ျပည္သူနဲ႔အတူ စစ္အာဏာ ရွင္စနစ္ကို ဆန႔္က်င္ေၾကာင္း အမွန္တရား ဘက္ကေန ေထာက္ခံၿပီး CDM လုပ္ခဲ့တဲ့ သကၠလၿမိဳ႕က ျပည္သူ႔ ဝန္ထမ္းမေလး

Zawgyi

ကြၽန္မသည္ သကၠလၿမိဳ႕ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန (ယခုသံဒင္းေက်း႐ြာ (ယာယီ)) တြင္ တာဝန္ ထမ္းေဆာင္ ေနေသာ ျပည္သူ႔ ဝန္ထမ္းတစ္ဦး ျဖစ္ပါသည္ ကြၽန္မတို႔ ဝန္ထမ္းမ်ားသည္ မည္သည့္ အစိုးရတက္တက္ တာဝန္ ထမ္းေဆာင္ ရမည္ ဆိုေပမဲ့ ယခုကဲ့သို႔ မတရားအာဏာလု အုပ္ခ်ဳပ္လာသည့္ စစ္အာဏာရွင္ အုပ္စု လက္‌ေအာက္ခံ အစိုးရကိုမူ

မည္သည့္ အေၾကာင္းႏွင့္မွ် လက္မခံႏိုင္သည့္အတြက္ (၁၀.၂.၂၀၂၁) ရက္ေန႔မွစ၍ Civil Disobedience Movement (CDM)ကို စတင္က်င့္သုံးပါမည္။ ဌာနမွာ အရမ္းခ်စ္ရတဲ့ အစ္ကိုေတြ အစ္မေတြလည္း ရွိပါတယ္။ ေလးစားရတဲ့ ဆရာေတြလည္း ရွိပါတယ္ တာဝန္ ထမ္းေဆာင္ေနခ်ိန္ (5) ႏွစ္တာ တေလွ်ာက္လုံး မည္သူ တစ္ဦး တစ္ေယာက္နဲ႔မွ်လဲ

အဆင္မေျပတာမ်ိဳး မရွိခဲ့ပါဘူး လုပ္သက္နဲ ရာထူးငယ္ေပမဲ့ အိမ္မွာ၂ရက္႐ုံးမွာ ၅ ရက္ေနခဲ့ရေတာ့ အရမ္းသံေယာဇဥ္ ျဖစ္မိပါတယ္ ဒီစာကို ေရးေနခ်ိန္တြင္ မ်က္ရည္မ်ားလဲ မဆည္ႏိုင္ပါ ငါဒီလို လုပ္လိုက္ရင္ ဘာျဖစ္ႏိုင္မလဲ အတိအက် မသိေပမဲ့ တကယ့္တကယ္ထြက္ ခဲ့ရရင္ဆိုတဲ့ အေတြးမ်ိဳး ရလာတဲ့ အခ်ိန္အရမ္း ဝမ္းနည္းမိ ပါတယ္ စိတ္မေကာင္းလဲျဖစ္ပါတယ္ ေနာင္တေတာ့မရပါ

ေအာင္ျမင္သည္ျဖစ္ေစ က်ရႈံးသည္ ျဖစ္ေစ လိပ္ျပာလုံစြာ ရပ္တ ည္ပါမည္ လစာမက္လို႔ ရာထူးမက္လို႔ လုပ္ေနၾကတာ မဟုတ္ဘဲ ဝန္ထမ္းဆိုတဲ့ ဂုဏ္ေလးေၾကင့္ မစြန႔္လြတ္ႏိုင္ဘဲ တာဝန္ ထမ္းေဆာင္ ေနၾကတာပါ ဒါေတြ ဝန္ထမ္း အခ်င္းခ်င္းသာ နားလည္ပါတယ္ ကိုယ့္ထက္ရာထူးႀကီး / လုပ္သက္မ်ားၿပီး CDM မွာပါဝင္တဲ့သူေတြနဲ႔ အားေပးၿပီး

စာတူတူ တင္ ခဲ့ၾကတဲ့ အစ္ကို (6) ေယာက္ လုံးကိုလဲ ဒီေန ရာကေန ေလးစားအားက်ၿပီး ဂုဏ္ျပဳ လိုက္ပါတ ယ္ အရင္က လစာေမးရင္ ေတာင္ ဘယ္ေလာက္ဆိုတာ မေျပာရဲဘူး အျပင္လူနဲ႔ ယွဥ္ရင္ရွက္လို႔ ဒါမဲ့ဝန္ထမ္းျဖစ္ရတာဂုဏ္ယူ မိတယ္ ခုကျပည္ သူေပးတဲ့ လစာနဲ႔ ျပည္သူဘက္က မရပ္တည္ ဘဲနဲ႔ ကိုယ္ျမတ္ႏိုး တန္ဖိုးထားရတဲ့ uniform ေတာ င္႐ုံးကို

ဝတ္မသြားရဲ ရတဲ့ထိ ရွက္မိပါတယ္ ခုလို မ်ိဳး လုပ္ရင္ ကိုယ့္တြက္ အမ်ားႀကီး ထိခိုက္ႏိုင္မယ္ဆိုတာ သိေပမဲ့ ျပည္သူနဲ႔အတူ စစ္အာဏာ ရွင္စနစ္ကို ဆန႔္က်င္ေၾကာင္း အမွန္တရားဘက္က ေထာက္ခံတဲ့ ႏိုင္ငံသား တေယာက္ အေနနဲ႔ CDM မွာပါဝင္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ ထုတ္လိုက္ပါတယ္ ထို႔ျပင္ မတရားမႈကို လက္မခံႏိုင္သည့္ တပ္ရင္း/ တပ္ဖြဲ႕/ ဌ

ာန အသီးသီးမွ ဝန္ ထမ္းမ်ား အေနျဖင့္လည္း ကြၽန္မတို႔ႏွင့္ အတူပူး ေပါင္း ပါဝင္ရန္ အထူးအေလးအနက္ ထားတိုက္ တြန္းအပ္ပါသည္။ မိမိယုံၾကည္ခ်က္ သည္လ ည္း မည္သို႔မွ် ပ်က္ျပား သြားမည္ မဟုတ္ပါ။ CD Movement တြင္ ကိုယ္တိုင္ ပါဝင္ျခင္းအားျဖင့္ မိမိတို႔ တိုင္းျပည္အား ကယ္တင္ပါ။ လူညီခ်ိန္ ေစာင့္မည့္အစား မိမိမွစ၍ သတၱိရွိေပးၾကပါ ။

ကြၽန္မသည္ ၿငိမ္းခ်မ္းစြာ ဆႏၵျပျခင္းကို မိမိတို႔ နာမည္ျဖင့္သာ အသုံးျပဳပါသည္။ နာမည္ေဖာ္ျပထားျခင္း မရွိေသာ လႈပ္ရွားမႈ မ်ားတြင္ ပါဝင္ပတ္သက္ ျခင္းမရွိပါ။ ထို႔အတူ ကြၽန္မလုပ္ရပ္သည္ ကြၽန္မတြင္သာ တာဝန္ရွိပါသည္။ မိမိ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းမ်ား၊ မိမိဌာနႏွင့္လုံးဝ သက္ဆိုင္ျခင္း မရွိပါ။

Unicode

ကျွန်မသည် သက္ကလမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ယခုသံဒင်းကျေးရွာ (ယာယီ)) တွင် တာဝန် ထမ်းဆောင် နေသော ပြည်သူ့ ဝန်ထမ်းတစ်ဦး ဖြစ်ပါသည် ကျွန်မတို့ ဝန်ထမ်းများသည် မည်သည့် အစိုးရတက်တက် တာဝန် ထမ်းဆောင် ရမည် ဆိုပေမဲ့ ယခုကဲ့သို့ မတရားအာဏာလု အုပ်ချုပ်လာသည့် စစ်အာဏာရှင် အုပ်စု လက်‌အောက်ခံ အစိုးရကိုမူ မည်သည့် အကြောင်းနှင့်မျှ

လက်မခံနိုင်သည့်အတွက် (၁၀.၂.၂၀၂၁) ရက်နေ့မှစ၍ Civil Disobedience Movement (CDM)ကို စတင်ကျင့်သုံးပါမည်။ ဌာနမှာ အရမ်းချစ်ရတဲ့ အစ်ကိုတွေ အစ်မတွေလည်း ရှိပါတယ်။ လေးစားရတဲ့ ဆရာတွေလည်း ရှိပါတယ် တာဝန် ထမ်းဆောင်နေချိန် (5) နှစ်တာ တလျှောက်လုံး မည်သူ တစ်ဦး တစ်ယောက်နဲ့မျှလဲ အဆင်မပြေတာမျိုး မရှိခဲ့ပါဘူး လုပ်သက်နဲ ရာထူးငယ်ပေမဲ့

အိမ်မှာ၂ရက်ရုံးမှာ ၅ ရက်နေခဲ့ရတော့ အရမ်းသံယောဇဉ် ဖြစ်မိပါတယ် ဒီစာကို ရေးနေချိန်တွင် မျက်ရည်များလဲ မဆည်နိုင်ပါ ငါဒီလို လုပ်လိုက်ရင် ဘာဖြစ်နိုင်မလဲ အတိအကျ မသိပေမဲ့ တကယ့်တကယ်ထွက် ခဲ့ရရင်ဆိုတဲ့ အတွေးမျိုး ရလာတဲ့ အချိန်အရမ်း ဝမ်းနည်းမိ ပါတယ် စိတ်မကောင်းလဲဖြစ်ပါတယ် နောင်တတော့မရပါ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည် ဖြစ်စေ လိပ်ပြာလုံစွာ

ရပ်တ ည်ပါမည် လစာမက်လို့ ရာထူးမက်လို့ လုပ်နေကြတာ မဟုတ်ဘဲ ဝန်ထမ်းဆိုတဲ့ ဂုဏ်လေးကြေင့် မစွန့်လွတ်နိုင်ဘဲ တာဝန် ထမ်းဆောင် နေကြတာပါ ဒါတွေ ဝန်ထမ်း အချင်းချင်းသာ နားလည်ပါတယ် ကိုယ့်ထက်ရာထူးကြီး / လုပ်သက်များပြီး CDM မှာပါဝင်တဲ့သူတွေနဲ့ အားပေးပြီး စာတူတူ တင် ခဲ့ကြတဲ့ အစ်ကို (6) ယောက် လုံးကိုလဲ ဒီနေ ရာကနေ လေးစားအားကျပြီး

ဂုဏ်ပြု လိုက်ပါတ ယ် အရင်က လစာမေးရင် တောင် ဘယ်လောက်ဆိုတာ မပြောရဲဘူး အပြင်လူနဲ့ ယှဉ်ရင်ရှက်လို့ ဒါမဲ့ဝန်ထမ်းဖြစ်ရတာဂုဏ်ယူ မိတယ် ခုကပြည် သူပေးတဲ့ လစာနဲ့ ပြည်သူဘက်က မရပ်တည် ဘဲနဲ့ ကိုယ်မြတ်နိုး တန်ဖိုးထားရတဲ့ uniform တော င်ရုံးကို ဝတ်မသွားရဲ ရတဲ့ထိ ရှက်မိပါတယ် ခုလို မျိုး လုပ်ရင် ကိုယ့်တွက် အများကြီး ထိခိုက်နိုင်မယ်ဆိုတာ

သိပေမဲ့ ပြည်သူနဲ့အတူ စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်ကြောင်း အမှန်တရားဘက်က ထောက်ခံတဲ့ နိုင်ငံသား တယောက် အနေနဲ့ CDM မှာပါဝင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်လိုက်ပါတယ် ထို့ပြင် မတရားမှုကို လက်မခံနိုင်သည့် တပ်ရင်း/ တပ်ဖွဲ့/ ဌာန အသီးသီးမှ ဝန် ထမ်းများ အနေဖြင့်လည်း ကျွန်မတို့နှင့် အတူပူး ပေါင်း

ပါဝင်ရန် အထူးအလေးအနက် ထားတိုက် တွန်းအပ်ပါသည်။ မိမိယုံကြည်ချက် သည်လ ည်း မည်သို့မျှ ပျက်ပြား သွားမည် မဟုတ်ပါ။ CD Movement တွင် ကိုယ်တိုင် ပါဝင်ခြင်းအားဖြင့် မိမိတို့ တိုင်းပြည်အား ကယ်တင်ပါ။ လူညီချိန် စောင့်မည့်အစား မိမိမှစ၍ သတ္တိရှိပေးကြပါ ။ ကျွန်မသည် ငြိမ်းချမ်းစွာ

ဆန္ဒပြခြင်းကို မိမိတို့ နာမည်ဖြင့်သာ အသုံးပြုပါသည်။ နာမည်ဖော်ပြထားခြင်း မရှိသော လှုပ်ရှားမှု များတွင် ပါဝင်ပတ်သက် ခြင်းမရှိပါ။ ထို့အတူ ကျွန်မလုပ်ရပ်သည် ကျွန်မတွင်သာ တာဝန်ရှိပါသည်။ မိမိ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ၊ မိမိဌာနနှင့်လုံးဝ သက်ဆိုင်ခြင်း မရှိပါ။