ျပည္ေထာင္စုဝန္ႀကီး ေဒၚသက္သက္ခိုင္ မွ သက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာနည္းဥပေဒမ်ား(မူၾကမ္း)ရွင္းလင္းတင္ျပျခင္း အခမ္းအနားက်င္းပ

Zawgyi

သက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာနည္းဥပေဒမ်ား(မူၾကမ္း) ရွင္းလင္းတင္ျပျခင္း အခမ္းအနားကို ဒီကေန႔နံနက္ပိုင္းက လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ အစည္းအေဝးခန္းမ၌က်င္းပရာ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္သက္ခိုင္၊ လူမႈဝန္ထမ္း ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဒုတိယအၿမဲတမ္းအတြင္းဝန္ႏွင့္

တာဝန္ရွိသူမ်ား တက္ေရာက္ ခဲ့ၾကပါသည္။ ျပည္ေထာင္စုဝန္ႀကီးက အဖြင့္မိန႔္ခြန္းေျပာၾကားရာတြင္ ဝန္ႀကီးဌာနလက္ေအာက္ရွိ ဦးစီး ဌာနမ်ား၏ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ား၊ ျပ႒ာန္းၿပီးျဖစ္သည့္ ဥပေဒ / နည္းဥပေဒမ်ား၊ ျပ႒ာန္းရန္ အတြက္ ေဆာင္႐ြက္လ်က္ရွိသည့္ ဥပေဒ / နည္းဥပေဒ(မူၾကမ္း)မ်ားကို မိမိအေနျဖင့္ ေလ့လာေနဆဲ ကာလျဖစ္ပါေၾကာင္း၊

ယေန႔ရွင္းလင္းတင္ျပမည့္ သက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာ နည္းဥပေဒ (မူၾကမ္း)ႏွင့္ပတ္သက္၍လည္း သက္ဆိုင္ရာဌာနမ်ား၏ သေဘာထားမွတ္ခ်က္ ရယူေဆာင္႐ြက္ျခင္း လုပ္ငန္းစဥ္မ်ားၿပီးစီးပါက အတည္ျပဳႏိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္သြားရမည္ ျဖစ္ပါ ေၾကာင္း၊ သက္ႀကီး႐ြယ္အိုမ်ားအတြက္ လိုအပ္သည့္ ေစာင့္ေရွာက္မႈ႕လုပ္ငန္းမ်ား အျပည့္အဝ ရရွိေရး၊

ကိုယ္၊ စိတ္ ႏွလုံး ေအးခ်မ္းစြာ ေနထိုင္ႏိုင္ေအာင္ ေစာင့္ေရွာက္ႏိုင္ေရး အေရးႀကီး ပါေၾကာင္း၊ မိခင္ဝမ္းတြင္းမွ သက္ႀကီး႐ြယ္အိုအထိ ျပည္သူတို႔၏အက်ိဳးကို ထမ္း႐ြက္ေနသည့္ လုပ္ငန္း ေဆာင္တာမ်ားကို သင္ယူေလ့လာၿပီး အေကာင္းဆုံး၊ အက်ိဳးရွိဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ေပး သြားမည္ျဖစ္ပါေၾကာင္း ေျပာၾကားခဲ့ပါသည္။

ဆက္လက္၍ လူမႈဝန္ထမ္းဦးစီးဌာနမွ တာဝန္ရွိသူမ်ားက သက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာ နည္းဥပေဒ(မူၾကမ္း)ေရးဆြဲထားရွိမႈအေျခအေနမ်ား၊ နည္းဥပေဒ(မူၾကမ္း) အတည္ျပဳႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္မည့္ လုပ္ငန္းစဥ္မ်ား၊ ျမန္မာႏိုင္ငံ သက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာ ေကာ္မတီဖြဲ႕စည္းထားရွိမႈ၊ အစည္းအေဝးမ်ားက်င္းပေဆာင္႐ြက္ခဲ့မႈ အေျခအေနမ်ားအား

ရွင္းလင္းတင္ျပခဲ့ရာ ျပည္ေထာင္စုဝန္ႀကီးက သိရွိလိုသည့္အခ်က္မ်ား၊ မရွင္းလင္းသည့္အခ်က္မ်ားအား ေမးျမန္းေဆြးေႏြးျခင္း၊ တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ တာဝန္ရွိသူမ်ားပါဝင္သည့္ ေကာ္မတီအစည္းအေဝးမ်ား က်င္းပႏိုင္ေရးကိစၥမ်ား၊ သက္ႀကီး႐ြယ္အို ဆိုင္ရာ ရန္ပုံေငြရရွိေရး ေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ားအား ေဆြးေႏြးခဲ့ၾကကာ အစည္းအေဝး ကို ႐ုပ္သိမ္းခဲ့ပါသည္။

Unicode

သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေများ(မူကြမ်း) ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဒီကနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက

အဖွင့်မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီး ဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြဋ္ဌာန်းပြီးဖြစ်သည့် ဥပဒေ / နည်းဥပဒေများ၊ ပြဋ္ဌာန်းရန် အတွက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေ / နည်းဥပဒေ(မူကြမ်း)များကို မိမိအနေဖြင့် လေ့လာနေဆဲ ကာလဖြစ်ပါကြောင်း၊ ယနေ့ရှင်းလင်းတင်ပြမည့် သက်ကြီးရွယ်အိုများဆိုင်ရာ

နည်းဥပဒေ (မူကြမ်း)နှင့်ပတ်သက်၍လည်း သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက် ရယူဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များပြီးစီးပါက အတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လိုအပ်သည့် စောင့်ရှောက်မှု့လုပ်ငန်းများ အပြည့်အဝ ရရှိရေး၊ ကိုယ်၊ စိတ် နှလုံး

အေးချမ်းစွာ နေထိုင်နိုင်အောင် စောင့်ရှောက်နိုင်ရေး အရေးကြီး ပါကြောင်း၊ မိခင်ဝမ်းတွင်းမှ သက်ကြီးရွယ်အိုအထိ ပြည်သူတို့၏အကျိုးကို ထမ်းရွက်နေသည့် လုပ်ငန်း ဆောင်တာများကို သင်ယူလေ့လာပြီး အကောင်းဆုံး၊ အကျိုးရှိဆုံးဖြစ်အောင် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေ(မူကြမ်း)ရေးဆွဲထားရှိမှုအခြေအနေများ၊ နည်းဥပဒေ(မူကြမ်း) အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဖွဲ့စည်းထားရှိမှု၊ အစည်းအဝေးများကျင်းပဆောင်ရွက်ခဲ့မှု အခြေအနေများအား

ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည့်အချက်များ၊ မရှင်းလင်းသည့်အချက်များအား မေးမြန်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများပါဝင်သည့် ကော်မတီအစည်းအဝေးများ ကျင်းပနိုင်ရေးကိစ္စများ၊ သက်ကြီးရွယ်အို ဆိုင်ရာ ရန်ပုံငွေရရှိရေး ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ပါသည်။