Tue. Dec 7th, 2021

Zawgyi

ဆႏၵျပၾကသူေတြကို ကာကြယ္ဖို႔ Defense တည္ေဆာက္ျခင္း ႏွင့္ ဗားကရာလမ္းေပၚက သင္ခန္းစာ ! ဒီေန႔ ဗားကရာလမ္း ဆႏၵျပပြဲမွာမနက္တစ္ပိုင္းလုံးကေတာ့ ဆႏၵျပသူေတြ လုပ္ၾကတာက လူစုၿပီး ေအာ္မယ္။ ရဲေတြ ေျပးတက္လာရင္ ေျပးမယ္။ ရဲေတြ ၿငိမ္သြားရင္ လူျပန္စုမယ္။ ဆက္ေအာ္မယ္။ ဒါကိုပဲ ထပ္ခါ ထပ္ခါ လုပ္သြားတယ္။ ဒါေပမယ့္ တကယ့္ လူထု ခံစစ္ (defense) ကို စ တာက ညေန ၂ နာရီ ဝန္းက်င္မွာပါ။ သူတို႔လုပ္တဲ့ပုံစံက . .

ေရွ႕ဆုံးတန္း – ဒိုင္းေတြ ကိုင္တဲ့ လူငယ္ေတြ ရွိတယ္။

ဒုတိယတန္း – မီးသတ္ေဆးဗူး ကိုင္ထားသူ / ေရစိုဝတ္ ကိုင္ထားသူ / coca cola ဗူးနဲ႔ ေရဗူးေတြ ကိုင္ထားသူေတြ။ ေနာက္မွာေတာ့ ဆႏၵျပသူေတြ ရွိတယ္။ ေတာ္ေတာ္မ်ားမ်ားက mask ေတြ မ်က္လုံးအကာေတြ ဦးထုပ္ေတြ ေဆာင္းထားၾကတယ္။ ဆႏၵျပသူေတြ ေနာက္မွာ ရပ္ကြက္လူႀကီးေတြက လုံၿခဳံေရးအတြက္ ေစာင့္ၾကည့္ေပးေနတယ္။

⭕ အားသာခ်က္ေတြက ⭕

➡️ ရဲေတြ အတင္း မဝင္ရဲေတာ့ဘူး။

➡️ မ်က္ရည္ယို ဗုံးကို မီးသတ္ေဆးဗူးနဲ႔ တန္း ျဖန္းလိုက္တာနဲ႔ အရွိန္ေသသြားမယ္။

➡️ အဲ့မွာ မ်က္စိ စပ္သြားတဲ့သူေတြကို coca cola နဲ႔ မ်က္ႏွာသစ္ ခိုင္းတယ္။ ေရနဲ႔ ျပန္သစ္တယ္။ ခ်က္ခ်င္း သက္သာသြားတယ္။

➡️ သူတို႔ဘက္က ဒီ လူအုပ္ကို လြယ္လြယ္ၿဖိဳခြင္းလို႔ မရေတာ့ဘူး။ လူေတြက စနစ္တက် defense အျပည့္နဲ႔ ဆႏၵျပတာ ျဖစ္သြားတယ္။

➡️ အကယ္လို႔ ဟိုဘက္က အတင္းတက္လာရင္ ေျပးလို႔ရေအာင္ ရပ္ကြက္နဲ႔ ပူးေပါင္းၿပီး ထြက္ေပါက္လမ္းေတြ ရွာထားၿပီးသား။ တစ္ခ်ိဳ႕ရဲေတြက ကားေတြၾကားကေန ပုန္းၿပီး တက္လာၿပီး မ်က္ရည္ယိုဗုံး လာပစ္တယ္။ အဲ့တာေတြကိုပါ ရပ္ကြက္က ဝိုင္းၾကည့္ေပးတယ္။ အကယ္လို႔ တကယ္ပဲ ေျပးလႊားရေတာ့မယ္ဆို ေျပးလို႔ရေအာင္ ရပ္ကြက္က လမ္းျပေပးတယ္။ အိမ္ေတြက ကူညီၿပီး ေခၚထားေပးတယ္။

➡️ ဒီေတာ့ တစ္ခ်ိန္လုံး လူစုခြဲ ျပန္ၾကပါေတာ့ဆိုၿပီး လုပ္တဲ့ သူေတြလည္း ဘာမွ သိပ္ မေျပာႏိုင္ေတာ့ဘူး။ တကယ္ သတၱိရွိတဲ့သူေတြက ေနာက္ဆုံးအခ်ိန္ထိ ေတာင့္ခံခဲ့ႏိုင္ၾကတယ္။ အဖမ္းအဆီးရွိေပမယ့္ဝ႐ုန္းသုန္းကား အေျခအေန မဟုတ္ေတာ့တာမို႔ ေနာက္ပိုင္း ဘယ္သူမွ အဖမ္း မခံရေတာ့ဘူး။

သတိႀကီးႀကီး ထားစရာ အခ်က္လည္း သိခဲ့တယ္။ defense ေကာင္းေကာင္းနဲ႔ လူအုပ္စုကို ၿဖိဳခြဲဖို႔ ရဲကားေတြ အလုံးအရင္းနဲ႔ အေနာက္လမ္းက ဝင္ခ် လာတာပါပဲ။ ေရွ႕မွာ ရဲက နည္းသြားၿပီ။ ဒါမယ့္ ေနာက္ကေန တပ္အကူေတြ ေရာက္လာတာ။ ကံေကာင္းခ်င္ေတာ့ လူစုခြဲၿပီးသား ျဖစ္ေနေတာ့ အျပန္မွာပဲ ေတြ႕ေတာ့တယ္။

ဆိုေတာ့ အႏွစ္ခ်ဳပ္ရရင္ ဗားကရာလမ္း တိုက္ပြဲက မနက္တစ္ပိုင္းလုံး ဖ႐ိုဖရဲ ျဖစ္ေပမယ့္ ေန႔လည္ ေနာက္ပိုင္း တစ္ပိုင္းလုံးမွာေတာ့ အေတာ္ေလး စနစ္က်သြားတယ္။ အားနည္းခ်က္ေတြေတာ့ ရွိေသးတာေပါ့ေလ။ မနက္ျဖန္ အပါအဝင္ ေနာက္ရက္ေတြမွာ ဗားကရာလမ္းေပၚက ဆႏၵျပပြဲ ထက္ ပိုေကာင္းတဲ့ formation ေတြနဲ႔ defense ေတြနဲ႔ ဆႏၵျပႏိုင္ၾကဖို႔ အေထာက္အကူ ျဖစ္လို ျဖစ္ညား ဒီစာကို ေရးလိုက္ပါတယ္

celeupdatenews

Unicode

ဆန္ဒပြကြသူတွေကို ကာကွယ်ဖို့ Defense တည်ဆောက်ခြင်း နှင့် ဗားကရာလမ်းပေါ်က သင်ခန်းစာ ! ဒီနေ့ ဗားကရာလမ်း ဆန္ဒပြပွဲမှာမနက်တစ်ပိုင်းလုံးကတော့ ဆန္ဒပြသူတွေ လုပ်ကြတာက လူစုပြီး အော်မယ်။ ရဲတွေ ပြေးတက်လာရင် ပြေးမယ်။ ရဲတွေ ငြိမ်သွားရင် လူပြန်စုမယ်။ ဆက်အော်မယ်။ ဒါကိုပဲ ထပ်ခါ ထပ်ခါ လုပ်သွားတယ်။ ဒါပေမယ့် တကယ့် လူထု ခံစစ် (defense) ကို စ တာက ညနေ ၂ နာရီ ဝန်းကျင်မှာပါ။ သူတို့လုပ်တဲ့ပုံစံက . .

ရှေ့ဆုံးတန်း – ဒိုင်းတွေ ကိုင်တဲ့ လူငယ်တွေ ရှိတယ်။

ဒုတိယတန်း – မီးသတ်ဆေးဗူး ကိုင်ထားသူ / ရေစိုဝတ် ကိုင်ထားသူ / coca cola ဗူးနဲ့ ရေဗူးတွေ ကိုင်ထားသူတွေ။ နောက်မှာတော့ ဆန္ဒပြသူတွေ ရှိတယ်။ တော်တော်များများက mask တွေ မျက်လုံးအကာတွေ ဦးထုပ်တွေ ဆောင်းထားကြတယ်။ ဆန္ဒပြသူတွေ နောက်မှာ ရပ်ကွက်လူကြီးတွေက လုံခြုံရေးအတွက် စောင့်ကြည့်ပေးနေတယ်။

⭕ အားသာချက်တွေက ⭕

➡️ ရဲတွေ အတင်း မဝင်ရဲတော့ဘူး။

➡️ မျက်ရည်ယို ဗုံးကို မီးသတ်ဆေးဗူးနဲ့ တန်း ဖြန်းလိုက်တာနဲ့ အရှိန်သေသွားမယ်။

➡️ အဲ့မှာ မျက်စိ စပ်သွားတဲ့သူတွေကို coca cola နဲ့ မျက်နှာသစ် ခိုင်းတယ်။ ရေနဲ့ ပြန်သစ်တယ်။ ချက်ချင်း သက်သာသွားတယ်။

➡️ သူတို့ဘက်က ဒီ လူအုပ်ကို လွယ်လွယ်ဖြိုခွင်းလို့ မရတော့ဘူး။ လူတွေက စနစ်တကျ defense အပြည့်နဲ့ ဆန္ဒပြတာ ဖြစ်သွားတယ်။

➡️ အကယ်လို့ ဟိုဘက်က အတင်းတက်လာရင် ပြေးလို့ရအောင် ရပ်ကွက်နဲ့ ပူးပေါင်းပြီး ထွက်ပေါက်လမ်းတွေ ရှာထားပြီးသား။ တစ်ချို့ရဲတွေက ကားတွေကြားကနေ ပုန်းပြီး တက်လာပြီး မျက်ရည်ယိုဗုံး လာပစ်တယ်။ အဲ့တာတွေကိုပါ ရပ်ကွက်က ဝိုင်းကြည့်ပေးတယ်။ အကယ်လို့ တကယ်ပဲ ပြေးလွှားရတော့မယ်ဆို ပြေးလို့ရအောင် ရပ်ကွက်က လမ်းပြပေးတယ်။ အိမ်တွေက ကူညီပြီး ခေါ်ထားပေးတယ်။

➡️ ဒီတော့ တစ်ချိန်လုံး လူစုခွဲ ပြန်ကြပါတော့ဆိုပြီး လုပ်တဲ့ သူတွေလည်း ဘာမှ သိပ် မပြောနိုင်တော့ဘူး။ တကယ် သတ္တိရှိတဲ့သူတွေက နောက်ဆုံးအချိန်ထိ တောင့်ခံခဲ့နိုင်ကြတယ်။ အဖမ်းအဆီးရှိပေမယ့်ဝရုန်းသုန်းကား အခြေအနေ မဟုတ်တော့တာမို့ နောက်ပိုင်း ဘယ်သူမှ အဖမ်း မခံရတော့ဘူး။

သတိကြီးကြီး ထားစရာ အချက်လည်း သိခဲ့တယ်။ defense ကောင်းကောင်းနဲ့ လူအုပ်စုကို ဖြိုခွဲဖို့ ရဲကားတွေ အလုံးအရင်းနဲ့ အနောက်လမ်းက ဝင်ချ လာတာပါပဲ။ ရှေ့မှာ ရဲက နည်းသွားပြီ။ ဒါမယ့် နောက်ကနေ တပ်အကူတွေ ရောက်လာတာ။ ကံကောင်းချင်တော့ လူစုခွဲပြီးသား ဖြစ်နေတော့ အပြန်မှာပဲ တွေ့တော့တယ်။

ဆိုတော့ အနှစ်ချုပ်ရရင် ဗားကရာလမ်း တိုက်ပွဲက မနက်တစ်ပိုင်းလုံး ဖရိုဖရဲ ဖြစ်ပေမယ့် နေ့လည် နောက်ပိုင်း တစ်ပိုင်းလုံးမှာတော့ အတော်လေး စနစ်ကျသွားတယ်။ အားနည်းချက်တွေတော့ ရှိသေးတာပေါ့လေ။ မနက်ဖြန် အပါအဝင် နောက်ရက်တွေမှာ ဗားကရာလမ်းပေါ်က ဆန္ဒပြပွဲ ထက် ပိုကောင်းတဲ့ formation တွေနဲ့ defense တွေနဲ့ ဆန္ဒပြနိုင်ကြဖို့ အထောက်အကူ ဖြစ်လို ဖြစ်ညား ဒီစာကို ရေးလိုက်ပါတယ်

celeupdatenews