Mon. Nov 29th, 2021

Zawgyi




#TheSilentTalks

Unicode

သာသနာရေးဝန်ကြီးဟောင်းသူရဦးအောင်ကိုကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲဆိုထားကြောင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏သတင်းထုတ်ပြန်ချက်အရသိရှိရသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဟောင်းသူရဦးအောင်ကိုသည်ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်စဉ်နိုင်ငံတော်မှလူပုဂ္ဂိုလ်များသို့

ဘွဲ့တံဆိပ်များချီးမြှင့်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ငွေကြေးနှင့်ပစ္စည်းများလက်ခံရယူခဲ့သည့်အပေါ်အရေးယူပေးပါရန်တိုင်ကြားချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးခဲ့ရာအဂတိလိုက်စားထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်သူရဦးအောင်ကို အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ

ပု ဒ် မ ၅၅ အရအမှုဖွင့်လှစ်၍တရားစွဲဆိုအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထို့အပြင်တိုင်းဒေသကြီး၊ပြည်နယ်အဆင့်နှင့်နိုင်ငံတော်အဆင့်တာဝန်ထမ်းဆောင်ခဲ့ကြသည့်ပုဂ္ဂိုလ်အချို့သည်လည်း အဂတိလိုက်စားမှုများရှိကြောင်းပဏာမစိစစ်တွေ့ရှိရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#TheSilentTalks