Zawgyi

ပရိသတ္ေတြ ခ်စ္ခင္အားေပးမႈေတြကိုအခိုင္အမာရရွိထားတဲ့ အိမ့္ခ်စ္ကေတာ့ ျပည္သူထဲက ျပည္သူတစ္ေယာက္ျဖစ္တာေၾကာင့္ လတ္တေလာမွာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ရရာေနရာကေန တတ္ႏိုင္သေလာက္ ပါဝင္ကာ လႈပ္ရွားမႈေတြ ျပဳလုပ္လ်က္ ရွိပါတယ္။ ေတာ္လွန္ေရးတိုက္ပြဲႀကီးကလည္း တစ္ရက္ထက္တစ္ရက္ အရွိန္ေကာင္းလာကာ ခုဆိုရင္ျပည္သူေတြက အႏၲရာယ္ ေတြၾကားထဲက

ဆႏၵထုတ္ေဖာ္မႈေတြ ျပဳလုပ္ေနရတာေၾကာင့္ အသက္ဆုံးရႈံးခဲ့ရသူေတြလည္း တစ္ဆတစ္ဆမ်ားလာခဲ့တာကို ေၾကကြဲဝမ္နည္းစြာ ေတြ႕ျမင္ရပါတယ္။ အႏုပညာရွင္မ်ားကလည္း ရရာေနရာကေနတတ္ႏိုင္သေလာက္ ကူညီေထာက္ပံ့ေပးမႈေတြလုပ္ေပးလ်က္ရွိရာ အခုလည္း အိမ့္ခ်စ္တစ္ေယာက္ သူငယ္ခ်င္းေတြနဲ႔စုေပါင္းၿပီး

ဆႏၵေဖာ္ထုတ္တဲ့ျပည္သူေတြ အကာအကြယ္အျပည့္အစုံရေစရန္ ရည္႐ြယ္ၿပီး လိုအပ္တဲ့ပစၥည္းေတြကို ရက္ရက္ေရာေရာ လိုသေလာက္ယူႏိုင္ေၾကာင္း လႉဒါန္းေနတဲ့ ပုံေလးေတြနဲ႔တကြ” လိုတာယူပါ ေဘးကင္းကင္းနဲ႔ ျပန္ခဲ့မယ္လို႔ ကတိေပးပါ။ Safety & Defense ပစၥည္းမ်ားအတြက္တတ္ႏိုင္

သေလာက္ထည့္ဝင္လႉဒါန္းထားတဲ့အလႉေလးပစၥည္းေတြဒီ ေန႔စေဝေနပါၿပီ။ ပါဝင္ႏိုင္ေအာင္စီစဥ္ေပးတဲ့အကိုလည္း ေက်းဇူးပါ”ဆိုတဲ့စာေလးကိုေဖာ္ျပထားရာ ေလးစားလြန္းတာေၾကာင့္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Source & Photo Credit: Eint Chit

Unicode

ပရိသတ်တွေ ချစ်ခင်အားပေးမှုတွေကိုအခိုင်အမာရရှိထားတဲ့ အိမ့်ချစ်ကတော့ ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရရာနေရာကနေ တတ်နိုင်သလောက် ပါဝင်ကာ လှုပ်ရှားမှုတွေ ပြုလုပ်လျက် ရှိပါတယ်။ တော်လှန်ရေးတိုက်ပွဲကြီးကလည်း တစ်ရက်ထက်တစ်ရက်

အရှိန်ကောင်းလာကာ ခုဆိုရင်ပြည်သူတွေက အန္တရာယ် တွေကြားထဲက ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေရတာကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေလည်း တစ်ဆတစ်ဆများလာခဲ့တာကို ကြေကွဲဝမ်နည်းစွာ တွေ့မြင်ရပါတယ်။ အနုပညာရှင်များကလည်း ရရာနေရာကနေတတ်နိုင်သလောက် ကူညီထောက်ပံ့ပေးမှုတွေလုပ်ပေးလျက်ရှိရာ အခုလည်း

အိမ့်ချစ်တစ်ယောက် သူငယ်ချင်းတွေနဲ့စုပေါင်းပြီး ဆန္ဒဖော်ထုတ်တဲ့ပြည်သူတွေ အကာအကွယ်အပြည့်အစုံရစေရန် ရည်ရွယ်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို ရက်ရက်ရောရော လိုသလောက်ယူနိုင်ကြောင်း လှူဒါန်းနေတဲ့ ပုံလေးတွေနဲ့တကွ” လိုတာယူပါ ဘေးကင်းကင်းနဲ့ ပြန်ခဲ့မယ်လို့ ကတိပေးပါ။ Safety & Defense

ပစ္စည်းများအတွက်တတ်နိုင် သလောက်ထည့်ဝင်လှူဒါန်းထားတဲ့အလှူလေးပစ္စည်းတွေဒီ နေ့စဝေနေပါပြီ။ ပါဝင်နိုင်အောင်စီစဉ်ပေးတဲ့အကိုလည်း ကျေးဇူးပါ”ဆိုတဲ့စာလေးကိုဖော်ပြထားရာ လေးစားလွန်းတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source & Photo Credit: Eint Chit