Unicode

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ တောင်းဆိုလိုက်ပြီး လက်နက်မဲ့ပြည်သူတွေကို သေစေဖို့အတွက် လက်နက်သုံးပြီး ဖြိုခွင်းနေတာ ရပ်တန့်ဖို့နဲ့ အကျပ်အတည်းကိုဖြေရှင်းဖို့ တောင်းဆိုလိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ

အထူးအစည်းအဝေးမှာ အာဏာသိမ်းမြန်မာစစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုနိုင်ဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သလို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက “ဒီမိုကရေစီအစိုးရပြန်အစားထိုးရေးကို လုပ်ကိုလုပ်ရမယ်။ အင်ဒိုနီးရှားအနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွါး၊ အသံနဲ့သဘောထားကို လေးစားရမယ်ဆိုရတာ ပြောခဲ့ပါတယ်”လို့ ဆိုပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတာ လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဂျာကာတာမှာ သတင်းထောက်ကို ပြောခဲ့ပါတယ်။ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ကိုယ်စားလှယ်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးအဖြစ် အသိအမှတ်ပြုပြီး ဖိတ်ခေါ်ခဲ့တာမဟုတ်ဘဲ စစ်တပ်ရဲ့ကိုယ်စားလှယ်တစ်ဦးအဖြစ်သာ လက်ခံခဲ့တာလို့ ဆိုကြပါတယ်။

Crd; Kamayut Media

Zawgyi

Unicode

လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို လႊတ္ေပးဖို႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အထူးအစည္းအေဝးမွာ ေတာင္းဆိုလိုက္ၿပီး လက္နက္မဲ့ျပည္သူေတြကို ေသေစဖို႔အတြက္ လက္နက္သုံးၿပီး ၿဖိဳခြင္းေနတာ ရပ္တန႔္ဖို႔နဲ႔ အက်ပ္အတည္းကိုေျဖရွင္းဖို႔ ေတာင္းဆိုလိုက္ပါတယ္။

အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အထူးအစည္းအေဝးမွာ အာဏာသိမ္းျမန္မာစစ္တပ္ကို အစိုးရအျဖစ္ အသိအမွတ္မျပဳႏိုင္ဘူးလို႔ စကၤာပူႏိုင္ငံျခားေရးဝန္ႀကီးက ေျပာခဲ့သလို အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ရတ္ႏို မာဆူဒီက “ဒီမိုကေရစီအစိုးရျပန္အစားထိုးေရးကို လုပ္ကိုလုပ္ရမယ္။ အင္ဒိုနီးရွားအေနနဲ႔ ျမန္မာျပည္သူေတြရဲ႕ အက်ိဳးစီးပြါး၊ အသံနဲ႔သေဘာထားကို ေလးစားရမယ္ဆိုရတာ ေျပာခဲ့ပါတယ္”လို႔ ဆိုပါတယ္။

ႏိုင္ငံေရးေခါင္းေဆာင္ေတြကို ဖမ္းဆီးထားတာ လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ ဂ်ာကာတာမွာ သတင္းေထာက္ကို ေျပာခဲ့ပါတယ္။ အာဏာသိမ္းျမန္မာစစ္တပ္ရဲ႕ကိုယ္စားလွယ္ကို ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ အသိအမွတ္ျပဳၿပီး ဖိတ္ေခၚခဲ့တာမဟုတ္ဘဲ စစ္တပ္ရဲ႕ကိုယ္စားလွယ္တစ္ဦးအျဖစ္သာ လက္ခံခဲ့တာလို႔ ဆိုၾကပါတယ္။

Crd; Kamayut Media