Zawgyi




ခရစ်ဒစ်

Unicode

အပီအပြင် ငြင်းနေကြလို့ ချက်ကျ လက်ကျပဲပြောပါမယ်။ကာဘော်လစ် ဆပ်ပြာကို မျက်နှာလုံးဝမတိုက်ပါနဲ့ ကိုယ့်မျက်နှာအသားရည် ကိုယ်တန်ဖိုး ထားရင်ပေါ့။ တိုက်နေတဲ့သူတွေလဲ လာမငြင်းပါနဲ့ဆက်တိုက်ပါ။ကာဘော်လစ်ဆပ်ပြာမှာ ကာဘော်လစ်အက်စစ်ပါဝင်တဲ့အတွက်မျက်နှာအသားရည်ကိုပျက်ဆီးစေရုံသာမက မျက်ကြည်လွှာထိခိုက်စေပါတယ်။

carbolic အက်စစ်က နုနယ်တဲ့မျက်နှာအသားရည်ကို အက်စစ်ဓာတ်သဘောအရ စားပစ်လိုက်လို့စသုံးသုံးပီး ၁ လ ၂ လလောက်ထိ မျက်နှာက ဖြူ လာပီး ok သယောင် ဖြစ်နေပါလိမ့်မယ်။ အဲ့နောက်ပိုင်း Normal skin သမားတွေ တိုက်ရင် အရည်ပြားပါးလာပီး sensitive skin အဖြစ်သို့တဖြေးဖြေး ပြောင်းလဲသွားပါမယ်။dry skin သမားတွေ ပိုပီး အသားရည် ခြောက်ကပ်လာမယ်။

oily skin သမားတွေ ရေဓာတ်ခန်းလာမယ်။sensitive skin သမားတွေတိုက်မိရင် မျက်နှာတခုလုံး ဝက်ခြံအုံနဲ့ကျင်းနဲ့ပေါ်လာပါမယ်နော်။ဝက်ခြံတွေကုလို့ပျောက်သွားရင်တောင် အသားရည်က နီရဲပီး နီစပ်စပ်နဲ့လက်ရှိထက်ပိုပီး ထိလွယ်ရှလွယ် ဖြစ်လာပါမယ်။ မယုံရင် ဆက်သုံးပါနော်။ ကာဘော်လစ်ဆပ်ပြာကို ပိုးသတ်ရန် လက်သန့်ရန်အတွက်ပဲ အသုံးပြုသင့်ပါတယ်။

ခရစ်ဒစ်