Mon. Nov 29th, 2021

Zawgyi

ခုဆိုရင္ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြအခိုင္အမာနဲ႔ ရပ္တည္ေနၾကတဲ့ အလႊာအသီးသီးက အႏုပညာရွင္ေတြဟာ လတ္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ေန႔စဥ္နဲ႔အမွ် အားမေလ်ာ့ဘဲ တစ္သားထဲရပ္တည္ကာ တစ္ေထာင့္တစ္ေနရာကေန အစြမ္းကုန္ပါဝင္လ်က္ရွိေနတာကို အားလုံးျမင္ေတြ႕ရမွာပါေနာ္။

ဒါ့အျပင္ ယုံၾကည္ခ်က္အတြက္ ရဲရဲဝင့္ဝင့္ မေမာမပန္းႏိုင္ေအာင္ လမ္းေပၚထြက္ကာ လူထုလႈပ္ရွားမႈေတြ ျပဳလုပ္ေနတဲ့ ျပည္သူေတြကိုလည္း အႏုပညာရွင္အမ်ားအျပားက ဝိုင္းဝန္းကာ တတ္ႏိုင္သေလာက္ လိုအပ္တဲ့ ပစၥည္းေတြအျပင္ အစားအေသာက္ေတြမ်ားစြာကိုလည္း ေပးေဝလႉဒါန္းခဲ့တာကိုလည္း ၾကည္ႏူးစရာေတြ႕ျမင္ရပါတယ္။

ခုလိုအားျဖည့္ကူညီေပးေနတဲ့ အႏုပညာရွင္ေတြထဲမွာ မိုးစက္ဝိုင္လည္း အပါအဝင္ပါပဲေနာ္။ ဒီေန႔မွာလည္း လမ္းေပၚ ထြက္ကာ ယုံ​ၾကည္ခ်က္ေတြအတြက္ လႈပ္ရွားမႈျပဳလုပ္ေနတဲ့ သူရဲေကာင္းေလးေတြကို Safety ျဖစ္ေစရန္ ဦးထုပ္နဲ႔ မုန႔္ေတြအေအးေတြမ်ားစြာကိုယ္တိုင္လိုက္ေဝငွခဲ့ျပန္ပါတယ္။

ပုံေလးေတြနဲ႔အတူ ” ေပ်ာက္က်ား အလႉဒီေန႔ကေတာ့ ဒိုးနပ္ေလးေတြအတြက္ ဒိုးနပ္ ၊ လက္ဖက္ထမင္းသုပ္ နဲ႔ မန္က်ီးအခ်ိဳရည္ ၊ ၾကာဇံေၾကာ္ ၊ ေရသန႔္ ၊ ေရခဲေခ်ာင္း တို႔ ကို စုေပါင္းလႉျဖစ္ပါတယ္ ၊ ေျပးလိုက္ ၊ ပုန္းလိုက္ လႉလိုက္ နဲ႔ ပါပဲ ၊ safety ကိုဦးစားေပးပါ၊

အဖြဲ႕ထဲက မိန္းကေလးေတြကိုေစာင့္ေရွာက္ၾကပါ ၊ ကာကြယ္ေပးၾကပါ ၊ ဦးထုပ္အရမ္းအေရးႀကီးပါတယ္ေနာ္ ၊ ေဆာင္းထားပါ ၊ “ဆိုတဲ့စာေလးကိုေဝမွ်ထားရာ ပရိသတ္ႀကီးအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Unicode

ခုဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အလွှာအသီးသီးက အနုပညာရှင်တွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ တစ်သားထဲရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ အစွမ်းကုန်ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။

ဒါ့အပြင် ယုံကြည်ချက်အတွက် ရဲရဲဝင့်ဝင့် မမောမပန်းနိုင်အောင် လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ပြည်သူတွေကိုလည်း အနုပညာရှင်အများအပြားက ဝိုင်းဝန်းကာ တတ်နိုင်သလောက် လိုအပ်တဲ့ ပစ္စည်းတွေအပြင် အစားအသောက်တွေများစွာကိုလည်း ပေးဝေလှူဒါန်းခဲ့တာကိုလည်း ကြည်နူးစရာတွေ့မြင်ရပါတယ်။

ခုလိုအားဖြည့်ကူညီပေးနေတဲ့ အနုပညာရှင်တွေထဲမှာ မိုးစက်ဝိုင်လည်း အပါအဝင်ပါပဲနော်။ ဒီနေ့မှာလည်း လမ်းပေါ် ထွက်ကာ ယုံ​ကြည်ချက်တွေအတွက် လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းလေးတွေကို Safety ဖြစ်စေရန် ဦးထုပ်နဲ့ မုန့်တွေအအေးတွေများစွာကိုယ်တိုင်လိုက်ဝေငှခဲ့ပြန်ပါတယ်။ပုံလေးတွေနဲ့အတူ ” ပျောက်ကျား အလှူဒီနေ့ကတော့

ဒိုးနပ်လေးတွေအတွက် ဒိုးနပ် ၊ လက်ဖက်ထမင်းသုပ် နဲ့ မန်ကျီးအချိုရည် ၊ ကြာဇံကြော် ၊ ရေသန့် ၊ ရေခဲချောင်း တို့ ကို စုပေါင်းလှူဖြစ်ပါတယ် ၊ ပြေးလိုက် ၊ ပုန်းလိုက် လှူလိုက် နဲ့ ပါပဲ ၊ safety ကိုဦးစားပေးပါ၊ အဖွဲ့ထဲက မိန်းကလေးတွေကိုစောင့်ရှောက်ကြပါ ၊ ကာကွယ်ပေးကြပါ ၊ ဦးထုပ်အရမ်းအရေးကြီးပါတယ်နော် ၊ ဆောင်းထားပါ ၊ “ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။