Zawgyi

ေဆးတကၠသိုလ္၁တြင္တာဝန္ထမ္းေဆာင္ခဲ့ေသာေဒါက္တာေဇာ္ေဝစိုးႏွင့္ သကၠမိုးညိဳ အေကာင့္ပိုင္ရွင္တို႔အား ၅၀၅-ကျဖင့္အမႈဖြင့္လွစ္ထားေၾကာင္းသိရသည္။ သတင္းထုတ္ျပန္ခ်က္တြင္ေဆးတကၠသိုလ္(၁)တြင္ တာဝန္ထမ္းေဆာင္ခဲ့၍ ေဆးကုသမႈမရွိသည့္ ေဆးပညာရွင္ ဦးေဇာ္ေဝစိုးသည္ ၎၏လူမႈကြန္ရက္၌ လုပ္ေဖာ္ကိုင္ဖက္ဝန္ထမ္းမ်ားႏွင့္ လက္ေအာက္ ဝန္ထမ္းမ်ားအား

႐ုံးမတက္ဘဲ သပိတ္ေမွာက္ရာတြင္ ပါဝင္ဆႏၵျပရန္ လႈံ႕ေဆာ္မႈမ်ား ျပဳလုပ္ခဲ့သျဖင့္ ၂၀၂၁ ခုႏွစ္၊ မတ္လ ၂ ရက္ေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ လသာၿမိဳ႕နယ္၊ လသာၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ကျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။ ထို႔အျပင္ ေဒါက္တာေဇာ္ေဝစိုးအား ႏိုင္ငံေတာ္ တည္ၿငိမ္ေရးကို ေႏွာင့္ယွက္ဖ်က္ဆီးလိုသည့္

ရည္႐ြယ္ခ်က္ျဖင့္ ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈကို က်ဴးလြန္လ်က္ရွိသည့္ CRPH က ဖြဲ႕စည္းသည့္ အဖြဲ႕အစည္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ေနေၾကာင္း ေတြ႕ရွိရသည့္အတြက္ ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္ ပုန္ကန္မႈျဖင့္ အေရးယူရန္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။ ထို႔အတူ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ

ဒုတိယ ၫႊန္ၾကားေရးမႉး ေဒါက္တာ ဝင္းကိုကိုသိန္း (ခ) သကၠမိုးညိဳသည္ ၎၏ လူမႈကြန္ရက္၌ လုံၿခဳံေရး ႏွင့္ တရားဥပေဒစိုးမိုးေရးကို ထိခိုက္ေစေသာ သတင္းမ်ားကို ေရးသားေဖာ္ျပခဲ့သျဖင့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔တြင္ ပုဗၺသီရိၿမိဳ႕နယ္၊ ပတၱာနယ္ေျမရဲစခန္း၌ အီလက္ထေရာနစ္ဆက္သြယ္ ေဆာင္႐ြက္ေရးဥပေဒ

ပုဒ္မ ၃၃(က) ျဖင့္လည္းေကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ား CDM လႈပ္ရွားမႈမ်ားတြင္ ပါဝင္ေဆာင္႐ြက္ေစရန္ လႈံ႕ေဆာ္မႈမ်ား ျပဳလုပ္ခဲ့သျဖင့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔တြင္ ဇမၺဴသီရိၿမိဳ႕နယ္၊ အမွတ္(၁)ၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ – က ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။ သို႔ျဖစ္၍ ေဖာ္ျပပါ ဦးေဇာ္ေဝစိုး ႏွင့္ ေဒါက္တာ ဝင္းကိုကိုသိန္း (ခ) သကၠမိုးညိဳ တို႔အား

ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိၿပီး ၎တို႔ႏွင့္စပ္လ်ဥ္း၍ နီးစပ္ရာရဲစခန္းမ်ားႏွင့္ ေနျပည္ေတာ္၊ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ား၌ တိုင္ၾကားႏိုင္ရန္ ထုတ္ျပန္ထားသည့္ တယ္လီဖုန္း နံပါတ္မ်ားသို႔ သတင္းေပး တိုင္တန္းႏိုင္ေၾကာင္းႏွင့္ လက္ခံထားပါက ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

#TheSilentTalks

Unicode

ဆေးတက္ကသိုလ်၁တွင်တာဝန်ထမ်းဆောင်ခဲ့သောဒေါက်တာဇော်ဝေစိုးနှင့် သက္ကမိုးညို အကောင့်ပိုင်ရှင်တို့အား ၅၀၅-ကဖြင့်အမှုဖွင့်လှစ်ထားကြောင်းသိရသည်။ သတင်းထုတ်ပြန်ချက်တွင်ဆေးတက္ကသိုလ်(၁)တွင် တာဝန်ထမ်းဆောင်ခဲ့၍ ဆေးကုသမှုမရှိသည့် ဆေးပညာရှင် ဦးဇော်ဝေစိုးသည် ၎င်း၏လူမှုကွန်ရက်၌ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများနှင့် လက်အောက် ဝန်ထမ်းများအား ရုံးမတက်ဘဲ

သပိတ်မှောက်ရာတွင် ပါဝင်ဆန္ဒပြရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ လသာမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅ကဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ထို့အပြင် ဒေါက်တာဇော်ဝေစိုးအား နိုင်ငံတော် တည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်လျက်ရှိသည့် CRPH က

ဖွဲ့စည်းသည့် အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေကြောင်း တွေ့ရှိရသည့်အတွက် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့် အရေးယူရန် ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းကိုကိုသိန်း (ခ) သက္ကမိုးညိုသည် ၎င်း၏ လူမှုကွန်ရက်၌ လုံခြုံရေး နှင့်

တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော သတင်းများကို ရေးသားဖော်ပြခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း၌ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) ဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်စေရန်

လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ သို့ဖြစ်၍ ဖော်ပြပါ ဦးဇော်ဝေစိုး နှင့် ဒေါက်တာ ဝင်းကိုကိုသိန်း (ခ) သက္ကမိုးညို တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး

၎င်းတို့နှင့်စပ်လျဉ်း၍ နီးစပ်ရာရဲစခန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ တိုင်ကြားနိုင်ရန် ထုတ်ပြန်ထားသည့် တယ်လီဖုန်း နံပါတ်များသို့ သတင်းပေး တိုင်တန်းနိုင်ကြောင်းနှင့် လက်ခံထားပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

#TheSilentTalks