Categories
ထူးဆန်းထွေလာ

ဆင်အမျိုးအစားများနှင့် ဆင်တို့၏ နေထိုင်သွားလာမှု ပုံစံအမျိုးမျိုး

Zawgyi

ကမာၻေပၚတြင္ ထင္ရွားေသာ ဆင္အမ်ိဳး အစား သုံးမ်ိဳး ရွိပါသည္။ အာရွဆင္ႏွင့္ ႏွစ္မ်ိဳးမွာ အာဖရိက ဆင္မ်ိဳးမ်ား ျဖစ္ၾကသည္။ အာရွဆင္မ်ိဳးတြင္ အိႏၵိယ သို႔မဟုတ္ ျမန္မာ ဆင္မ်ိဳး၊ သီရိလကၤာ ဆင္မ်ိဳး၊ မေလးယန္း ဆင္မ်ိဳးႏွင့္ စုမၾတၱား ဆင္မ်ိဳးမ်ား ျဖစ္ၾကသည္။ အဆိုပါ ဆင္မ်ားသည္ ပုံပန္းသဏၭာန္ တူညီမႈ ရွိၾကသည္။ အာရွဆင္ မ်ားသည္ အာဖရိက ဆင္မ်ိဳးထက္ နား႐ြက္ေသးငယ္ၿပီး ေခ်ာေမြ႕စြာ
သြယ္ဆင္း သြားေသာ ႏွာေမာင္းလည္း ရွိၾကသည္။

ထို႔ျပင္ အာရွ ဆင္မ်ားသည္ အစြယ္ရွည္ မပါရွိၾကပါ။ သီရိလကၤာ ဆင္မ်ိဳး မ်ားသည္ အထီးေရာ၊ အမပါ အစြယ္မရွိၾကပါ။ (သူတို႔ ေနထိုင္ေသာ ကြၽန္းႀကီးတြင္ အစာေပါမ်ားေသာ ေၾကာင့္ အစြယ္အသုံးျပဳရန္ မလိုအပ္ေသာ ေၾကာင့္ အစြယ္မပါရွိၾကျခင္းျဖစ္သည္ဟု ဆိုၾကသည္။) အလုပ္ မခိုင္းၾကေၾကာင္း သိရသည္။

သို႔ေသာ္ ဆင္ပါးစပ္တြင္ ႀကိဳးကို ကိုက္ခ်ည္ေစၿပီး ဝန္ထုပ္ ပစၥည္းမ်ား ဆြဲယူေစသည္ဟု မွတ္သားဖူးပါသည္။ အာဖရိက ဆင္မ်ိဳးမ်ားသည္ အာရွ ဆင္မ်ားထက္ အရပ္ပိုျမင့္မား၍ ကလန္ကလား ႏိုင္ေသာ ခႏၶာကိုယ္ ရွိပါသည္။ ႀကီးမားေသာ နား႐ြက္မ်ားႏွင့္ ရွည္ေသာ ႏွာေမာင္း မ်ားကို ေတြ႕ျမင္ရသည္။ ရွည္ေသာ အစြယ္မ်ားလည္း ေတြ႕ရပါသည္။ အာရွဆင္အထီးတစ္ေကာင္သည္ အေလးခ်ိန္ ပ်မ္းမွ် ၄,၂၀၀Kg၊ ႏွင့္ အမမွာ ၂,၃၀၀-၃,၅၀၀Kg အထိရွိသည္။

အာဖရိက ဆင္ အထီး တစ္ေကာင္သည္ ပ်မ္းမွ် ၆,၄၀၀Kg ႏွင့္ အမမွာ ပ်မ္းမွ် ၂,၄၀၀-၄,၀၀၀ kg ရွိသည္။ ဆင္ ထီးကေလးမ်ား သုံးႏွစ္သား အ႐ြယ္တြင္ ဆင္ဦးစီးမ်ားမွာ အၿမဲစိတ္ဝင္စား ေစာင့္ၾကည့္ ၾကသည္။ အစြယ္ေပါက္ရမည့္အစား ႏွာေမာင္း၏ လုံးပတ္ႏွင့္ ကိုယ္ခႏၶာ ပိုမိုႀကီးထြားမႈ ျမန္လာျခင္း မ်ားပင္ျဖစ္သည္။ ႏွာေမာင္းသည္ အထူးႀကီးမား သန္စြမ္းလာသည့္ အေလ်ာက္ ၿပိဳင္ဖက္ ဆင္မ်ား၏ အစြယ္ကို ႐ိုက္ခ်ိဳးပစ္ႏိုင္စြမ္းရွိသည္။ ထိုဆင္မ်ိဳးကို “ဟိုင္းဆင္” ဟု ေခၚသည္။

သုံးႏွစ္သားအ႐ြယ္ ေရာက္ေသာ ဆင္ထီး ကေလး အစြယ္ႏွစ္ေခ်ာင္းေပါက္လွ်င္ ထိုဆင္မ်ိဳးသည္ ”စြယ္စုံ” ဆင္ႀကီးမ်ား ျဖစ္လာသည္။ အစြယ္တစ္ေခ်ာင္း (ဘယ္ သို႔မဟုတ္ ညာဘက္တြင္) ေပါက္ေသာ ဆင္သည္ “တယ္” ဟုေခၚေသာ ဆင္ႀကီးမ်ား ျဖစ္လာသည္။ “ဟန္” ေခၚ အစြယ္ရွည္ မေပါက္ဘဲ ဆင္မမ်ားကဲ့သို႔ သစ္ခြံ ထိုးရန္မွ် ေလာက္သာ အသုံးဝင္သည့္ အစြယ္ရွိေသာ ဆင္သည္ စြယ္ေပါက္ဆင္ႀကီး ျဖစ္လာမည္။

သို႔မဟုတ္ ေနာက္ဆုံးအေနျဖင့္ အစြယ္လုံး၀ မေပါက္ေသာ “ဟိုင္း” ဆင္ႀကီးမ်ား ျဖစ္လာ မည္လားဟု ေစာင့္ၾကျခင္းပင္ ျဖစ္သည္။ ဆင္ႏွင့္လူသားတို႔သည္ တစ္ဦးႏွင့္ တစ္ဦး အမွီသဟဲ ျပဳၿပီးေနထိုင္ သြားႏိုင္ၾကသည္ဟု ဆိုသည္။ ဆင္စခန္း တစ္ခုတြင္ သားေယာက်္ားေလး တစ္ေယာက္ ေမြးဖြား ခ်ိန္တြင္ ဆင္စခန္းႏွင့္ မနီးမေဝးတြင္ ဆင္ေလး တစ္ေကာင္ ေမြးဖြားလာမည္ ဆိုပါက ထိုလူကေလးႏွင့္ ဆင္ကေလးတို႔သည္ ဖြားဘက္ေတာ္ အျဖစ္ ႀကီးျပင္းလာၾကကာ ေဆာ့ကစားလွ်င္ အတူတူ၊ အလုပ္လုပ္လွ်င္လည္း အတူတူ၊ ကစားေဖာ္ကစားဖက္ျဖစ္သြား ကာ ရင္းႏွီးေသာ သူငယ္ခ်င္းမ်ား အျဖစ္ေသာ္ လည္းေကာင္း၊ လုပ္ေဖာ္ ကိုင္ဖက္မ်ား အျဖစ္ေသာ္လည္းေကာင္း အသက္ ၆၀ ေက်ာ္သည္အထိ အတူတူ ရပ္တည္သြားႏိုင္ၾကမည္ ျဖစ္ပါသည္။

ဆင္မ်ား၏ ႏွလုံးသားေရးရာကိစၥ သည္ စိတ္ဝင္စားဖို႔ ေကာင္းလွသည္။ ဆင္မ မ်ား၏ ၿမိဳင္ေပၚျခင္း သို႔မဟုတ္ ရာသီလာျခင္းတို႔ မျဖစ္ေပၚပါဘဲလ်က္ ဆင္မႏွင့္ ဆင္ ထီးတို႔သည္ မ်က္မွန္း တန္းမိခဲ့ၾက တတ္ပါသည္။ ထို႔ေနာက္ ရက္ေပါင္းမ်ားစြာ သို႔မဟုတ္ ရက္သတၱပတ္ေပါင္းအေတာ္ၾကာ သမီးရည္းစားအျဖစ္ ဆက္သြယ္ခဲ့ၾကၿပီး ေနာက္ အၾကင္လင္မယားအျဖစ္ ေပါင္းဖက္ၾကမည့္ ခ်စ္သူမ်ားဘဝသို႔ ေရာက္ခဲ့ၾကပါသည္။ သူတို႔သည္ ေနရာတစ္ခု ေ႐ြးခ်ယ္ၾကၿပီး ဆင္ထီးက ဆင္မေက်ာေပၚသို႔ အသာအယာပင္ ထပ္လိုက္ပါသည္။ ထိုပုံစံအ တိုင္း သုံးမိနစ္၊ ေလးမိနစ္ၿပီးမွ လင္မယား အရာေျမာက္သည္။ ၅ မိနစ္၊ ၁၀ မိနစ္အထိ လည္း ၾကာႏိုင္ပါသည္။

ထိုကဲ့သို႔ ၂၄ နာရီ အတြင္း သုံးႀကိမ္မွ ေလးႀကိမ္အထိ ျပဳလုပ္တတ္ ၾကပါသည္။ ထိုစုံတြဲသည္ မခြဲမခြာၾကဘဲ အတူ လေပါင္းမ်ားစြာ အစာရွာေဖြ စားေသာက္ၾက ၿပီးေနာက္ သူတို႔၏ ပ်ားရည္ ဆမ္းေန႔ရက္မ်ား ကုန္ဆုံးသြားပါ ေလေတာ့သည္။ သူတို႔သည္ ႏွစ္ကိုယ္တူခ်စ္ ကာလ မ်ားတြင္ သူတို႔ကို အလုပ္ခ်ိန္ၿပီး၍ လႊတ္လိုက္ေသာအခါ တစ္ေကာင္ႏွင့္တစ္ေကာင္ အသံေပး၍ေခၚၾကၿပီး ေတာထဲအတူဝင္ၾကကာ အတူေနထိုင္ၾကပါသည္။ ထိုကဲ့သို႔ အတူတကြေနထိုင္ျခင္း သည္ ဆင္မတြင္ ကိုယ္ဝန္ေဆာင္ထားသည္မွာ ဆယ္လခန႔္ရွိၿပီဟု သိရေသာအခ်ိန္အထိျဖစ္သည္ဟု(Elephant Bill ေရးသားသူ J.H Williams) က မွတ္သားမိသည္ဟု ဆိုပါသည္။ ဆင္မ မ်ားသည္ ပုံမွန္အားျဖင့္ ၁၇ ႏွစ္ႏွင့္ ႏွစ္ ၂၀ ၾကားတြင္ စတင္မိတ္လိုက္ႏိုင္သည့္ အ႐ြယ္သို႔ ေရာက္လာၾကပါသည္။

သို႔ေသာ္ဆင္မမ်ားတြင္ ၿမိဳင္ေပၚျခင္း သို႔မဟုတ္ ရာသီလာျခင္းကိစၥမ်ားကို ေတြ႕ျမင္ရမည္ မဟုတ္ပါ။ သဘာဝတရား၏ တိုက္တြန္းမႈေၾကာင့္ သူတို႔တြင္ ခံစားခ်က္မ်ား ျဖစ္ေပၚလာၾကသည္ ကိုသာ ေတြ႕ျမင္ရမည္ ျဖစ္ပါသည္။ ဆင္မမ်ား၏ ၿမိဳင္ကာလ (Oestus cycle) သည္ ပ်မ္းမွ်အားျဖင့္ ၁၆ ပတ္ ၾကာသည္။ ဆင္မ၏ ကိုယ္ဝန္ေဆာင္ ကာလသည္ ပ်မ္းမွ် ၂၂ လၾကာျမင့္ၿပီး ပထမ ၁၀ လအတြင္းတြင္ သူ႔ကိုယ္ကို ကိုယ္ဝန္ေဆာင္မိၿပီဆိုသည္ကို သတိထားမိမည္ မဟုတ္ပါ။ မိတ္လိုက္ခ်ိန္ကုန္ဆုံးေသာအ ခါ အတူေန အတူစားခဲ့ေသာ ၾကင္ေဖာ္ ဆင္ထီး၏ေနရာတြင္ အျခား ဆင္မ တစ္ေကာင္က ဝင္ေရာက္အစားထိုးေနရာ ယူလာပါ ေတာ့သည္။

ထိုဆင္သည္ ကေလးထိန္း သို႔မဟုတ္ ႏို႔ထိန္းအျဖစ္ ေရာက္ရွိလာျခင္းပင္ ျဖစ္သည္။ ေမြးလာသည့္ ဆင္ကေလး၏ မိေထြးျဖစ္ၿပီး ကိုယ္ဝန္ေဆာင္သည့္ ဆင္မ၏ ညီမ သို႔မဟုတ္ အမအျဖစ္ ေရာက္ရွိ လာျခင္းပင္ျဖစ္ပါသည္။ ထိုဆင္မသည္ ကိုယ္ဝန္ေဆာင္ဆင္မႏွင့္ မခြဲမခြာအတူေန ၾကပါေတာ့သည္။ ဆင္ကေလး ေမြးလာၿပီး ႏွစ္လသားအ႐ြယ္ေရာက္သည္အထိ ဆင္မ်ားသည္ က်ားသတၱဝါ မ်ားေဘးမွ ဝိုင္း၍ ကာကြယ္ေပးၾကသည္။ ႏို႔စို႔ဆင္ကေလးသည္ မိခင္၏ ေနာက္သို႔ သုံးႏွစ္သားမွ ေလးႏွစ္သား အ႐ြယ္ အထိမိခင္ ေနာက္ တေကာက္ေကာက္ လိုက္ေန တတ္ပါသည္။ ႏို႔စို႔သည့္အခါ ေရွ႕ေျခႏွစ္ ေခ်ာင္းၾကားရွိ ရင္အုံမွ ႏို႔စို႔ေနေသာအ႐ြယ္ ျဖစ္သည္။

ႏို႔စို႔စဥ္ ႏွာေမာင္းကိုေဘးသို႔လႊဲ ၿပီး ပါးစပ္ႏွင့္ ႏို႔စို႔ေစပါသည္။ ဆင္ကေလးမ်ား ငါးႏွစ္သား၊ ေျခာက္ႏွစ္သားအ႐ြယ္ ေရာက္လွ်င္ သူ႔ဘာသာသူ အစာရွာေဖြ စားေသာက္ လာႏိုင္ၾကၿပီး ႏို႔စို႔ျခင္း မရွိၾကေတာ့ပါ။ ဆင္ထီးကေလးမ်ားသည္ ၁၆ ႏွစ္မွ အႏွစ္ ၂၀ တြင္ ဆင္မေလးမ်ားအား စိတ္ဝင္စားမႈမ်ား ျဖစ္ေပၚလာသည္ကို ေတြ႕ရသည္။ ဆင္ထီးတြင္ ေဝွးအိတ္သည္ ကပၸာယ္ အိတ္အတြင္းသို႔ မည္သည့္အခါမွ ဆင္းမလာဘဲ ဝမ္းေခါင္းခ်ိဳင့္ထဲတြင္ တစ္သက္လုံး ရွိေနသည္။

အမ်ားစု ဆင္ထီးကေလးမ်ားသည္ အႏွစ္ ၂၀ အ႐ြယ္ေရာက္သည္အထိ မုန္ယိုေသာ လကၡဏာ (စိတ္႐ိုင္းဝင္ျခင္း) မျပတတ္ၾကေပ။ ဆင္ထီးတစ္ေကာင္သည္ မုန္မယိုဘဲႏွင့္ မိတ္လိုက္ႏိုင္သည္။ ဆင္ထီး မ်ားသည္ အသက္ ၂၀ မွ ၃၅ ႏွစ္အတြင္း သူတို႔၏ မ်က္စိအနီးရွိ မုန္ေပါက္မွ မုန္ရည္ မ်ားသည္ ျပင္းထန္ေသာအနံ႔ဆိုးျဖင့္ အနည္းငယ္က်ဆင္းလာတတ္သည္။ အဆိုပါ မုန္ေပါက္မွ မုန္ရည္မ်ားသည္ ပါးစပ္တြင္းသို႔ တိုက္႐ိုက္စီးက်ႏိုင္ပါသည္။ က်န္းမာေသာ ဆင္ထီးတစ္ေကာင္သည္ ႏွစ္စဥ္မိတ္လိုက္ခ်ိန္ျဖစ္ေသာ ေႏြရာသီကာလ မ်ားတြင္ မုန္ယိုမႈမ်ားျဖစ္ေပၚေလ့ရွိပါသည္။

ထိုသို႔မုန္ယိုျခင္းသည္ ႏွစ္ပတ္ခန႔္ၾကာတတ္ၿပီး စိတ္႐ိုင္းဝင္တတ္ေသာ ကာလျဖစ္သည္။ အသက္ ၃၅ ႏွစ္မွ ၄၅ ႏွစ္အ႐ြယ္တြင္ ဆင္ထီးမ်ားတြင္ မုန္ရည္မ်ားသည္ မ်ားျပားစြာ စီးက်တတ္ၿပီး ပါးစပ္အတြင္းသို႔ တစ္စက္စက္ျဖင့္ စီးဝင္သြားေသာအခါ ဆင္ႀကီး ကို ပို၍ ရက္စက္ၾကမ္းၾကဳတ္ေအာင္ ျပဳလုပ္ ေပးပါေတာ့သည္။ (မုန္ေသာက္သည္ဟု ေခၚသည္။) ထိုအခ်ိန္တြင္ သံႀကိဳးခ်ည္ မထားခဲ့ပါက ဆင္ဦးစီးႏွင့္ အျခားသူမ်ား အတြက္ အႏၲရာယ္ရွိႏိုင္ပါသည္။

ဆင္မ်ားကို ေကာင္းစြာ ေလ့က်င့္ ေပးပါက အသက္ ၂၅ ႏွစ္ခန႔္ရွိလာေသာအခါ အမိန႔္ေပးေစခိုင္းမႈ စေသာ အမိန႔္သံ ၂၄ မ်ိဳးကို နားလည္ လိုက္နာေဆာင္႐ြက္ႏိုင္ ေၾကာင္း သိရသည္။ ဆင္ဦးစီးက ဆင္၏ ဦးေခါင္းေပၚမွေန၍ နား႐ြက္ေနာက္ဘက္ကို ေျချဖင့္ထိုးၿပီး အခ်က္ေပးေစခိုင္းေစပါသည္။ ဆင္သည္ သစ္တုံးမ်ားတြင္ ခ်ည္ထားေသာ သံႀကိဳးကို ႏွာေမာင္းႏွင့္ကိုင္၍ ဆြဲေဆာင့္ျခင္း၊ ၾကပ္သြားေအာင္ လုပ္ႏိုင္ သလို သံႀကိဳးကို ႏွာေမာင္းျဖင့္ ေလ်ာ့လိုက္၊ တင္းလိုက္လုပ္ေပးျခင္းျဖင့္ သစ္တုံးတြင္ ခ်ည္ထားေသာ သံႀကိဳးကို လူကဲ့သို႔ပင္ ေျဖေပးႏိုင္ၾကပါသည္။

အကယ္၍ ဆင္တြင္ ခေလာက္ဆြဲထားပါက ခေလာက္တြင္႐ႊံ႕ ပိတ္၍ အသံမမည္ေအာင္ျပဳလုပ္ၿပီး လူတို႔ စိုက္ထားေသာ ငွက္ေပ်ာပင္မ်ားကို ညအခ်ိန္ ဝင္ေရာက္ခိုးယူစားေသာက္တတ္ၾကသည္။ ထို႔ေၾကာင့္ ဆင္တို႔၏ ထက္ျမက္ေသာ အသိဉာဏ္၊ အမိန႔္နာခံမႈႏွင့္ ေက်းဇူး သိတတ္မႈ မ်ားရွိေၾကာင္း သိရသည္။ ဆင္သည္ သည္းေခ်အိတ္ မရွိပါ။ ဆင္၏သက္တမ္းသည္ လူတို႔၏သက္တမ္းႏွင့္ အတူတူပင္ျဖစ္ေသာ္လည္း အသက္ (၆၀- ၈၀) ႏွစ္အထိ အလုပ္လုပ္ႏိုင္သည္ဟု ဆိုသည္။

ဆင္တြင္ ဒုကၡေပးေသာေရာဂါမွာ ဆင္ေဒါင့္သန္းေရာဂါျဖစ္သည္။ ဆင္ႏွင့္ လူသားတို႔သည္ ဘ၀ တစ္ေလွ်ာက္လုံး ရင့္က်က္တည္ၿငိမ္စြာ တစ္ဦး ႏွင့္တစ္ဦး အျပန္အလွန္ အမွီသဟဲျပဳၿပီး ေနထိုင္သြားႏိုင္ၾကပါသည္။ ထိုသို႔ ေနထိုင္ရန္မွာ တစ္ဦးအထာကို တစ္ဦးကသိေအာင္ ေလ့လာဆည္းပူးေလ့က်င့္ေပးၿပီး ေနထိုင္ သြားပါက အသိဉာဏ္ ရွိေသာ၊ လိမၼာပါးနပ္ေသာဆင္သည္ တန္ဖိုးမျဖတ္ႏိုင္ေသာ ရတနာတစ္ပါးျဖစ္ေၾကာင္း တင္ျပလိုက္ရ ပါသည္။

– ထြန္းလႈိင္ (ၿမိဳင္)

ျမန္မာေတာင္သူႀကီးမ်ားဂ်ာနယ္

အတြဲ (၁၃) အမွတ္ (၁၉၀)၊ မတ္ ၇ – ၁၃၊ ၂၀၁၆ ခုႏွစ္

Unicode

ကမ္ဘာပေါ်တွင် ထင်ရှားသော ဆင်အမျိုး အစား သုံးမျိုး ရှိပါသည်။ အာရှဆင်နှင့် နှစ်မျိုးမှာ အာဖရိက ဆင်မျိုးများ ဖြစ်ကြသည်။ အာရှဆင်မျိုးတွင် အိန္ဒိယ သို့မဟုတ် မြန်မာ ဆင်မျိုး၊ သီရိလင်္ကာ ဆင်မျိုး၊ မလေးယန်း ဆင်မျိုးနှင့် စုမတ္တြား ဆင်မျိုးများ ဖြစ်ကြသည်။ အဆိုပါ ဆင်များသည် ပုံပန်းသဏ္ဌာန် တူညီမှု ရှိကြသည်။ အာရှဆင် များသည် အာဖရိက ဆင်မျိုးထက် နားရွက်သေးငယ်ပြီး ချောမွေ့စွာ
သွယ်ဆင်း သွားသော နှာမောင်းလည်း ရှိကြသည်။

ထို့ပြင် အာရှ ဆင်များသည် အစွယ်ရှည် မပါရှိကြပါ။ သီရိလင်္ကာ ဆင်မျိုး များသည် အထီးရော၊ အမပါ အစွယ်မရှိကြပါ။ (သူတို့ နေထိုင်သော ကျွန်းကြီးတွင် အစာပေါများသော ကြောင့် အစွယ်အသုံးပြုရန် မလိုအပ်သော ကြောင့် အစွယ်မပါရှိကြခြင်းဖြစ်သည်ဟု ဆိုကြသည်။) အလုပ် မခိုင်းကြကြောင်း သိရသည်။

သို့သော် ဆင်ပါးစပ်တွင် ကြိုးကို ကိုက်ချည်စေပြီး ဝန်ထုပ် ပစ္စည်းများ ဆွဲယူစေသည်ဟု မှတ်သားဖူးပါသည်။ အာဖရိက ဆင်မျိုးများသည် အာရှ ဆင်များထက် အရပ်ပိုမြင့်မား၍ ကလန်ကလား နိုင်သော ခန္ဓာကိုယ် ရှိပါသည်။ ကြီးမားသော နားရွက်များနှင့် ရှည်သော နှာမောင်း များကို တွေ့မြင်ရသည်။ ရှည်သော အစွယ်များလည်း တွေ့ရပါသည်။ အာရှဆင်အထီးတစ်ကောင်သည် အလေးချိန် ပျမ်းမျှ ၄,၂၀၀Kg၊ နှင့် အမမှာ ၂,၃၀၀-၃,၅၀၀Kg အထိရှိသည်။

အာဖရိက ဆင် အထီး တစ်ကောင်သည် ပျမ်းမျှ ၆,၄၀၀Kg နှင့် အမမှာ ပျမ်းမျှ ၂,၄၀၀-၄,၀၀၀ kg ရှိသည်။ ဆင် ထီးကလေးများ သုံးနှစ်သား အရွယ်တွင် ဆင်ဦးစီးများမှာ အမြဲစိတ်ဝင်စား စောင့်ကြည့် ကြသည်။ အစွယ်ပေါက်ရမည့်အစား နှာမောင်း၏ လုံးပတ်နှင့် ကိုယ်ခန္ဓာ ပိုမိုကြီးထွားမှု မြန်လာခြင်း များပင်ဖြစ်သည်။ နှာမောင်းသည် အထူးကြီးမား သန်စွမ်းလာသည့် အလျောက် ပြိုင်ဖက် ဆင်များ၏ အစွယ်ကို ရိုက်ချိုးပစ်နိုင်စွမ်းရှိသည်။ ထိုဆင်မျိုးကို “ဟိုင်းဆင်” ဟု ခေါ်သည်။

သုံးနှစ်သားအရွယ် ရောက်သော ဆင်ထီး ကလေး အစွယ်နှစ်ချောင်းပေါက်လျှင် ထိုဆင်မျိုးသည် ”စွယ်စုံ” ဆင်ကြီးများ ဖြစ်လာသည်။ အစွယ်တစ်ချောင်း (ဘယ် သို့မဟုတ် ညာဘက်တွင်) ပေါက်သော ဆင်သည် “တယ်” ဟုခေါ်သော ဆင်ကြီးများ ဖြစ်လာသည်။ “ဟန်” ခေါ် အစွယ်ရှည် မပေါက်ဘဲ ဆင်မများကဲ့သို့ သစ်ခွံ ထိုးရန်မျှ လောက်သာ အသုံးဝင်သည့် အစွယ်ရှိသော ဆင်သည် စွယ်ပေါက်ဆင်ကြီး ဖြစ်လာမည်။

သို့မဟုတ် နောက်ဆုံးအနေဖြင့် အစွယ်လုံး၀ မပေါက်သော “ဟိုင်း” ဆင်ကြီးများ ဖြစ်လာ မည်လားဟု စောင့်ကြခြင်းပင် ဖြစ်သည်။ ဆင်နှင့်လူသားတို့သည် တစ်ဦးနှင့် တစ်ဦး အမှီသဟဲ ပြုပြီးနေထိုင် သွားနိုင်ကြသည်ဟု ဆိုသည်။ ဆင်စခန်း တစ်ခုတွင် သားယောကျ်ားလေး တစ်ယောက် မွေးဖွား ချိန်တွင် ဆင်စခန်းနှင့် မနီးမဝေးတွင် ဆင်လေး တစ်ကောင် မွေးဖွားလာမည် ဆိုပါက ထိုလူကလေးနှင့် ဆင်ကလေးတို့သည် ဖွားဘက်တော် အဖြစ် ကြီးပြင်းလာကြကာ ဆော့ကစားလျှင် အတူတူ၊ အလုပ်လုပ်လျှင်လည်း အတူတူ၊ ကစားဖော်ကစားဖက်ဖြစ်သွား ကာ ရင်းနှီးသော သူငယ်ချင်းများ အဖြစ်သော် လည်းကောင်း၊ လုပ်ဖော် ကိုင်ဖက်များ အဖြစ်သော်လည်းကောင်း အသက် ၆၀ ကျော်သည်အထိ အတူတူ ရပ်တည်သွားနိုင်ကြမည် ဖြစ်ပါသည်။

ဆင်များ၏ နှလုံးသားရေးရာကိစ္စ သည် စိတ်ဝင်စားဖို့ ကောင်းလှသည်။ ဆင်မ များ၏ မြိုင်ပေါ်ခြင်း သို့မဟုတ် ရာသီလာခြင်းတို့ မဖြစ်ပေါ်ပါဘဲလျက် ဆင်မနှင့် ဆင် ထီးတို့သည် မျက်မှန်း တန်းမိခဲ့ကြ တတ်ပါသည်။ ထို့နောက် ရက်ပေါင်းများစွာ သို့မဟုတ် ရက်သတ္တပတ်ပေါင်းအတော်ကြာ သမီးရည်းစားအဖြစ် ဆက်သွယ်ခဲ့ကြပြီး နောက် အကြင်လင်မယားအဖြစ် ပေါင်းဖက်ကြမည့် ချစ်သူများဘဝသို့ ရောက်ခဲ့ကြပါသည်။ သူတို့သည် နေရာတစ်ခု ရွေးချယ်ကြပြီး ဆင်ထီးက ဆင်မကျောပေါ်သို့ အသာအယာပင် ထပ်လိုက်ပါသည်။ ထိုပုံစံအ တိုင်း သုံးမိနစ်၊ လေးမိနစ်ပြီးမှ လင်မယား အရာမြောက်သည်။ ၅ မိနစ်၊ ၁၀ မိနစ်အထိ လည်း ကြာနိုင်ပါသည်။

ထိုကဲ့သို့ ၂၄ နာရီ အတွင်း သုံးကြိမ်မှ လေးကြိမ်အထိ ပြုလုပ်တတ် ကြပါသည်။ ထိုစုံတွဲသည် မခွဲမခွာကြဘဲ အတူ လပေါင်းများစွာ အစာရှာဖွေ စားသောက်ကြ ပြီးနောက် သူတို့၏ ပျားရည် ဆမ်းနေ့ရက်များ ကုန်ဆုံးသွားပါ လေတော့သည်။ သူတို့သည် နှစ်ကိုယ်တူချစ် ကာလ များတွင် သူတို့ကို အလုပ်ချိန်ပြီး၍ လွှတ်လိုက်သောအခါ တစ်ကောင်နှင့်တစ်ကောင် အသံပေး၍ခေါ်ကြပြီး တောထဲအတူဝင်ကြကာ အတူနေထိုင်ကြပါသည်။ ထိုကဲ့သို့ အတူတကွနေထိုင်ခြင်း သည် ဆင်မတွင် ကိုယ်ဝန်ဆောင်ထားသည်မှာ ဆယ်လခန့်ရှိပြီဟု သိရသောအချိန်အထိဖြစ်သည်ဟု(Elephant Bill ရေးသားသူ J.H Williams) က မှတ်သားမိသည်ဟု ဆိုပါသည်။ ဆင်မ များသည် ပုံမှန်အားဖြင့် ၁၇ နှစ်နှင့် နှစ် ၂၀ ကြားတွင် စတင်မိတ်လိုက်နိုင်သည့် အရွယ်သို့ ရောက်လာကြပါသည်။

သို့သော်ဆင်မများတွင် မြိုင်ပေါ်ခြင်း သို့မဟုတ် ရာသီလာခြင်းကိစ္စများကို တွေ့မြင်ရမည် မဟုတ်ပါ။ သဘာဝတရား၏ တိုက်တွန်းမှုကြောင့် သူတို့တွင် ခံစားချက်များ ဖြစ်ပေါ်လာကြသည် ကိုသာ တွေ့မြင်ရမည် ဖြစ်ပါသည်။ ဆင်မများ၏ မြိုင်ကာလ (Oestus cycle) သည် ပျမ်းမျှအားဖြင့် ၁၆ ပတ် ကြာသည်။ ဆင်မ၏ ကိုယ်ဝန်ဆောင် ကာလသည် ပျမ်းမျှ ၂၂ လကြာမြင့်ပြီး ပထမ ၁၀ လအတွင်းတွင် သူ့ကိုယ်ကို ကိုယ်ဝန်ဆောင်မိပြီဆိုသည်ကို သတိထားမိမည် မဟုတ်ပါ။ မိတ်လိုက်ချိန်ကုန်ဆုံးသောအ ခါ အတူနေ အတူစားခဲ့သော ကြင်ဖော် ဆင်ထီး၏နေရာတွင် အခြား ဆင်မ တစ်ကောင်က ဝင်ရောက်အစားထိုးနေရာ ယူလာပါ တော့သည်။

ထိုဆင်သည် ကလေးထိန်း သို့မဟုတ် နို့ထိန်းအဖြစ် ရောက်ရှိလာခြင်းပင် ဖြစ်သည်။ မွေးလာသည့် ဆင်ကလေး၏ မိထွေးဖြစ်ပြီး ကိုယ်ဝန်ဆောင်သည့် ဆင်မ၏ ညီမ သို့မဟုတ် အမအဖြစ် ရောက်ရှိ လာခြင်းပင်ဖြစ်ပါသည်။ ထိုဆင်မသည် ကိုယ်ဝန်ဆောင်ဆင်မနှင့် မခွဲမခွာအတူနေ ကြပါတော့သည်။ ဆင်ကလေး မွေးလာပြီး နှစ်လသားအရွယ်ရောက်သည်အထိ ဆင်များသည် ကျားသတ္တဝါ များဘေးမှ ဝိုင်း၍ ကာကွယ်ပေးကြသည်။ နို့စို့ဆင်ကလေးသည် မိခင်၏ နောက်သို့ သုံးနှစ်သားမှ လေးနှစ်သား အရွယ် အထိမိခင် နောက် တကောက်ကောက် လိုက်နေ တတ်ပါသည်။ နို့စို့သည့်အခါ ရှေ့ခြေနှစ် ချောင်းကြားရှိ ရင်အုံမှ နို့စို့နေသောအရွယ် ဖြစ်သည်။

နို့စို့စဉ် နှာမောင်းကိုဘေးသို့လွှဲ ပြီး ပါးစပ်နှင့် နို့စို့စေပါသည်။ ဆင်ကလေးများ ငါးနှစ်သား၊ ခြောက်နှစ်သားအရွယ် ရောက်လျှင် သူ့ဘာသာသူ အစာရှာဖွေ စားသောက် လာနိုင်ကြပြီး နို့စို့ခြင်း မရှိကြတော့ပါ။ ဆင်ထီးကလေးများသည် ၁၆ နှစ်မှ အနှစ် ၂၀ တွင် ဆင်မလေးများအား စိတ်ဝင်စားမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ ဆင်ထီးတွင် ဝှေးအိတ်သည် ကပ္ပာယ် အိတ်အတွင်းသို့ မည်သည့်အခါမှ ဆင်းမလာဘဲ ဝမ်းခေါင်းချိုင့်ထဲတွင် တစ်သက်လုံး ရှိနေသည်။

အများစု ဆင်ထီးကလေးများသည် အနှစ် ၂၀ အရွယ်ရောက်သည်အထိ မုန်ယိုသော လက္ခဏာ (စိတ်ရိုင်းဝင်ခြင်း) မပြတတ်ကြပေ။ ဆင်ထီးတစ်ကောင်သည် မုန်မယိုဘဲနှင့် မိတ်လိုက်နိုင်သည်။ ဆင်ထီး များသည် အသက် ၂၀ မှ ၃၅ နှစ်အတွင်း သူတို့၏ မျက်စိအနီးရှိ မုန်ပေါက်မှ မုန်ရည် များသည် ပြင်းထန်သောအနံ့ဆိုးဖြင့် အနည်းငယ်ကျဆင်းလာတတ်သည်။ အဆိုပါ မုန်ပေါက်မှ မုန်ရည်များသည် ပါးစပ်တွင်းသို့ တိုက်ရိုက်စီးကျနိုင်ပါသည်။ ကျန်းမာသော ဆင်ထီးတစ်ကောင်သည် နှစ်စဉ်မိတ်လိုက်ချိန်ဖြစ်သော နွေရာသီကာလ များတွင် မုန်ယိုမှုများဖြစ်ပေါ်လေ့ရှိပါသည်။

ထိုသို့မုန်ယိုခြင်းသည် နှစ်ပတ်ခန့်ကြာတတ်ပြီး စိတ်ရိုင်းဝင်တတ်သော ကာလဖြစ်သည်။ အသက် ၃၅ နှစ်မှ ၄၅ နှစ်အရွယ်တွင် ဆင်ထီးများတွင် မုန်ရည်များသည် များပြားစွာ စီးကျတတ်ပြီး ပါးစပ်အတွင်းသို့ တစ်စက်စက်ဖြင့် စီးဝင်သွားသောအခါ ဆင်ကြီး ကို ပို၍ ရက်စက်ကြမ်းကြုတ်အောင် ပြုလုပ် ပေးပါတော့သည်။ (မုန်သောက်သည်ဟု ခေါ်သည်။) ထိုအချိန်တွင် သံကြိုးချည် မထားခဲ့ပါက ဆင်ဦးစီးနှင့် အခြားသူများ အတွက် အန္တရာယ်ရှိနိုင်ပါသည်။

ဆင်များကို ကောင်းစွာ လေ့ကျင့် ပေးပါက အသက် ၂၅ နှစ်ခန့်ရှိလာသောအခါ အမိန့်ပေးစေခိုင်းမှု စသော အမိန့်သံ ၂၄ မျိုးကို နားလည် လိုက်နာဆောင်ရွက်နိုင် ကြောင်း သိရသည်။ ဆင်ဦးစီးက ဆင်၏ ဦးခေါင်းပေါ်မှနေ၍ နားရွက်နောက်ဘက်ကို ခြေဖြင့်ထိုးပြီး အချက်ပေးစေခိုင်းစေပါသည်။ ဆင်သည် သစ်တုံးများတွင် ချည်ထားသော သံကြိုးကို နှာမောင်းနှင့်ကိုင်၍ ဆွဲဆောင့်ခြင်း၊ ကြပ်သွားအောင် လုပ်နိုင် သလို သံကြိုးကို နှာမောင်းဖြင့် လျော့လိုက်၊ တင်းလိုက်လုပ်ပေးခြင်းဖြင့် သစ်တုံးတွင် ချည်ထားသော သံကြိုးကို လူကဲ့သို့ပင် ဖြေပေးနိုင်ကြပါသည်။

အကယ်၍ ဆင်တွင် ခလောက်ဆွဲထားပါက ခလောက်တွင်ရွှံ့ ပိတ်၍ အသံမမည်အောင်ပြုလုပ်ပြီး လူတို့ စိုက်ထားသော ငှက်ပျောပင်များကို ညအချိန် ဝင်ရောက်ခိုးယူစားသောက်တတ်ကြသည်။ ထို့ကြောင့် ဆင်တို့၏ ထက်မြက်သော အသိဉာဏ်၊ အမိန့်နာခံမှုနှင့် ကျေးဇူး သိတတ်မှု များရှိကြောင်း သိရသည်။ ဆင်သည် သည်းချေအိတ် မရှိပါ။ ဆင်၏သက်တမ်းသည် လူတို့၏သက်တမ်းနှင့် အတူတူပင်ဖြစ်သော်လည်း အသက် (၆၀- ၈၀) နှစ်အထိ အလုပ်လုပ်နိုင်သည်ဟု ဆိုသည်။

ဆင်တွင် ဒုက္ခပေးသောရောဂါမှာ ဆင်ဒေါင့်သန်းရောဂါဖြစ်သည်။ ဆင်နှင့် လူသားတို့သည် ဘ၀ တစ်လျှောက်လုံး ရင့်ကျက်တည်ငြိမ်စွာ တစ်ဦး နှင့်တစ်ဦး အပြန်အလှန် အမှီသဟဲပြုပြီး နေထိုင်သွားနိုင်ကြပါသည်။ ထိုသို့ နေထိုင်ရန်မှာ တစ်ဦးအထာကို တစ်ဦးကသိအောင် လေ့လာဆည်းပူးလေ့ကျင့်ပေးပြီး နေထိုင် သွားပါက အသိဉာဏ် ရှိသော၊ လိမ္မာပါးနပ်သောဆင်သည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။

– ထွန်းလှိုင် (မြိုင်)

မြန်မာတောင်သူကြီးများဂျာနယ်

အတွဲ (၁၃) အမှတ် (၁၉၀)၊ မတ် ၇ – ၁၃၊ ၂၀၁၆ ခုနှစ်

Leave a Reply

Your email address will not be published.