Zawgyi

အာဏာသိမ္းစစ္ေကာင္စီက ထိန္းခ်ဳပ္ထားတဲ့ ႏိုင္ငံပိုင္ ျမန္မာ့႐ုပ္ျမင္သံၾကားဌာန MRTV နဲ႔ တပ္ပိုင္ ျမဝတီ ႐ုပ္ျမင္သံၾကားဌာန MWD တို႔က တရားဝင္ ထုတ္လႊင့္ေနတဲ့ ဗီဒီယိုခ်န္နယ္အေကာင့္ ႏွစ္ခုကို YouTube က ဒီကေန႔ ပိတ္လိုက္ပါတယ္။ ဒီဗီဒီယိုခ်န္နယ္ႏွစ္ခုဟာ တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီရဲ႕ ဝါဒျဖန႔္သတင္းေတြကို

အဓိက ေဖာ္ျပေနတဲ့ ႐ုပ္သံလႊင့္မီဒီယာ ႏွစ္ခုျဖစ္ၿပီး၊ ေန႔စဥ္သတင္းေတြနဲ႔ ထုတ္လႊင့္ခ်က္ေတြကို ကမာၻအႏွံ႔ေရာက္ေအာင္ ထပ္မံ ျဖန႔္ခ်ိလႊင့္တင္ေနတဲ့ အေကာင့္ေတြျဖစ္ပါတယ္။ မတ္လ ၂ ရက္ေန႔အထိ YouTube မွာ MWD နဲ႔ MRTV တိုက္႐ိုက္ထုတ္လႊင့္မႈေတြရွိေနခဲ့ၿပီး ဒီကေန႔မွာ အဲဒီအေကာင့္ေတြကို YouTube က ဖယ္ရွားခဲ့တာပါ။

ဖယ္ရွားခဲ့တဲ့အေၾကာင္းရင္းကို YouTube မူရင္းမိခင္ကုမၸဏီျဖစ္တဲ့ Google Company ထံ RFA က အီးေမးလ္နဲ႔တဆင့္ ဆက္သြယ္ေမးျမန္းထားၿပီး တစ္စုံတစ္ရာ တုံ႔ျပန္ေျပာၾကားတာေတာ့ မရွိေသးပါဘူး။ အလားတူ ျမန္မာႏိုင္ငံမွာ လူသိမ်ားတဲ့ လူမႈကြန္ယက္တစ္ခုျဖစ္တဲ့ Facebook ကလည္း ျမဝတီ႐ုပ္ျမင္သံၾကားနဲ႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ စာမ်က္ႏွာႏွစ္ခုအပါအဝင္

စစ္ေကာင္စီနဲ႔ပတ္သက္တဲ့ စာမ်က္ႏွာတခ်ိဳ႕ကို စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ဖယ္ရွားခဲ့ပါတယ္။ “ဆူပူအၾကမ္းဖက္မႈေတြျဖစ္ေအာင္ မလႈံ႕ေဆာ္ရ” – ဆိုတဲ့ Facebook ရဲ႕ စည္းကမ္းခ်က္ကို အႀကိမ္ႀကိမ္ ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ ပိတ္လိုက္တာျဖစ္တယ္လို႔ Facebook ကုမၸဏီေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားတဲ့အေၾကာင္း Reuters သတင္းမွာ ေဖာ္ျပထားပါတယ္။

RFA Burmese

Unicode

အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားဌာန MRTV နဲ့ တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားဌာန MWD တို့က တရားဝင် ထုတ်လွှင့်နေတဲ့ ဗီဒီယိုချန်နယ်အကောင့် နှစ်ခုကို YouTube က ဒီကနေ့ ပိတ်လိုက်ပါတယ်။ ဒီဗီဒီယိုချန်နယ်နှစ်ခုဟာ တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို အဓိက ဖော်ပြနေတဲ့ ရုပ်သံလွှင့်မီဒီယာ နှစ်ခုဖြစ်ပြီး၊

နေ့စဉ်သတင်းတွေနဲ့ ထုတ်လွှင့်ချက်တွေကို ကမ္ဘာအနှံ့ရောက်အောင် ထပ်မံ ဖြန့်ချိလွှင့်တင်နေတဲ့ အကောင့်တွေဖြစ်ပါတယ်။ မတ်လ ၂ ရက်နေ့အထိ YouTube မှာ MWD နဲ့ MRTV တိုက်ရိုက်ထုတ်လွှင့်မှုတွေရှိနေခဲ့ပြီး ဒီကနေ့မှာ အဲဒီအကောင့်တွေကို YouTube က ဖယ်ရှားခဲ့တာပါ။ ဖယ်ရှားခဲ့တဲ့အကြောင်းရင်းကို YouTube မူရင်းမိခင်ကုမ္ပဏီဖြစ်တဲ့ Google Company ထံ RFA က အီးမေးလ်နဲ့တဆင့်

ဆက်သွယ်မေးမြန်းထားပြီး တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားတာတော့ မရှိသေးပါဘူး။ အလားတူ မြန်မာနိုင်ငံမှာ လူသိများတဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook ကလည်း မြဝတီရုပ်မြင်သံကြားနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ စာမျက်နှာနှစ်ခုအပါအဝင် စစ်ကောင်စီနဲ့ပတ်သက်တဲ့ စာမျက်နှာတချို့ကို

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။ “ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် မလှုံ့ဆော်ရ” – ဆိုတဲ့ Facebook ရဲ့ စည်းကမ်းချက်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် ပိတ်လိုက်တာဖြစ်တယ်လို့ Facebook ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောကြားတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

RFA Burmese