Zawgyi

တိုက္ႀကီးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး အပါအဝင္ အမွတ္ ၁၈ လုံၿခဳံေရး ရဲတပ္ဖြဲ႕ခြဲ (ေနျပည္ေတာ္) က ရဲအ ရာရွိအခ်ိဳ႕ CDMတြင္ ပါဝင္လာၿပီ ဟုသိရသည္။ တိုက္ႀကီးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး CDMတြင္ ပါဝင္လာ ျခင္းႏွင့္ ပတ္သက္ၿပီး ဦးတင္ရွိန္ (အမွတ္ (၁) တိုင္းေဒသ ႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္၊ တိုက္ႀကီး ၿမိဳ႕နယ္)က “တိုက္ႀကီးၿမိဳ႕နယ္ ရဲတပ္ ဖြဲ႕မႉး ဝင္းကိုသည္ ေနျပည္ေတာ္သို႔ ေျပာင္းေ႐ြ႕

ခံရၿပီး အာဏာသိမ္း စစ္ေကာင္စီ၏ လက္ေအာက္တြင္ တာဝန္ မထမ္းေဆာင္ လိုပါသျဖင့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔တြင္ CDM တြင္ ပါဝ င္ ေၾကာင္းႏွင့္ ျပည္သူ႔ အစိုးရ လက္ထက္တြင္မွ တာဝန္ထမ္းေဆာင္ မည္ျဖစ္ေၾကာင္း သတင္းပို႔ပါသည္ ဟုေျပာသည္။ အလားတူ အမွတ္ ၁၈ လုံ ၿခဳံေရး ရဲတပ္ဖြဲ႕ခြဲ (ေနျပည္ေတာ္)

ကဒုရဲအုပ္တစ္ဦးႏွင့္ ရဲတပ္သားသုံးဦးတို႔သည္ CDMကို ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ကစၿပီး ျပဳလုပ္လိုက္ၿပီဟု သိရသည္။ ႏိုင္ငံဝန္ထမ္းမ်ား CDMျပဳလုပ္မႈသည္ ယခုတြင္ ပိုအရွိန္ျမင့္ လာကာ ရဲတပ္ဖြဲ႕၊ဥပေဒ ေရးရာနင့္ တရားေရးမွ အရာရွိ ရာထူးႀကီး ပိုင္းမ်ားပါ ပါဝင္လာသည္။

Unicode

တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် အမှတ် ၁၈ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (နေပြည်တော်) က ရဲအ ရာရှိအချို့ CDMတွင် ပါဝင်လာပြီ ဟုသိရသည်။ တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး CDMတွင် ပါဝင်လာ ခြင်းနှင့် ပတ်သက်ပြီး ဦးတင်ရှိန် (အမှတ် (၁) တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ်၊ တိုက်ကြီး မြို့နယ်)က “တိုက်ကြီးမြို့နယ် ရဲတပ် ဖွဲ့မှူး ဝင်းကိုသည် နေပြည်တော်သို့

ပြောင်းရွေ့ ခံရပြီး အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်တွင် တာဝန် မထမ်းဆောင် လိုပါသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် CDM တွင် ပါဝ င် ကြောင်းနှင့် ပြည်သူ့ အစိုးရ လက်ထက်တွင်မှ တာဝန်ထမ်းဆောင် မည်ဖြစ်ကြောင်း သတင်းပို့ပါသည် ဟုပြောသည်။ အလားတူ အမှတ် ၁၈ လုံ ခြုံရေး ရဲတပ်ဖွဲ့ခွဲ (နေပြည်တော်)

ကဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားသုံးဦးတို့သည် CDMကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး ပြုလုပ်လိုက်ပြီဟု သိရသည်။ နိုင်ငံဝန်ထမ်းများ CDMပြုလုပ်မှုသည် ယခုတွင် ပိုအရှိန်မြင့် လာကာ ရဲတပ်ဖွဲ့၊ဥပဒေ ရေးရာနင့် တရားရေးမှ အရာရှိ ရာထူးကြီး ပိုင်းများပါ ပါဝင်လာသည်။