Zawgyi

ေ႐ႊမႏၲေလးသားေတြဆီက သင္ယူရမယ့္ သင္ခန္းစားတစ္ခု

ေ႐ႊမႏၲေလး ဘာေၾကာင့္ ဒီေန႔ ေအာင္ျမင္ခဲ့လဲ?

ဒီေန႔ ျဖစ္စဥ္ ကို ေျပာျပပါ့မယ္

ေ႐ြမန္းၿမိဳ႕က အႀကီးဆုံး သပိတ္စစ္ေၾကာင္း ျဖစ္တဲ့ Medical ႏွင့္ Engineer ကို သူတို႔ အညႇိဳးထားေနတာ ၾကာပါၿပီ။

ခုတင္ ၃၀၀ သင္ၾကားေရးေဆး႐ုံ | သြားဘက္ဆိုင္ရာ ေဆးတကၠသိုလ္ (မႏၲေလး) နဲ႔ အ႐ိုးအထူးကု ေဆး႐ုံ ေတြ တန္းစီ ရွိေနတဲ့ ၆၂ လမ္းေပၚမွာ ကြၽန္ေတာ္တို႔

သပိတ္ စစ္ေၾကာင္းမထြက္ႏိုင္ေအာင္ ေရအေျမာက္ကားေတြ | စစ္ကားေတြနဲ႔ လာပိတ္ပါတယ္ ။

သူတို႔ လာပိတ္ပိတ္ခ်င္းမွာဘဲ ကြၽန္ေတာ္တို႔ ေဆး႐ုံ ဝင္းတံခါးေတြကို ပိတ္ဆို႔ၿပီး လုံၿခဳံေရး သမားေတြက ေနရာယူပါတယ္ ။

ဒီေတာ့ ရန္သူက အ႐ိုးေဆး႐ုံဘက္ကို ၿပဳံဝင္ခ်သြားပါတယ္

အ႐ိုးေဆး႐ုံထဲေရာက္ေတာ့ သူတို႔ ဘယ္သြားရမလဲ မသိျဖစ္ေနတဲ့အခ်ိန္ ၿခံစည္း႐ိုးကပ္ရပ္မွာ ရွိေနတဲ့ ကြၽန္ေတာ္တို႔ Dental ဝင္းထဲကို ၿခံစည္း႐ိုးေက်ာ္ဝင္ဖို႔ လုပ္ပါတယ္ ။

ပထမဆုံး အသံဗုံး ႏွစ္လုံးပစ္ပါတယ္ ။

အသံဗုံးၾကားၾကားခ်င္းမွာ Dental ဘက္က ကြၽန္ေတာ္တို႔ လူအုပ္က နည္းနည္းလန႔္ၿပီး ေျပးဖို႔ လုပ္ၾကတယ္ ။

ဒါေပမယ့္ ခ်က္ခ်င္း လူအုပ္ကို ကြပ္ကဲႏိုင္လိုက္တယ္။

တဆက္တည္းဘဲ လုံၿခဳံေရးသမားေတြက Shield ေတြ ကိုင္ၿပီး ေရွ႕က ေနရာယူ

အဲ့ဒီ Shield ေတြကို တဒိုင္းဒိုင္းနဲ႔ ျပန္႐ိုက္တယ္

အေနာက္က ကြၽန္ေတာ္တို႔ ဆရာဝန္ေတြ ေဆးေက်ာင္းသားေတြကလည္း

ေဟး ေဟး ေဟး ဆိုၿပီး ဝိုင္းညာသံေတြ ေပးၾကေရာ

လူ တေထာင္ေလာက္ ရွိေနတဲ့ လူအုပ္က ေပးတဲ့ ညာသံ ဆိုေတာ့ ဟိနိးခနဲ ဟိန္းခနဲ ထြက္လာတာ

ဒီအသံေတြၾကားၿပီး ဒီလူအုပ္ကို ျမင္ေတာ့မွ ရန္သူက ၿခံစည္း႐ိုး မေက်ာ္ရဲေတာ့ဘဲ ၆၂ လမ္းေပၚကို ျပန္ဆုတ္ခြာသြားတယ္ ။

ခ်က္ခ်င္းဘဲ ကြၽန္ေတာ္တို႔ အလ်င္အျမန္ဆုံးျဖတ္ခ်ကိခ်တယ္

လမ္းေၾကာင္းရွာတယ္

ဒီ Milk Tea Alliance ေန႔မွာ ငါတို႔ လမ္းေပၚကို

ထြက္ျဖစ္ေအာင္ကို ထြက္မယ္လို႔ ေခါင္းေဆာင္ေတြအားလုံး ဆုံးျဖတ္တယ္

ငါးေယာက္ တတန္းမွာ

မိန္းကေလးေတြကို အလယ္က ထားတယ္

လက္ေတြကို သံႀကိဳးဆက္ ခ်ိတ္ခိုင္းတယိ

ဒီေကာင္ေတြ ဝိုင္းရင္ ဝင္ဆြဲရင္ ကိုယ့္လူကို လုံးဝ အပါမခံဖို႔ မွာတယ္ ။

ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္တို႔ medical family စစ္ေၾကာင္းဟာ ထိုင္သပိတ္လုပ္မယ့္ေနရာကို ေအာင္ျမင္စြာေရာက္ခဲ့တယ္

ထိုင္သပိတ္ကို ပူးေပါင္းႏိုင္ခဲ့တယ္ ။

စိတ္မေကာင္းစရာ တခုကတာ့ ကြၽန္ေတာ္တို႔နဲ႔ ေျမာက္ဘက္ ကပ္ရပ္က ခုတင္ ၃၀၀ ေဆး႐ုံက ဆရာဝန္ ၁၀၀၀ ေက်ာ္ကေတာ့ မထြက္ႏိုင္ခဲ့ဘူး။

ဒါေပမယ့္ အခုေတာ့ အဆိုပါ ဆရာဝန္အားလုံးလည္း ေဘးကင္းရာကို ေရာက္ပါၿပီ။

သင္ခန္းစာယူစရာက

ကိုယ့္လူေတြ ညီဖို႔ အင္မတန္လိုတယ္

သူတို႔ အသံဗုံးနဲ႔ ပစ္တဲ့အခ်ိန္ ကြၽန္ေတာ္တို႔

ကစဥ့္ကလ်ား ထေျပးရင္ သူတို႔က ဝင္႐ိုက္ေတာ့မွာ

လူအရမ္းညီေတာ့ ရန္သူက ၿဖဳံသြားတယ္

ေက်းဇူးတင္စရာအေကာင္းဆုံးကေတာ့

မန္းေလးၿမိဳ႕ေပၚက လူမႈကူညီေရးအသင္းမ်ားနဲ႔ ျပည္သူေတြဘဲ

ကြၽန္ေတာ္တို႔ စစ္ေၾကာင္းထြက္လာၿပီဆိုတာ သိတာနဲ႔ ရန္သူက အေနာက္ကေန ေရကားနဲ႔

ထပ္ခ်ပ္မကြာလိုက္ဖို႔ႀကိဳးစားတယ္

ဒါေပမယ့္ ျပည္သူေတြနဲ႔ လူမႈကူညီေရးအသင္းေတြက လမ္းမေပၚမွာ အတားအဆီးေတြနဲ႔ တျပ ၿပီး တျပ ပိတ္ဆို႔ေပးၾကတယ္ ။

တကယ္ကို ညီညာတဲ့ ေျပာက္က်ားတိုက္ပြဲပါဘဲ

ခုတင္ ၃၀၀ ထဲမွာ က်န္ေနခဲ့တဲ့ ဆရာဝန္ေတြ အားလုံးကိုလည္း ျပည္သူေတြက ဆိုင္ကယ္ေတြ ၊ တုတ္တုတ္သုံးဘီးေတြ | လူမႈကူညီေရးကားေတြနဲ႔ ကယ္ထုတ္ေပးၾကတယ္ ။

ဒါေၾကာင့္ ျပည္သူသာ အဓိက ပါဘဲလို႔ ။

ေဟ့ ….အာဏာရွင္ မင္းတို႔ ဘယ္ေလာက္ပိတ္ပိတ္ ငါတို႔ လမ္းေပၚထြက္ခဲ့ၿပီ 💪

အေရးေတာ္ပုံ ေအာင္ရမည္

Unicode

ရွှေမန္တလေးသားတွေဆီက သင်ယူရမယ့် သင်ခန်းစားတစ်ခု

ရွှေမန္တလေး ဘာကြောင့် ဒီနေ့ အောင်မြင်ခဲ့လဲ?

ဒီနေ့ ဖြစ်စဉ် ကို ပြောပြပါ့မယ်

ရွေမန်းမြို့က အကြီးဆုံး သပိတ်စစ်ကြောင်း ဖြစ်တဲ့ Medical နှင့် Engineer ကို သူတို့ အညှိုးထားနေတာ ကြာပါပြီ။

ခုတင် ၃၀၀ သင်ကြားရေးဆေးရုံ | သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) နဲ့ အရိုးအထူးကု ဆေးရုံ တွေ တန်းစီ ရှိနေတဲ့ ၆၂ လမ်းပေါ်မှာ ကျွန်တော်တို့

သပိတ် စစ်ကြောင်းမထွက်နိုင်အောင် ရေအမြောက်ကားတွေ | စစ်ကားတွေနဲ့ လာပိတ်ပါတယ် ။

သူတို့ လာပိတ်ပိတ်ချင်းမှာဘဲ ကျွန်တော်တို့ ဆေးရုံ ဝင်းတံခါးတွေကို ပိတ်ဆို့ပြီး လုံခြုံရေး သမားတွေက နေရာယူပါတယ် ။

ဒီတော့ ရန်သူက အရိုးဆေးရုံဘက်ကို ပြုံဝင်ချသွားပါတယ်

အရိုးဆေးရုံထဲရောက်တော့ သူတို့ ဘယ်သွားရမလဲ မသိဖြစ်နေတဲ့အချိန် ခြံစည်းရိုးကပ်ရပ်မှာ ရှိနေတဲ့ ကျွန်တော်တို့ Dental ဝင်းထဲကို ခြံစည်းရိုးကျော်ဝင်ဖို့ လုပ်ပါတယ် ။

ပထမဆုံး အသံဗုံး နှစ်လုံးပစ်ပါတယ် ။

အသံဗုံးကြားကြားချင်းမှာ Dental ဘက်က ကျွန်တော်တို့ လူအုပ်က နည်းနည်းလန့်ပြီး ပြေးဖို့ လုပ်ကြတယ် ။

ဒါပေမယ့် ချက်ချင်း လူအုပ်ကို ကွပ်ကဲနိုင်လိုက်တယ်။

တဆက်တည်းဘဲ လုံခြုံရေးသမားတွေက Shield တွေ ကိုင်ပြီး ရှေ့က နေရာယူ

အဲ့ဒီ Shield တွေကို တဒိုင်းဒိုင်းနဲ့ ပြန်ရိုက်တယ်

အနောက်က ကျွန်တော်တို့ ဆရာဝန်တွေ ဆေးကျောင်းသားတွေကလည်း

ဟေး ဟေး ဟေး ဆိုပြီး ဝိုင်းညာသံတွေ ပေးကြရော

လူ တထောင်လောက် ရှိနေတဲ့ လူအုပ်က ပေးတဲ့ ညာသံ ဆိုတော့ ဟိနိးခနဲ ဟိန်းခနဲ ထွက်လာတာ

ဒီအသံတွေကြားပြီး ဒီလူအုပ်ကို မြင်တော့မှ ရန်သူက ခြံစည်းရိုး မကျော်ရဲတော့ဘဲ ၆၂ လမ်းပေါ်ကို ပြန်ဆုတ်ခွာသွားတယ် ။

ချက်ချင်းဘဲ ကျွန်တော်တို့ အလျင်အမြန်ဆုံးဖြတ်ချကိချတယ်

လမ်းကြောင်းရှာတယ်

ဒီ Milk Tea Alliance နေ့မှာ ငါတို့ လမ်းပေါ်ကို

ထွက်ဖြစ်အောင်ကို ထွက်မယ်လို့ ခေါင်းဆောင်တွေအားလုံး ဆုံးဖြတ်တယ်

ငါးယောက် တတန်းမှာ

မိန်းကလေးတွေကို အလယ်က ထားတယ်

လက်တွေကို သံကြိုးဆက် ချိတ်ခိုင်းတယိ

ဒီကောင်တွေ ဝိုင်းရင် ဝင်ဆွဲရင် ကိုယ့်လူကို လုံးဝ အပါမခံဖို့ မှာတယ် ။

နောက်ဆုံးမှာတော့ ကျွန်တော်တို့ medical family စစ်ကြောင်းဟာ ထိုင်သပိတ်လုပ်မယ့်နေရာကို အောင်မြင်စွာရောက်ခဲ့တယ်

ထိုင်သပိတ်ကို ပူးပေါင်းနိုင်ခဲ့တယ် ။

စိတ်မကောင်းစရာ တခုကတာ့ ကျွန်တော်တို့နဲ့ မြောက်ဘက် ကပ်ရပ်က ခုတင် ၃၀၀ ဆေးရုံက ဆရာဝန် ၁၀၀၀ ကျော်ကတော့ မထွက်နိုင်ခဲ့ဘူး။

ဒါပေမယ့် အခုတော့ အဆိုပါ ဆရာဝန်အားလုံးလည်း ဘေးကင်းရာကို ရောက်ပါပြီ။

သင်ခန်းစာယူစရာက

ကိုယ့်လူတွေ ညီဖို့ အင်မတန်လိုတယ်

သူတို့ အသံဗုံးနဲ့ ပစ်တဲ့အချိန် ကျွန်တော်တို့

ကစဉ့်ကလျား ထပြေးရင် သူတို့က ဝင်ရိုက်တော့မှာ

လူအရမ်းညီတော့ ရန်သူက ဖြုံသွားတယ်

ကျေးဇူးတင်စရာအကောင်းဆုံးကတော့

မန်းလေးမြို့ပေါ်က လူမှုကူညီရေးအသင်းများနဲ့ ပြည်သူတွေဘဲ

ကျွန်တော်တို့ စစ်ကြောင်းထွက်လာပြီဆိုတာ သိတာနဲ့ ရန်သူက အနောက်ကနေ ရေကားနဲ့

ထပ်ချပ်မကွာလိုက်ဖို့ကြိုးစားတယ်

ဒါပေမယ့် ပြည်သူတွေနဲ့ လူမှုကူညီရေးအသင်းတွေက လမ်းမပေါ်မှာ အတားအဆီးတွေနဲ့ တပြ ပြီး တပြ ပိတ်ဆို့ပေးကြတယ် ။

တကယ်ကို ညီညာတဲ့ ပြောက်ကျားတိုက်ပွဲပါဘဲ

ခုတင် ၃၀၀ ထဲမှာ ကျန်နေခဲ့တဲ့ ဆရာဝန်တွေ အားလုံးကိုလည်း ပြည်သူတွေက ဆိုင်ကယ်တွေ ၊ တုတ်တုတ်သုံးဘီးတွေ | လူမှုကူညီရေးကားတွေနဲ့ ကယ်ထုတ်ပေးကြတယ် ။

ဒါကြောင့် ပြည်သူသာ အဓိက ပါဘဲလို့ ။

ဟေ့ ….အာဏာရှင် မင်းတို့ ဘယ်လောက်ပိတ်ပိတ် ငါတို့ လမ်းပေါ်ထွက်ခဲ့ပြီ 💪

အရေးတော်ပုံ အောင်ရမည်