Sun. Nov 28th, 2021

Zawgyi

ေလထုညစ္ညမ္းမႈေတြ၊ ပတ္ဝန္းက်င္ ဖုန္မႈန႔္ေတြနဲ႔ ေဆးလိပ္ေသာက္သုံးတာ၊ တဆင့္ခံ ေဆးလိပ္ေငြ႕ ရႈရႈိက္မိတာ စတဲ့ အေၾကာင္းအရာေတြဟာ အဆုတ္ကို ညစ္ညမ္းေစၿပီး ေရရွည္မွာ အဆုတ္က်န္းမာေရးျပႆနာေတြအထိပါ ျဖစ္ေပၚလာေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ အဆုတ္က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစႏိုင္မယ့္ သဘာဝ နည္းလမ္းေကာင္းေတြကို ျပန္လည္ မွ်ေဝေပးခ်င္ပါတယ္။

(၁) ေရေႏြးေငြ႕ ရႉရွိူက္ေပးပါ

ေရေႏြးအျဖဴကို အဝက်ယ္ ပန္းကန္လုံးတလုံးထဲ ထည့္ၿပီး ေရေႏြးေငြ႕ရႉရွိူက္ေပးတာမ်ိဳး ျပဳလုပ္ျခင္းဟာ အဆုတ္မွာ ကပ္ၿငိေနတဲ့ အညစ္အေၾကးေတြကို ဖယ္ရွားေပးႏိုင္သလို ခြၽဲသလိပ္ေတြ ကပ္ၿပီး ေခ်ာင္းဆိုးေနတဲ့အခါမ်ိဳးနဲ႔ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာမ်ိဳး ျဖစ္ေပၚတဲ့အခါ သက္သာေစပါတယ္။

(၂) လက္ဖက္စိမ္း ေရေႏြးၾကမ္း (Green tea) ေသာက္သုံးပါ

လက္ဖက္စိမ္း ေရေႏြးၾကမ္းမွာ Antioxidant ေတြ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ အဆုတ္ ေရာင္ရမ္းတာ၊ ေဆးလိပ္ေသာက္သုံးျခင္းေၾကာင့္ ျဖစ္ပြားတဲ့ အဆုတ္ က်န္းမာေရး ျပႆနာေတြကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ ေလ့လာသူေတြရဲ႕ အဆိုအရ တေန႔ကို လက္ဖက္စိမ္း ေရေႏြးၾကမ္း ၂ ခြက္ခန႔္ေသာက္သုံးေပးျခင္းဟာ အဆုတ္နဲ႔ ပတ္သက္တဲ့ ေရာဂါေဝဒနာေတြကို ေလ်ာ့ပါးသက္သာေစႏိုင္တယ္လို႔ ဆိုပါတယ္။

(၃) အဆုတ္က်န္းမာေရးကို အေထာက္အကူျဖစ္ေစတဲ့ အစားအစာေတြ စားသုံးပါ

အဆုတ္က်န္းမာေရးကို အေထာက္အကူျဖစ္ေစတဲ့ အစိမ္းေရာင္ အသီးအ႐ြက္ေတြ၊ သံလြင္ဆီ၊ အခြံမာသီးေတြ၊ ပဲအမ်ိဳးမ်ိဳးနဲ႔ နႏြင္းတို႔လို အစားအစာေတြကို မ်ားမ်ားစားေပးသင့္ပါတယ္။

(၄) ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ

ေလ့က်င့္ခန္း ျပဳလုပ္တာဟာ ခႏၶာကိုယ္အျပင္ပန္း က်စ္လ်စ္ လွပေစ႐ုံတင္ မကပါဘဲ ကိုယ္တြင္းအဂၤါေတြရဲ႕ က်န္းမာေရးကိုပါ အေထာက္အကူျဖစ္ေစတာေၾကာင့္ ေလ့က်င့္ခန္း ပုံမွန္ ျပဳလုပ္ေပးသင့္ပါတယ္။

Credit orginal uploader

Unicode

လေထုညစ်ညမ်းမှုတွေ၊ ပတ်ဝန်းကျင် ဖုန်မှုန့်တွေနဲ့ ဆေးလိပ်သောက်သုံးတာ၊ တဆင့်ခံ ဆေးလိပ်ငွေ့ ရှုရှိုက်မိတာ စတဲ့ အကြောင်းအရာတွေဟာ အဆုတ်ကို ညစ်ညမ်းစေပြီး ရေရှည်မှာ အဆုတ်ကျန်းမာရေးပြဿနာတွေအထိပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အဆုတ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်မယ့် သဘာဝ နည်းလမ်းကောင်းတွေကို ပြန်လည် မျှဝေပေးချင်ပါတယ်။

(၁) ရေနွေးငွေ့ ရှူရှိူက်ပေးပါ

ရေနွေးအဖြူကို အဝကျယ် ပန်းကန်လုံးတလုံးထဲ ထည့်ပြီး ရေနွေးငွေ့ရှူရှိူက်ပေးတာမျိုး ပြုလုပ်ခြင်းဟာ အဆုတ်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်သလို ချွဲသလိပ်တွေ ကပ်ပြီး ချောင်းဆိုးနေတဲ့အခါမျိုးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာမျိုး ဖြစ်ပေါ်တဲ့အခါ သက်သာစေပါတယ်။

(၂) လက်ဖက်စိမ်း ရေနွေးကြမ်း (Green tea) သောက်သုံးပါ

လက်ဖက်စိမ်း ရေနွေးကြမ်းမှာ Antioxidant တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အဆုတ် ရောင်ရမ်းတာ၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ဖြစ်ပွားတဲ့ အဆုတ် ကျန်းမာရေး ပြဿနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ လေ့လာသူတွေရဲ့ အဆိုအရ တနေ့ကို လက်ဖက်စိမ်း ရေနွေးကြမ်း ၂ ခွက်ခန့်သောက်သုံးပေးခြင်းဟာ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

(၃) အဆုတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အစားအစာတွေ စားသုံးပါ

အဆုတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အစိမ်းရောင် အသီးအရွက်တွေ၊ သံလွင်ဆီ၊ အခွံမာသီးတွေ၊ ပဲအမျိုးမျိုးနဲ့ နနွင်းတို့လို အစားအစာတွေကို များများစားပေးသင့်ပါတယ်။

(၄) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

လေ့ကျင့်ခန်း ပြုလုပ်တာဟာ ခန္ဓာကိုယ်အပြင်ပန်း ကျစ်လျစ် လှပစေရုံတင် မကပါဘဲ ကိုယ်တွင်းအင်္ဂါတွေရဲ့ ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေတာကြောင့် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။

Credit orginal uploader