Zawgyi

မိနစ္၆၀ေလ့က်င့္ခန္းလုပ္ျခင္းနဲ႔ ညီမွ်ေစႏိုင္တဲ့နႏြင္းေဖ်ာ္ရည္ ေလ့လာေတြ႕ရွိသူေတြရဲ႕ ေတြ႕ရွိခ်က္တစ္ခုအရ ကင္ဆာ၊ အဆစ္ေရာင္ေရာဂါ၊ ဆီးခ်ိဳနဲ႔ စိတ္က်ေဝဒနာေတြ အတြက္နႏြင္းဟာအေကာင္းဆုံးေဆးတစ္မ်ိဳးျဖစ္ေၾကာင္းေဖာ္ျပထားပါတယ္။ ေလ့လာေတြ႕ရွိခ်က္မွာ နႏြင္းကို ေန႔စဥ္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစားေပးပါက

တစ္ပတ္စာ မိနစ္၆၀ ေလ့က်င့္ခန္း လုပ္ျခင္းနဲ႔ ညီမွ်တဲ့ ေကာင္းက်ိဳးကိုေပးႏိုင္ၿပီး ႏွလုံး႐ုတ္တရက္ေဖာက္ျပန္ျခင္းကိုေလွ်ာ့ခ်ေပးႏိုင္ပါေၾကာင္းေဖာ္ျပထားပါတယ္။ တစ္ပတ္အတြင္ ၂-၃ႀကိမ္ ေလ့က်င့္ခန္း လုပ္သူေတြနဲ႔ နႏြင္း ေသာက္သူေတြ အဖြဲ႕ကို ေစာင့္ၾကည့္ၿပီးေလ့လာထားတဲ့ေတြ႕ရွိခ်က္ျဖစ္ပါတယ္။ေလ့က်င့္ခန္း လုပ္တဲ့ အခါမွာ ႏွလုံးခုန္ႏႈန္း ပုံမွန္ျဖစ္ျခင္း၊ အဆီက်ျခင္း၊

ဆီးခ်ိဳကို ထိန္းေပးထားႏိုင္ျခင္း၊အေမာခံႏိုင္ျခင္း၊ အသားအေရၾကည္လင္လာျခင္းေတြကို ျဖစ္လာေစၿပီး ေန႔စဥ္နႏြင္းေသာက္သူေတြကလည္းထပ္တူအက်ိဳးေက်းဇူးေတြရတယ္လို႔ဆိုပါတယ္။ နႏြင္းေဖ်ာ္ရည္ ျပဳလုပ္ပုံကေတာ့ လြယ္ပါတယ္။ နႏြင္းလက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ဖန္ခြက္ထဲ ထည့္ပါ။ ေရနဲ႔ေဖ်ာ္ၿပီး ေသာက္႐ုံပါပဲ။ပိုၿပီး အနံ႔ကင္းေစၿပီး ေသာက္လို႔လည္း ေကာင္းေစ

ခ်င္ရင္ေတာ့ အုန္းဆီ ဒါမွမဟုတ္ သံလြင္ဆီ အနည္းငယ္ ထည့္ေသာက္ေပးပါ။သတိျပဳရမွာက နႏြင္းေသာက္ျခင္းဟာ ေလ့က်င့္ခန္း လုပ္စရာ မလိုဘူးလို႔ ေျပာတာ မဟုတ္ပါဘူး။ ေလ့က်င့္ခန္း ၁နာရီစာ လုပ္တာနဲ႔ ညီမွ်တယ္လို႔ဆိုလိုျခင္းပဲျဖစ္ပါတယ္။ လူတိုင္းကေတာ့ ေန႔စဥ္ မိနစ္ ၃၀ေလာက္ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ေပးျခင္းဟာ စိတ္ေရာ ကိုယ္ပါက်န္းမာေစႏိုင္ပါတယ္။ ။

dailyhealth

Unicode

မိနစ်၆၀လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ညီမျှစေနိုင်တဲ့နနွင်းဖျော်ရည် လေ့လာတွေ့ရှိသူတွေရဲ့ တွေ့ရှိချက်တစ်ခုအရ ကင်ဆာ၊ အဆစ်ရောင်ရောဂါ၊ ဆီးချိုနဲ့ စိတ်ကျဝေဒနာတွေ အတွက်နနွင်းဟာအကောင်းဆုံးဆေးတစ်မျိုးဖြစ်ကြောင်းဖော်ပြထားပါတယ်။ လေ့လာတွေ့ရှိချက်မှာ နနွင်းကို နေ့စဉ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားပေးပါက တစ်ပတ်စာ မိနစ်၆၀ လေ့ကျင့်ခန်း လုပ်ခြင်းနဲ့ ညီမျှတဲ့ ကောင်းကျိုးကိုပေးနိုင်ပြီး

နှလုံးရုတ်တရက်ဖောက်ပြန်ခြင်းကိုလျှော့ချပေးနိုင်ပါကြောင်းဖော်ပြထားပါတယ်။ တစ်ပတ်အတွင် ၂-၃ကြိမ် လေ့ကျင့်ခန်း လုပ်သူတွေနဲ့ နနွင်း သောက်သူတွေ အဖွဲ့ကို စောင့်ကြည့်ပြီးလေ့လာထားတဲ့တွေ့ရှိချက်ဖြစ်ပါတယ်။လေ့ကျင့်ခန်း လုပ်တဲ့ အခါမှာ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်ခြင်း၊ အဆီကျခြင်း၊ ဆီးချိုကို ထိန်းပေးထားနိုင်ခြင်း၊အမောခံနိုင်ခြင်း၊ အသားအရေကြည်လင်လာခြင်းတွေကို ဖြစ်လာစေပြီး

နေ့စဉ်နနွင်းသောက်သူတွေကလည်းထပ်တူအကျိုးကျေးဇူးတွေရတယ်လို့ဆိုပါတယ်။ နနွင်းဖျော်ရည် ပြုလုပ်ပုံကတော့ လွယ်ပါတယ်။ နနွင်းလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ဖန်ခွက်ထဲ ထည့်ပါ။ ရေနဲ့ဖျော်ပြီး သောက်ရုံပါပဲ။ပိုပြီး အနံ့ကင်းစေပြီး သောက်လို့လည်း ကောင်းစေ ချင်ရင်တော့ အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ အနည်းငယ် ထည့်သောက်ပေးပါ။

သတိပြုရမှာက နနွင်းသောက်ခြင်းဟာ လေ့ကျင့်ခန်း လုပ်စရာ မလိုဘူးလို့ ပြောတာ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း ၁နာရီစာ လုပ်တာနဲ့ ညီမျှတယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။ လူတိုင်းကတော့ နေ့စဉ် မိနစ် ၃၀လောက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းဟာ စိတ်ရော ကိုယ်ပါကျန်းမာစေနိုင်ပါတယ်။ ။

dailyhealth