Unicode

သစ္စာမဆိုခင် ဆင်ခြင်ပါရန်

ငုံးမင်းသည် သစ္စာမပြုခင် ပွင့်တော်မူခဲ့ပြီးသော ဘုရားရှင်တို့၏ သီလသမာဓိပညာဉာဏ်ဂုဏ်တွေကိုဆင်ခြင်ပါတယ်။ ဘုရားရှင်တို့၏ ထိုးထွင်းသိသွားသောဉာဏ်တော် (သဗ္ဗညုတဉာဏ်) နှင့် ဘုရားရှင်တို့သိသွားသည့်တရား(နိဗ္ဗာန်, မဂ္ဂင်(၈)ပါး)အဲ့ဒါတွေကို အရင်ဆင်ခြင်ပါတယ်။

မဂ္ဂင်(၈)ပါးနှင့်နိဗ္ဗာန်တရားတွေမှာ စွမ်းအားတွေရှိပါတယ်၊ အဲ့ဒါတွေ ဆင်ခြင်နိုင်ရင် ဆင်ခြင်နိုင်သလောက်အစွမ်းထက်ပါလိမ့်မယ်။ ဥပမာ မဂ္ဂင်(၈)ပါး ပြည့်သည့်အခိုက် (မဂ်ကျသည့် အခိုက်) ကမ်ဘာပျက်မယ်ဆိုရင်တောင် မပျက်ပဲ စောင့်ရကြောင်း အဆိုရှိပါတယ်၊ နိဗ္ဗာန်ကို

အာရုံပြုနေတဲ့အချိန် သမာပတ်ဝင်စားနေတဲ့အချိန်မှာ မီးရှို့ရင် မီးမလောင်ပါ။ တောင်နဲ့ဖိတောင် ဘာမှမဖြစ်နိုင်ဟုလို့ ဆိုပါတယ်။ ဓမ္မစကြာတရားစဟောသည့် အချိန် ငရဲမီးတွေပါ တဒင်္ဂငြိမ်းတယ်လို့ ဆိုပါတယ်။ စသည်အားဖြင့် တရားရဲ့စွမ်းအားတွေက ဆင်ခြင်ရင်

ဆင်ခြင်နိုင်သလောက် များစွာရှိပါတယ်။ သစ္စာပြုလိုသော ယောဂီများသည် ဘုရားရှင်၏ ဂုဏ်နှင့် တရား၏ဂုဏ် (ဝဋ်ဒုက္ခမှထွက်မြောက်ကြောင်း မဂ္ဂင်(၈)ပါးနှင့် ထွက်မြောက်ရာနိဗ္ဗာန်)ကို ထပ်ခါထပ်ခါတွေးပြီးမှ သစ္စာဆိုလိုက်ပါ။ အဲ့ဒါက လိုရင်းကျပါတယ်။

ဘုရားလောင်း ငုံးမင်းက အဲ့ဒါတွေဆင်ခြင်ပြီးမှ သစ္စာပြုတာပါ။ သစ္စာပြုတာက မွန္တာကို တိုင်တည်ပြောပြီး ဤမှန်ကန်သော သစ္စာစကားကြောင့် ဒီအခတ်အခဲ အကျဉ်းအကျပ်က လွတ်ရပါစေသတည်း ဆိုရင်ရပါပြီ။

ဘုရားလောင်းငုံးမင်းသစ္စာပြုပုံ

သန္တိ ပက္ခာ အပတနာ, သန္တိ ပါဒါ အဝဉ်စနာ၊မာတာပိတာ စ နိက္ခန္တာ၊ ဇာတေဝဒ ပဋိက္ကမ

လိုရင်းမြန်မာပြန်

တောမီး၊ ငါသည် အတောင်ရှိသော်လည်း ကောင်ကင်သို့ မပျံတက်နိုင်သေးပါ၊ ခြေထောက်ရှိသော်လည်း မြေ၌ မပြေးနိုင်သေးပါ။ ငါ့၏ မိဘတို့သည် ထွက်သွားကုန်ပြီ။ သင်(တောမီး)သည် ဖဲရှားလေလော့။

ကျမ်းကိုး(ဇာတကပါဠိ၊ ၉) (စရိယာပိဋက အဋ္ဌကထာ၊၂၂၇)

အရှင်ခေမာသီရိ(မော်လမြိုင်)

Zawgyi

သစၥာမဆိုခင္ ဆင္ျခင္ပါရန္

ငုံးမင္းသည္ သစၥာမျပဳခင္ ပြင့္ေတာ္မူခဲ့ၿပီးေသာ ဘုရားရွင္တို႔၏ သီလသမာဓိပညာဉာဏ္ဂုဏ္ေတြကိုဆင္ျခင္ပါတယ္။ ဘုရားရွင္တို႔၏ ထိုးထြင္းသိသြားေသာဉာဏ္ေတာ္ (သဗၺညဳတဉာဏ္) ႏွင့္ ဘုရားရွင္တို႔သိသြားသည့္တရား(နိဗၺာန္, မဂၢင္(၈)ပါး)အဲ့ဒါေတြကို အရင္ဆင္ျခင္ပါတယ္။

မဂၢင္(၈)ပါးႏွင့္နိဗၺာန္တရားေတြမွာ စြမ္းအားေတြရွိပါတယ္၊ အဲ့ဒါေတြ ဆင္ျခင္ႏိုင္ရင္ ဆင္ျခင္ႏိုင္သေလာက္အစြမ္းထက္ပါလိမ့္မယ္။ ဥပမာ မဂၢင္(၈)ပါး ျပည့္သည့္အခိုက္ (မဂ္က်သည့္ အခိုက္) ကမ္ဘာပ်က္မယ္ဆိုရင္ေတာင္ မပ်က္ပဲ ေစာင့္ရေၾကာင္း အဆိုရွိပါတယ္၊ နိဗၺာန္ကို

အာ႐ုံျပဳေနတဲ့အခ်ိန္ သမာပတ္ဝင္စားေနတဲ့အခ်ိန္မွာ မီးရႈိ႕ရင္ မီးမေလာင္ပါ။ ေတာင္နဲ႔ဖိေတာင္ ဘာမွမျဖစ္ႏိုင္ဟုလို႔ ဆိုပါတယ္။ ဓမၼစၾကာတရားစေဟာသည့္ အခ်ိန္ ငရဲမီးေတြပါ တဒဂၤၿငိမ္းတယ္လို႔ ဆိုပါတယ္။ စသည္အားျဖင့္ တရားရဲ႕စြမ္းအားေတြက

ဆင္ျခင္ရင္ ဆင္ျခင္ႏိုင္သေလာက္ မ်ားစြာရွိပါတယ္။ သစၥာျပဳလိုေသာ ေယာဂီမ်ားသည္ ဘုရားရွင္၏ ဂုဏ္ႏွင့္ တရား၏ဂုဏ္ (ဝဋ္ဒုကၡမွထြက္ေျမာက္ေၾကာင္း မဂၢင္(၈)ပါးႏွင့္ ထြက္ေျမာက္ရာနိဗၺာန္)ကို ထပ္ခါထပ္ခါေတြးၿပီးမွ သစၥာဆိုလိုက္ပါ။

အဲ့ဒါက လိုရင္းက်ပါတယ္။ ဘုရားေလာင္း ငုံးမင္းက အဲ့ဒါေတြဆင္ျခင္ၿပီးမွ သစၥာျပဳတာပါ။ သစၥာျပဳတာက မြႏၲာကို တိုင္တည္ေျပာၿပီး ဤမွန္ကန္ေသာ သစၥာစကားေၾကာင့္ ဒီအခတ္အခဲ အက်ဥ္းအက်ပ္က လြတ္ရပါေစသတည္း ဆိုရင္ရပါၿပီ။

ဘုရားေလာင္းငုံးမင္းသစၥာျပဳပုံ

သႏၲိ ပကၡာ အပတနာ, သႏၲိ ပါဒါ အဝဥ္စနာ၊မာတာပိတာ စ နိကၡႏၲာ၊ ဇာေတဝဒ ပဋိကၠမ

လိုရင္းျမန္မာျပန္

ေတာမီး၊ ငါသည္ အေတာင္ရွိေသာ္လည္း ေကာင္ကင္သို႔ မပ်ံတက္ႏိုင္ေသးပါ၊ ေျခေထာက္ရွိေသာ္လည္း ေျမ၌ မေျပးႏိုင္ေသးပါ။ ငါ့၏ မိဘတို႔သည္ ထြက္သြားကုန္ၿပီ။ သင္(ေတာမီး)သည္ ဖဲရွားေလေလာ့။

က်မ္းကိုး(ဇာတကပါဠိ၊ ၉) (စရိယာပိဋက အ႒ကထာ၊၂၂၇)

အရွင္ေခမာသီရိ(ေမာ္လၿမိဳင္)