ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ၏ အသိေပးခ်က္ထုတ္ျပန္

Zawgyi

ထုတ္ျပန္ခ်က္မူရင္းအတိုင္းျပန္လည္ေဖာ္ျပလိုက္ရပါသည္ ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈကို က်ဴးလြန္ေနၾကသည့္ CRPH ႏွင့္ CRPH ကဖြဲ႕စည္းသည့္ အဖြဲ႕အစည္းမ်ားႏွင့္စပ္လ်ဥ္း၍ အသိေပးထုတ္ျပန္ခ်က္ ၁၃၈၂ ခုႏွစ္၊ တပို႔တြဲလျပည့္ေက်ာ္ ၇ ရက္ (၂၀၂၁ ခုႏွစ္၊ မတ္လ ၅ ရက္)

၁။ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာနည္းဥပေဒမ်ားႏွင့္ အမ်ိဳးသားလႊတ္ေတာ္ ဆိုင္ရာနည္းဥပေဒမ်ားအရ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ေျမာက္ျခင္း မရွိေသးသည့္ လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ တရားဝင္ရပ္တည္ပိုင္ခြင့္မရွိေသးသူမ်ားက “ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ” (CRPH)အမည္ျဖင့္ ေကာ္မတီဖြဲ႕စည္းေဆာင္႐ြက္ေနျခင္းသည္ ဥပေဒႏွင့္

ညီၫြတ္ျခင္းမရွိသည့္အျပင္ ႀကီးေလးသည့္ရာဇဝတ္မႈကို က်ဴးလြန္ရာေရာက္သျဖင့္ ယင္းတရားမဝင္ ေကာ္မတီတြင္ တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ပါဝင္ေဆာင္႐ြက္ျခင္းမျပဳၾကရန္ႏွင့္ ထိုသို႔ ေဆာင္႐ြက္ပါက ဥပေဒအရ ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၊ သတင္းထုတ္ျပန္ေရးအဖြဲ႕က အသိေပးထုတ္ျပန္ၿပီးျဖစ္ပါသည္။

၂။ ယခုအခါ အဆိုပါ CRPH က အစိုးရဖြဲ႕စည္းျခင္း၊ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားဖြဲ႕စည္းျခင္း စသည့္ ဥပေဒႏွင့္ဆန႔္က်င္သည့္အဖြဲ႕အစည္းမ်ား ဖြဲ႕စည္းေဆာင္႐ြက္ျခင္းကို လုပ္ေဆာင္လာေၾကာင္း ေတြ႕ရွိရပါသည္။ ယင္းသို႔ေသာ လုပ္ေဆာင္မႈမ်ားသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ဆန႔္က်င္သည့္

အျပင္ ရာဇသတ္ႀကီးပုဒ္မ ၁၂၂ အရ ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္ပုန္ကန္မႈကို က်ဴးလြန္ရာေရာက္ၿပီး ေသဒဏ္ျဖစ္ေစ၊ ႏွစ္ဆယ္ႏွစ္ကာလအထိ ေထာင္ဒဏ္ျဖစ္ေစခ်မွတ္ႏိုင္သည့္ ျပစ္မႈျဖစ္ပါသည္။ ထို႔အျပင္ CRPH ႏွင့္ CRPH ကဖြဲ႕စည္းသည့္အဖြဲ႕အစည္းမ်ားတြင္ တိုက္႐ိုက္ပါဝင္ေဆာင္႐ြက္ျခင္း

မရွိ ေသာ္လည္း CRPH ကိုအေထာက္အကူျပဳေစရန္အတြက္ ႏိုင္ငံ့ဝန္ထမ္းမ်ားကို တာဝန္ပ်က္ကြက္ေအာင္ ဆြဲေဆာင္စည္း႐ုံးသူမ်ား၊ လႈံ႕ေဆာ္သူမ်ား၊ ၿခိမ္းေျခာက္သူမ်ားသည္ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-ဃအရ အစိုးရအမႈထမ္းမ်ားအား ဟန႔္တားျခင္း သို႔မဟုတ္ ၿခိမ္းေျခာက္ျခင္းကို က်ဴးလြန္ရာေရာက္ၿပီး ေထာင္ဒဏ္ ခုနစ္ႏွစ္အထိ ခ်မွတ္ႏိုင္ေသာ ျပစ္မႈျဖစ္ပါသည္။

၃။ သို႔ပါ၍ ႏိုင္ငံေတာ္တည္ၿငိမ္ေရးကို ေႏွာင့္ယွက္ဖ်က္ဆီးလိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈကို က်ဴးလြန္ေနၾကသည့္ CRPH ႏွင့္ CRPH ကဖြဲ႕စည္းသည့္ အဖြဲ႕ အစည္းမ်ားတြင္ တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ပါဝင္ေဆာင္႐ြက္သူမ်ား၊ CRPH ႏွင့္ CRPH က ဖြဲ႕စည္းသည့္

အဖြဲ႕အစည္းမ်ားကို အားေပးကူညီသူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈကို က်ဴးလြန္ေနၾကသည့္ CRPH ႏွင့္ CRPH ကဖြဲ႕စည္းသည့္ အဖြဲ႕အစည္းမ်ားတြင္ တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ပါဝင္ ေဆာင္႐ြက္ျခင္းမျပဳၾကရန္ ထပ္မံအသိေပးထုတ္ျပန္အပ္ပါသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ

#TheSilentTalks

Unicode

ထုတ်ပြန်ချက်မူရင်းအတိုင်းပြန်လည်ဖော်ပြလိုက်ရပါသည် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်နေကြသည့် CRPH နှင့် CRPH ကဖွဲ့စည်းသည့် အဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ချက် ၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် (၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်)

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများနှင့် အမျိုးသားလွှတ်တော် ဆိုင်ရာနည်းဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မြောက်ခြင်း မရှိသေးသည့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် တရားဝင်ရပ်တည်ပိုင်ခွင့်မရှိသေးသူများက “ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ” (CRPH)အမည်ဖြင့် ကော်မတီဖွဲ့စည်းဆောင်ရွက်နေခြင်းသည်

ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ကြီးလေးသည့်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်သဖြင့် ယင်းတရားမဝင် ကော်မတီတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန်နှင့် ထိုသို့ ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပြီးဖြစ်ပါသည်။

၂။ ယခုအခါ အဆိုပါ CRPH က အစိုးရဖွဲ့စည်းခြင်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းခြင်း စသည့် ဥပဒေနှင့်ဆန့်ကျင်သည့်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းကို လုပ်ဆောင်လာကြောင်း တွေ့ရှိရပါသည်။ ယင်းသို့သော လုပ်ဆောင်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည့်

အပြင် ရာဇသတ်ကြီးပုဒ်မ ၁၂၂ အရ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ရာရောက်ပြီး သေဒဏ်ဖြစ်စေ၊ နှစ်ဆယ်နှစ်ကာလအထိ ထောင်ဒဏ်ဖြစ်စေချမှတ်နိုင်သည့် ပြစ်မှုဖြစ်ပါသည်။ ထို့အပြင် CRPH နှင့် CRPH ကဖွဲ့စည်းသည့်အဖွဲ့အစည်းများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းမရှိ

သော်လည်း CRPH ကိုအထောက်အကူပြုစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများကို တာဝန်ပျက်ကွက်အောင် ဆွဲဆောင်စည်းရုံးသူများ၊ လှုံ့ဆော်သူများ၊ ခြိမ်းခြောက်သူများသည် ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃအရ အစိုးရအမှုထမ်းများအား ဟန့်တားခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းကို ကျူးလွန်ရာရောက်ပြီး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သော ပြစ်မှုဖြစ်ပါသည်။

၃။ သို့ပါ၍ နိုင်ငံတော်တည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်နေကြသည့် CRPH နှင့် CRPH ကဖွဲ့စည်းသည့် အဖွဲ့ အစည်းများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်သူများ၊ CRPH နှင့် CRPH က ဖွဲ့စည်းသည့်

အဖွဲ့အစည်းများကို အားပေးကူညီသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်နေကြသည့် CRPH နှင့် CRPH ကဖွဲ့စည်းသည့် အဖွဲ့အစည်းများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင် ဆောင်ရွက်ခြင်းမပြုကြရန် ထပ်မံအသိပေးထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

#TheSilentTalks