ကြွေလွင့်သွားခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုများထံ သွားရောက်လှူဒါန်းခဲ့တဲ့ မေလသံစဉ်
Zawgyi
Unicode
သန့်ရှင်းစွာရရှိထားတဲ့ အနုပညာကြေးထဲကနေ တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို တစ်ဦး (၁)သိန်းဆီ လှူဒါန်းခဲ့တဲ့မေလသံစဉ်
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မေလသံစဉ်ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း ကိုယ်တိုင်ပါဝင်နေတာဖြစ်သလို ပါဝင်နေကြတဲ့ ပြည်သူတွေကိုလည်း စားစရာတွေလှူဒါန်းလေ့ရှိတာကြောင့် အားလုံးကလေးစား သဘောကျနေတာလည်းပါတယ်။တစ်နေ့ထက်တစ်နေ့ အရှိန်ဟုန်ပြင်းလာတဲ့လူထုလှုပ်ရှားမှုကြီးဟာ
အခုဆိုရင်အခက်အခဲအန္တရာယ်တွေရှိနေခဲ့ပေမယ့် အားလုံးကလက်မလျော့ဘဲ ဆက်လက်တိုက်ပွဲဝင်နေကြတာလည်းဖြစ်ပါတယ်။ ပြည်သူလူထုကော အနုပညာရှင်များကလည်း ရရာနေရာကနေအကူအညီတွေမျိုးစုံပေးကာ လူသားအချင်းချင်းကူညီစောင့်ရှောက်လျက်ရှိတာလည်းဖြစ်ပါတယ်။အခုလည်းမေလတစ်ယောက်
သူသန့်ရှင်းစွာ ရှာဖွေစုဆောင်းထားတဲ့ အနုပညာကြေးလေးထဲကနေမှ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်ရင်းအသက်ပေးသွားရတဲ့ သူရဲကောင်းတစ်ယောက်ချင်းဆီကို ငွေကျပ် တစ်သိန်းဆီလှူဒါန်းခဲ့တာကိုလေးစားစွာတွေ့မြင်ရပါတယ်။ ပုံလေးနဲ့အတူ ” နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသောသူရဲကောင်းများအတွက်
သန့်ရှင်းစွာ ရရှိထားတဲ့ အနုပညာကြေးထဲမှ တစ်ဦး (၁)သိန်းစီ လေးစားစွာဖြင့် လှူဒါန်းခဲ့ပါတယ် မိမိပြုသမျှ ကုသိုလ်တိုင်းလဲ အမျှပေးဝေပါတယ် သူရဲကောင်းတို့ ဖြစ်လေရာဘဝမှာ စိတ်ချမ်းသာစွာဖြင့် သက်တန်းစေ့ နေထိုင်ကြရပါစေလို့ “ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပြန်လည်ဝေမျှပေးရင်း မေလရဲ့စိတ်ဓာတ်လေးကိုဂုဏ်ပြုပေးလိုက်ပါအူးနော်။