Zawgyi

မႏၲေလးမွာ က်ဆုံးတဲ့ မၾကယ္စင္ရဲ႕ အုတ္ဂူကို ဖြင့္ေဖါက္စစ္ေဆးေန မတ္လ ၃ ရက္ေန႔က မႏၲေလး ၈၄လမ္း နဲ႔ လမ္း ၃၀ ေဒါင့္အနီးမွာ က်ဆုံးခဲ့တဲ့ အသက္ ၁၉ႏွစ္အ႐ြယ္ မၾကယ္စင္ ေခၚ က်ားရွိ ကိစၥ စုံစမ္းစစ္ေဆးမယ္လို႔ ေၾကျငာၿပီးတဲ့ေနာက္ ဒီေန႔ ညေန ၄ နာရီခြဲက စစ္သားေတြပါတဲ့ စစ္ကားေတြဟာ ေအးရိပ္ၿငိမ္သုႆာန္က

ယူနန္ တ႐ုတ္သခ်ႋဳင္း မွာ အုတ္ဂူေဖါက္ စစ္ေဆးမႈေတြလုပ္ေနပါတယ္။ ေအးရိပ္ၿငိမ္ သူႆာန္အနီး ၾကာနီကန္႐ြာက ေဒသခံေတြက ဝိုင္းထားတဲ့အတြက္ ခုခ်ိန္ထိ ႐ုပ္အေလာင္းက စစ္ကားေပၚမွာ ရွိေနေသးတယ္လို႔ အဲဒီျဖစ္စဥ္နဲ႔ အနီးဆုံးမွာ ရွိေနသူေတြကေျပာပါတယ္။ ဒီ႐ုပ္အေလာင္းကို ျပန္ေဖၚစစ္ဖို႔ မနက္ကတည္းက

နီးစပ္တဲ့ၿမိဳ႕နယ္ေတြက တရားသူႀကီးေတြကို ေခၚခဲ့ေပမယ့္ တရားသူႀကီးခ်ဳပ္ ၫြန္ၾကားခ်က္မရွိလို႔ ျငင္းဆန္လိုက္တယ္လို႔ တရားေရးအသိုင္းအဝိုင္းကသိရပါတယ္။ ခုစစ္ေဆးတာမွာလည္း မႈခင္းဆရာဝန္နဲ႔ တရားသူႀကီးေတြ ပါမပါေတာ့ စုံစမ္းဖို႔ခက္ေနပါတယ္။ လက္ရွိေအးရိပ္ၿငိမ္သုႆန္ကို ဝင္တဲ့ ၂ ဖက္လမ္းေတြပိတ္ထားၿပီး ဓါတ္ပုံ႐ိုက္သူေတြကို လိုက္လံဖမ္းဆီးေနပါတယ္။

Credit to original writer

Unicode

မန္တလေးမှာ ကျဆုံးတဲ့ မကြယ်စင်ရဲ့ အုတ်ဂူကို ဖွင့်ဖေါက်စစ်ဆေးနေ မတ်လ ၃ ရက်နေ့က မန္တလေး ၈၄လမ်း နဲ့ လမ်း ၃၀ ဒေါင့်အနီးမှာ ကျဆုံးခဲ့တဲ့ အသက် ၁၉နှစ်အရွယ် မကြယ်စင် ခေါ် ကျားရှိ ကိစ္စ စုံစမ်းစစ်ဆေးမယ်လို့ ကြေငြာပြီးတဲ့နောက် ဒီနေ့ ညနေ ၄ နာရီခွဲက စစ်သားတွေပါတဲ့ စစ်ကားတွေဟာ အေးရိပ်ငြိမ်သုဿာန်က

ယူနန် တရုတ်သင်္ချိုင်း မှာ အုတ်ဂူဖေါက် စစ်ဆေးမှုတွေလုပ်နေပါတယ်။ အေးရိပ်ငြိမ် သူဿာန်အနီး ကြာနီကန်ရွာက ဒေသခံတွေက ဝိုင်းထားတဲ့အတွက် ခုချိန်ထိ ရုပ်အလောင်းက စစ်ကားပေါ်မှာ ရှိနေသေးတယ်လို့ အဲဒီဖြစ်စဉ်နဲ့ အနီးဆုံးမှာ ရှိနေသူတွေကပြောပါတယ်။ ဒီရုပ်အလောင်းကို ပြန်ဖေါ်စစ်ဖို့ မနက်ကတည်းက

နီးစပ်တဲ့မြို့နယ်တွေက တရားသူကြီးတွေကို ခေါ်ခဲ့ပေမယ့် တရားသူကြီးချုပ် ညွန်ကြားချက်မရှိလို့ ငြင်းဆန်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကသိရပါတယ်။ ခုစစ်ဆေးတာမှာလည်း မှုခင်းဆရာဝန်နဲ့ တရားသူကြီးတွေ ပါမပါတော့ စုံစမ်းဖို့ခက်နေပါတယ်။ လက်ရှိအေးရိပ်ငြိမ်သုဿန်ကို ဝင်တဲ့ ၂ ဖက်လမ်းတွေပိတ်ထားပြီး ဓါတ်ပုံရိုက်သူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။

Credit to original writer