Zawgyi






Unicode

အဆိုပါ အနုပညာရှင်များတွင် သရုပ်ဆောင် ထွန်းအိန္ဒြာဘို၊ မယ်လိုဒီ၊ နန္ဒာလှိုင်၊ ရဲအောင်၊ စိုးမြတ်နန္ဒာ၊ စိုးမြတ်သူဇာ အသီးသီးပါဝင်သည်ဟု ဖော်ပြထားသည်။ နိုင်ငံရေး အကြပ်အတည်းဖြစ်နေချိန် ပြည်သူများအား ကူညီထောက်ပံခြင်းမျိုးအား မတွေ့ရခြင်း ၊ ၎င်းတို့ ရရှိထားသော Myanmar Academy ဆု Title ကြီးအား မထောက်ထားဘဲ ပြည်သူ၏ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်ရှိမနေခြင်း ၊ အခုလိုပြည်သူများ

အသက်ချွေးပေးဆပ်နေရချိန်မှာ စိတ်ပူပန်ပြီး စာတကြောင်းမျှတောင် ဖွင့်ဟပြောဆိုခြင်းလဲမရှိခြင်း စသည့်အကြောင်းပြချက်များဖြင့် ရာသက်ပန် ပိတ်ပင်ခဲ့သည်ဟု သိရသည်။ အလားတူ အကယ်ဒမီဆုရှင် ခန့်စည်သူကိုလည်း ယမန်နေ့တွင် အထက်ပါအကြောင်းပြချက်များဖြင့် ရာသက်ပန်ပိတ်ပင်ထားသည်ဟု သိရသည်။ ဖျက်သိမ်းမည်ဖြစ်ကြောင်း The Myanmar Academy Awards ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ကိုးကားနှင့်ဓာတ်ပုံ : The Myanmar Academy Awards

သတင်း : ရွှေကရင် (ရာမညမြေ)