Unicode

“ဂျင်းရေနွေး” ဂျင်းမှာ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်ဆီမယ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါးသတ္တုတွေပါဝင်တာကြောင့် နေ့စဉ်မရှိမဖြစ် လိုအပ်တဲ့ဓာတ်စာတစ်ခုလည်းဖြစ်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်း ရေနွေးထဲ ဂျင်းထည့်ပြီးသောက်ပေးလိုက်ရင် ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်..။

မူးမော်ခြင်းကင်းဝေးစေတယ်။ သတ္တုဓာတ်နဲ့ဗီတာမင်တွေကြွယ်ဝစွာပါဝင်တာကြောင့် မူးမော်ခြင်းတွေ၊ ခေါင်းနောက်တာတွေကို ကင်းဝေးစေပါတယ်။ ဂျင်းကို ဆေးအဖြစ်နဲ့ သုံးစွဲလာတဲ့ ခေတ်အဆက်ဆက်မှတ်တမ်းတွေအရ ခေါင်းမူးတာတွေ၊ အန်ချင်တာတွေကို သက်သာပျောက်ကင်းစေတာပြီး ကိုယ်ဝန်ဆောင်တွေမှာဖြစ်တတ်တဲ့ ပျို့အန်တာတွေကို သက်သာစေမှာပါ။

ဝိတ်ကျစေတယ်။ သင်ဟာ ဝိတ်ကျချင်တဲ့သူတစ်ယောက်ဆိုရင်တော့ ဂျင်းရေနွေးကိုသောက်ပေးသင့်ပါတယ်။ တစ်ဖက်ကလေ့ကျင့်ခန်းလည်းလုပ်ရင်း တစ်ဖက်က ဂျင်းရေနွေးကိုသောက်ပေးမယ်ဆိုရင် သိသိသာသာကို အချိန်ခဏလေးအတွင်းမှာ ဝိတ်ကျသွားမှာပါ။ ညအိပ်ရာဝင်ခါနီးမှ မဟုတ်ပဲ ထမင်းစားပြီးတိုင်း ဂျင်းရေနွေးကိုသောက်ပေးနိုင်ရင်လည်း အရမ်းကောင်းပါတယ်နော်။

ကိုက်ခဲတာတွေကိုပျောက်ကင်းစေပါတယ်။ ဓမ္မတာလာစဉ် ကိုက်ခဲတတ်တဲ့ ပျိုမေတွေအတွက် သတင်းကောင်းပါပဲ။ ဂျင်းထဲမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဟာဆိုရင် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာတွေကို သက်သာပျောက်ကင်းစေပါတယ်။ အကိုက်အခဲပျောက်ဆေးတွေသောက်တာထက် ဂျင်းရေနွေးကိုသောက်ပေးတာ ပိုပြီးကောင်းပါတယ်။

သွေးတွင်းသကြားဓါတ်ကိုထိန်းပေးပါတယ်။ ဂျင်းရေနွေးဟာဆိုရင် သွေးတွင်းသကြားဓာတ်ကို ညီအောင် ထိန်းပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်လျော့နည်းခဲ့ရင် အိပ်မပျော်တာတွေ၊ ရေအမြဲငတ်နေတာတွေနဲ့ စိတ်မတည်မငြိမ်ဖြစ်စေနိုင်ပြီး ဂျင်းရေနွေးသောက်ခြင်းဖြင့် ဒီအရာတွေကို မျှတစေမှာပါ။ ခေါင်းကိုက်တာတွေပျောက်ကင်းစေတယ်။

ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေ၊ မကြာခဏခေါင်းကိုက်တတ်တဲ့သူတွေအတွက် ဂျင်းရေနွေးဟာဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ဆေးသောက်ရမှာမကြိုက်တဲ့သူတွေအတွက်တော့ ဂျင်းရေနွေးဟာ ခေါင်းကိုက်ပျောက်စေတဲ့သ ဘာဝဆေးကောင်းတစ်လက်ပါပဲနော်။

Credit..ဗဟုသုတနှင့်ကျန်းမာရေး

Zawgyi

“ဂ်င္းေရေႏြး” ဂ်င္းမွာ သတၱဳဓာတ္ႂကြယ္ဝစြာပါဝင္ပါတယ္။ ပိုတက္ဆီမယ္၊ မဂၢနီဆီယမ္၊ ေကာ့ပါးသတၱဳေတြပါဝင္တာေၾကာင့္ ေန႔စဥ္မရွိမျဖစ္ လိုအပ္တဲ့ဓာတ္စာတစ္ခုလည္းျဖစ္ပါတယ္။ ညအိပ္ရာဝင္ခါနီးတိုင္း ေရေႏြးထဲ ဂ်င္းထည့္ၿပီးေသာက္ေပးလိုက္ရင္ ရရွိလာမယ့္ အံ့မခန္း အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္..။

မူးေမာ္ျခင္းကင္းေဝးေစတယ္။ သတၱဳဓာတ္နဲ႔ဗီတာမင္ေတြႂကြယ္ဝစြာပါဝင္တာေၾကာင့္ မူးေမာ္ျခင္းေတြ၊ ေခါင္းေနာက္တာေတြကို ကင္းေဝးေစပါတယ္။ ဂ်င္းကို ေဆးအျဖစ္နဲ႔ သုံးစြဲလာတဲ့ ေခတ္အဆက္ဆက္မွတ္တမ္းေတြအရ ေခါင္းမူးတာေတြ၊ အန္ခ်င္တာေတြကို သက္သာေပ်ာက္ကင္းေစတာၿပီး ကိုယ္ဝန္ေဆာင္ေတြမွာျဖစ္တတ္တဲ့ ပ်ိဳ႕အန္တာေတြကို သက္သာေစမွာပါ။

ဝိတ္က်ေစတယ္။ သင္ဟာ ဝိတ္က်ခ်င္တဲ့သူတစ္ေယာက္ဆိုရင္ေတာ့ ဂ်င္းေရေႏြးကိုေသာက္ေပးသင့္ပါတယ္။ တစ္ဖက္ကေလ့က်င့္ခန္းလည္းလုပ္ရင္း တစ္ဖက္က ဂ်င္းေရေႏြးကိုေသာက္ေပးမယ္ဆိုရင္ သိသိသာသာကို အခ်ိန္ခဏေလးအတြင္းမွာ ဝိတ္က်သြားမွာပါ။ ညအိပ္ရာဝင္ခါနီးမွ မဟုတ္ပဲ ထမင္းစားၿပီးတိုင္း ဂ်င္းေရေႏြးကိုေသာက္ေပးႏိုင္ရင္လည္း အရမ္းေကာင္းပါတယ္ေနာ္။

ကိုက္ခဲတာေတြကိုေပ်ာက္ကင္းေစပါတယ္။ ဓမၼတာလာစဥ္ ကိုက္ခဲတတ္တဲ့ ပ်ိဳေမေတြအတြက္ သတင္းေကာင္းပါပဲ။ ဂ်င္းထဲမွာပါဝင္တဲ့ ပိုတက္ဆီယမ္ဟာဆိုရင္ ဓမၼတာလာစဥ္ နာက်င္ကိုက္ခဲတာေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။ အကိုက္အခဲေပ်ာက္ေဆးေတြေသာက္တာထက္ ဂ်င္းေရေႏြးကိုေသာက္ေပးတာ ပိုၿပီးေကာင္းပါတယ္။

ေသြးတြင္းသၾကားဓါတ္ကိုထိန္းေပးပါတယ္။ ဂ်င္းေရေႏြးဟာဆိုရင္ ေသြးတြင္းသၾကားဓာတ္ကို ညီေအာင္ ထိန္းေပးႏိုင္ပါတယ္။ ေသြးတြင္းသၾကားဓာတ္ေလ်ာ့နည္းခဲ့ရင္ အိပ္မေပ်ာ္တာေတြ၊ ေရအၿမဲငတ္ေနတာေတြနဲ႔ စိတ္မတည္မၿငိမ္ျဖစ္ေစႏိုင္ၿပီး ဂ်င္းေရေႏြးေသာက္ျခင္းျဖင့္ ဒီအရာေတြကို မွ်တေစမွာပါ။

ေခါင္းကိုက္တာေတြေပ်ာက္ကင္းေစတယ္။ ေခါင္းတစ္ျခမ္းကိုက္တတ္သူေတြ၊ မၾကာခဏေခါင္းကိုက္တတ္တဲ့သူေတြအတြက္ ဂ်င္းေရေႏြးဟာေဆးေကာင္းတစ္လက္ ျဖစ္ပါတယ္။ ေဆးေသာက္ရမွာမႀကိဳက္တဲ့သူေတြအတြက္ေတာ့ ဂ်င္းေရေႏြးဟာ ေခါင္းကိုက္ေပ်ာက္ေစတဲ့သ ဘာဝေဆးေကာင္းတစ္လက္ပါပဲေနာ္။

Credit..ဗဟုသုတႏွင့္က်န္းမာေရး