Mon. Nov 29th, 2021

Zawgyi

ပရိသတ္အခ်စ္ေတာ္ ႏႈတ္ခမ္းနီမေလးေတြ ရဲ႕ အသဲစြဲ ေမာ္ဒယ္သ႐ုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ လတ္တေလာမွာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူပရိသတ္ေတြနဲ႔အတူ တစ္သားတည္းရပ္တည္ကာ လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ေနၿပီး တတ္ႏိုင္တဲ့ဘက္ကေန အားျဖည့္လုပ္ေဆာင္ေနတာ ေတြ႕ရပါတယ္ေနာ္။ ဒီေန႔ထိ ေန႔တိုင္းလမ္းေပၚထြက္ၿပီး

လူထုလႈပ္ရွားမႈျပဳလုပ္ေနရတာ လည္းျဖစ္ပါတယ္ ။ ဆႏၵထုတ္ေဖာ္ ယုံသာမက သူခ်စ္ရတဲ့ ျပည္သူေတြကို မထိခိုက္ႏိုင္ေအာင္ အကာအကြယ္ပစၥည္း စုံစုံလင္လင္နဲ႔ ေရွ႕ကေန ေစာင့္ေရွာက္ေပးခဲ့တာလည္း ျဖစ္ပါတယ္ ။ ဒါ့အျပင္ လိုက္နာရမယ့္ အေၾကာင္းအရာနဲ႔ သတင္းေတြကိုလည္း အဆက္အျပတ္ေဖာ္ျပခဲ့တာလည္းျဖစ္ပါတယ္။ အခုလည္း

အတိုက္ အခိုက္ေတြၾကားကေန အႏၲရာယ္လြတ္ေအာင္ေျပးလႊားရင္း ဆႏၵထုတ္ေဖာ္ခဲ့ရတဲ့ ဗီဒီယိုေလးကို သူရဲ႕ ေဖ့စ္ဘြတ္ခ္ Page မွာ ေဖာ္ျပခဲ့ျပန္ပါတယ္။ ဗီဒီယိုေလးၾကည့္ၿပီး စိုးရိမ္ေၾကာက္လန႔္မိသလို ေရွ႕ကေန ရဲဝင့္စြာ ရပ္တည္ေနတာၾကည့္ၿပီး ေလးစားမိတာ အမွန္ပါပဲေနာ္။ ပရိသတ္ႀကီးအတြက္ ပိုင္တံခြန္ရဲ႕ ဗီဒီယိုေလးကို မွ်ေဝေပးလိုက္ပါတယ္။

Unicode

ပရိသတ်အချစ်တော် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေပြီး တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်လုပ်ဆောင်နေတာ တွေ့ရပါတယ်နော်။ ဒီနေ့ထိ နေ့တိုင်းလမ်းပေါ်ထွက်ပြီး

လူထုလှုပ်ရှားမှုပြုလုပ်နေရတာ လည်းဖြစ်ပါတယ် ။ ဆန္ဒထုတ်ဖော် ယုံသာမက သူချစ်ရတဲ့ ပြည်သူတွေကို မထိခိုက်နိုင်အောင် အကာအကွယ်ပစ္စည်း စုံစုံလင်လင်နဲ့ ရှေ့ကနေ စောင့်ရှောက်ပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် လိုက်နာရမယ့် အကြောင်းအရာနဲ့ သတင်းတွေကိုလည်း အဆက်အပြတ်ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

အခုလည်း အတိုက် အခိုက်တွေကြားကနေ အန္တရာယ်လွတ်အောင်ပြေးလွှားရင်း ဆန္ဒထုတ်ဖော်ခဲ့ရတဲ့ ဗီဒီယိုလေးကို သူရဲ့ ဖေ့စ်ဘွတ်ခ် Page မှာ ဖော်ပြခဲ့ပြန်ပါတယ်။ ဗီဒီယိုလေးကြည့်ပြီး စိုးရိမ်ကြောက်လန့်မိသလို ရှေ့ကနေ ရဲဝင့်စွာ ရပ်တည်နေတာကြည့်ပြီး လေးစားမိတာ အမှန်ပါပဲနော်။ ပရိသတ်ကြီးအတွက် ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။