါတယ် ။

သေချာလက်ဆွဲနှုတ်ဆက်ပြီးလည်း စိတ်ဆိုးခဲ့တဲ့အကြောင်း တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း အခုလိုလမ်းလေးထဲကိုယ်တိုင်လာလှူပေးခဲ့လို့ ကျေးဇူးအရမ်းတင်ရသလို ဆက်ပြီးလည်းအားပေးသွားပါမယ်လို့လည်းကတိပေးလိုက်ပါတယ်။ သူကလည်း ရပါတယ် ကျွန်တော်လည်းစိတ်မကောင်းတော်တော်ဖြစ်နေပါတယ် ကျွန်တော်တတ်နိုင်တဲ့ဘက်က လိုက်လှူပေးနေပါတယ်လို့ သူ့ထုံးစံအတိုင်း တရိုတသေကိုပြန်ပြောပါတယ်။

ပြန်ခါနီးတောင်ကျွန်တော့်ကို တရိုတသေနှုတ်ဆက်သွားရှာပါတယ်။ကျွန်တော် ဝန်ခံပါတယ် အခုလိုအပြင်မှာကိုယ်တိုင်မကြုံလိုက်ရရင် သူ့ကိုဆက်ပြီးအထင်လွဲနေဦးမှာပါပဲ သူ့မျက်ဝန်းထဲမှာလည်းနီရဲပြီးဝမ်းနည်းနေတာတွေ‌တွေ့ရလိုက်ပါတယ်။အိမ်ရှင်တွေကိုယ်စား ကျွန်တော်တို့တစ်လမ်းလုံးကိုယ်စားကျေးဇူးအရမ်းတင်ပါတယ်ဦးဦးစိုင်းစိုင်းခင်မျာ မင်းဦးကောင်းရာသုဂတိကသာဓုခေါ်ဆိုနိုင်ပါစေ”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Source&Photo Credit:Khin Saung Hmue’s FB Acc/Sai Sai Kham Leng’s FB page

Posted in Celebrity