ဆရာဝန္မ်ား၏ ေလးစား အတုယူဖြယ္ အသက္ရွင္ေနဆဲ သူရဲေကာင္းႀကီး ေဒါက္တာ နာဂသိန္းလႈိင္

Zawgyi

အသက္ရွင္ေနဆဲ ဟီး႐ိုးတစ္ ေယာက္အျဖစ္ သိခြင့္ ရခဲ့တယ္။ ေလးစားခြင့္ ရတယ္။ အားက်ခြင့္ရတယ္။ သူက ဆရာဝန္ တစ္ေယာက္။ ထုံေဆးပညာရွင္ တစ္ေယာက္။ ေျပာရင္ ျပတ္တယ္ လုပ္ရင္ ရွင္းတယ္။ ေတာ္႐ုံလူ မၿဖဳံတဲ့ နာဂေတာင္ တ န္း ေဒသက ႐ိုးသားလွတဲ့ တိုင္းရင္းသား ေတြဆီကိုေရာက္တယ္ ႐ိုး႐ိုးေလး ေျပာရရင္ ေဆးေလာ ကတစ္ခုရဲ႕

အေ႐ြ႕အတြက္ တိုက္ပြဲဝင္ လိုက္လို႔။ ဒီႏိုင္ငံရဲ႕ အေခါင္ဆုံးနဲ႔ အၾကမ္းဆုံး ေနရာေတြထဲက တစ္ခု ျဖစ္တဲ့ ဇဂၤလိန္ခႏၲီးေဒသကို သူေရာက္တယ္။ သူေရာက္တဲ့ ေနရာမွာ သူရပ္တယ္။ ခိုင္ခို င္မာမာ ၿမဲၿမဲ ၿမံၿမံ။ သူ႔ ႏွလုံးသားက သူ႔သေဘာထားအတြက္ မာေက်ာတယ္။ သူ႔ခံယူခ်က္ အတြ က္ မာေက်ာတယ္။

႐ိုးသားလွတဲ့ တိုင္းရင္းသားေတြနဲ႔က် ေပ်ာ့ေပ်ာင္းတယ္ ေႏြးေထြးတယ္ တစ္ ခ်ိန္မွာေတာ့ သူက နာဂနတ္ ျဖစ္လာတယ္။ ခႏၲီးေဒသရဲ႕ ပုံရိပ္ျဖစ္ လာတယ္။ ႐ိုးသားလြန္းတဲ့ တို င္းရင္းသားေတြရဲ႕ ႏွလုံးသားက ပုံရိပ္အတိုင္း သူ ထင္ရွား လာတယ္။ နာဂနတ္ (သို႔မဟုတ္) ငယ္နာ မည္က “ဟုတ္ဝမ္” အဂၤလိပ္ ေက်ာင္းေနတုန္း

နာ မည္က “အက္ဒဝပ္သြန္မဆင္ဟုတ္ဝမ္” ေနာက္ အထက္တန္း ေက်ာင္းမွာ ေမာင္သိန္းလႈိင္ ၿပီးေတာ့ ေဒါက္တာသိန္းလႈိင္ ၿပီးေတာ့ ဗမာတစ္ႏိုင္ငံလုံးဆိုင္ရာ ဆရာဝန္ငယ္မ်ား အသင္းက အတြင္းေရးမႉး ေဒါက္တာ သိန္းလႈိင္ ခႏၲီးမွာ တာ ဝန္က်သြားတဲ့ ေဒါက္တာသိန္းလႈိင္ ျမန္မာ့ေဆးေလာကထဲက နာဂသိန္းလႈိင္ သက္ရွိထင္ရွား ရ

တနာထဲက ရွားပါးရတနာလို႔ ဆိုရေလာက္တဲ့ ဆ ရာႀကီးနာဂ သိန္းလႈိင္ပါ။ ထက္လည္း ထက္ ခ်ိဳလည္းခ်ိဳတဲ့ ဓားသြားေပၚက ပ်ားရည္စက္။ အုပ္စိုးသူ လူတန္းစားကို ပ်စ္ပ်စ္ ႏွစ္ႏွစ္ ေျပာတ တ္သူတဲ့။ သူက သမိုင္း တစ္ခုလုံးစာကို တာဝန္ ေက်တဲ့ တ႐ုတ္စပ္ ျမန္မာတစ္ေယာက္။ သူ႔နာမ ည္ေရ႐ြတ္ ရတာတင္ သူ႔ပုံရိပ္ေတြကို ေလးစား

အားက်ေစ သူတစ္ေယာက္။ လူတစ္ ေယာက္တာဝန္၊ သမိုင္းေပး တာဝန္ကို ေက်ပြန္သူတစ္ ေယာက္ျဖစ္တဲ့ ျမန္မာျပည္ ေဆးေလာက သားေတြရဲ႕ စံျပ၊ သူ႔ကိုသိတဲ့ လူငယ္တိုင္းရဲ႕ ဟီး႐ိုးႀကီး ျဖစ္တဲ့ ဆရာႀကီး နာဂသိန္းလႈိင္။ (ေရွ႕က တပ္ရတဲ့ ေဒါက္တာဆိုတဲ့ ဂုဏ္ပုဒ္ထက္ နာဂသိန္းလႈိင္

ဆိုတဲ့ ဂုဏ္ပုဒ္က ပိုၿပီး ႀကီးက်ယ္တယ္ထင္မိလို႔ ပိုၿပီးလည္းခ်စ္ျမတ္ႏိုးမိတာမို႔ ေဒါက္တာကို မတပ္လိုက္တာ ခြင့္လႊတ္ပါ။) ထက္တဲ့ ဓားကို ထက္တဲ့ ကေလာင္နဲ႔ ေသြးထားတယ္။ ဆရာႀကီးနာဂသိန္းလႈိင္အေၾကာင္းကို ဆရာညီပုေလးက ေရးထားတယ္။ ထက္တဲ့ဓားနဲ႔ ထက္တဲ့ကေလာင္

စိတ္ေတြ ဆာေလာင္တိုင္း ဖတ္ေနျဖစ့္မယ့္ စာအုပ္ “ထက္ျမက္တဲ့ ဓားသြားေပၚက ခ်ိဳျမျမပ်ားရည္စက္” မွာ ဖတ္ရႉႏိုင္ပါတယ္..ခုလိုအခ်ိန္မ်ိဳးမွာ တိုင္းျပည္အေရး စိတ္မေအးရၿပီမို႔ တတပ္တအား ပါဝင္လာတဲ့ ဆရာႀကီးကို ေလးစားဂုဏ္ျပဳ ေသာအားျဖင့္..

Unicode

အသက်ရှင်နေဆဲ ဟီးရိုးတစ် ယောက်အဖြစ် သိခွင့် ရခဲ့တယ်။ လေးစားခွင့် ရတယ်။ အားကျခွင့်ရတယ်။ သူက ဆရာဝန် တစ်ယောက်။ ထုံဆေးပညာရှင် တစ်ယောက်။ ပြောရင် ပြတ်တယ် လုပ်ရင် ရှင်းတယ်။ တော်ရုံလူ မဖြုံတဲ့ နာဂတောင် တ န်း ဒေသက ရိုးသားလှတဲ့ တိုင်းရင်းသား တွေဆီကိုရောက်တယ် ရိုးရိုးလေး ပြောရရင်

ဆေးလော ကတစ်ခုရဲ့ အရွေ့အတွက် တိုက်ပွဲဝင် လိုက်လို့။ ဒီနိုင်ငံရဲ့ အခေါင်ဆုံးနဲ့ အကြမ်းဆုံး နေရာတွေထဲက တစ်ခု ဖြစ်တဲ့ ဇင်္ဂလိန်ခန္တီးဒေသကို သူရောက်တယ်။ သူရောက်တဲ့ နေရာမှာ သူရပ်တယ်။ ခိုင်ခို င်မာမာ မြဲမြဲ မြံမြံ။ သူ့ နှလုံးသားက သူ့သဘောထားအတွက် မာကျောတယ်။ သူ့ခံယူချက် အတွ က် မာကျောတယ်။

ရိုးသားလှတဲ့ တိုင်းရင်းသားတွေနဲ့ကျ ပျော့ပျောင်းတယ် နွေးထွေးတယ် တစ် ချိန်မှာတော့ သူက နာဂနတ် ဖြစ်လာတယ်။ ခန္တီးဒေသရဲ့ ပုံရိပ်ဖြစ် လာတယ်။ ရိုးသားလွန်းတဲ့ တို င်းရင်းသားတွေရဲ့ နှလုံးသားက ပုံရိပ်အတိုင်း သူ ထင်ရှား လာတယ်။ နာဂနတ် (သို့မဟုတ်) ငယ်နာ မည်က “ဟုတ်ဝမ်” အင်္ဂလိပ် ကျောင်းနေတုန်း

နာ မည်က “အက်ဒဝပ်သွန်မဆင်ဟုတ်ဝမ်” နောက် အထက်တန်း ကျောင်းမှာ မောင်သိန်းလှိုင် ပြီးတော့ ဒေါက်တာသိန်းလှိုင် ပြီးတော့ ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ဆရာဝန်ငယ်များ အသင်းက အတွင်းရေးမှူး ဒေါက်တာ သိန်းလှိုင် ခန္တီးမှာ တာ ဝန်ကျသွားတဲ့ ဒေါက်တာသိန်းလှိုင် မြန်မာ့ဆေးလောကထဲက နာဂသိန်းလှိုင် သက်ရှိထင်ရှား ရ

တနာထဲက ရှားပါးရတနာလို့ ဆိုရလောက်တဲ့ ဆ ရာကြီးနာဂ သိန်းလှိုင်ပါ။ ထက်လည်း ထက် ချိုလည်းချိုတဲ့ ဓားသွားပေါ်က ပျားရည်စက်။ အုပ်စိုးသူ လူတန်းစားကို ပျစ်ပျစ် နှစ်နှစ် ပြောတ တ်သူတဲ့။ သူက သမိုင်း တစ်ခုလုံးစာကို တာဝန် ကျေတဲ့ တရုတ်စပ် မြန်မာတစ်ယောက်။ သူ့နာမ ည်ရေရွတ် ရတာတင် သူ့ပုံရိပ်တွေကို လေးစား

အားကျစေ သူတစ်ယောက်။ လူတစ် ယောက်တာဝန်၊ သမိုင်းပေး တာဝန်ကို ကျေပွန်သူတစ် ယောက်ဖြစ်တဲ့ မြန်မာပြည် ဆေးလောက သားတွေရဲ့ စံပြ၊ သူ့ကိုသိတဲ့ လူငယ်တိုင်းရဲ့ ဟီးရိုးကြီး ဖြစ်တဲ့ ဆရာကြီး နာဂသိန်းလှိုင်။ (ရှေ့က တပ်ရတဲ့ ဒေါက်တာဆိုတဲ့ ဂုဏ်ပုဒ်ထက် နာဂသိန်းလှိုင် ဆိုတဲ့ ဂုဏ်ပုဒ်က ပိုပြီး ကြီးကျယ်တယ်ထင်မိလို့ ပိုပြီးလည်းချစ်မြတ်နိုးမိတာမို့ ဒေါက်တာကို မတပ်လိုက်တာ ခွင့်လွှတ်ပါ။)

ထက်တဲ့ ဓားကို ထက်တဲ့ ကလောင်နဲ့ သွေးထားတယ်။ ဆရာကြီးနာဂသိန်းလှိုင်အကြောင်းကို ဆရာညီပုလေးက ရေးထားတယ်။ ထက်တဲ့ဓားနဲ့ ထက်တဲ့ကလောင် စိတ်တွေ ဆာလောင်တိုင်း ဖတ်နေဖြစ့်မယ့် စာအုပ် “ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်” မှာ ဖတ်ရှူနိုင်ပါတယ်..ခုလိုအချိန်မျိုးမှာ တိုင်းပြည်အရေး စိတ်မအေးရပြီမို့ တတပ်တအား ပါဝင်လာတဲ့ ဆရာကြီးကို လေးစားဂုဏ်ပြု သောအားဖြင့်..