CDMဝန်ထမ်းများကြောင့်ဆေးရုံး၊ ဆေးခန်းများ ပိတ်ထားရပြီး ကျန်းမာရေးဝန်ထမ်း၊ ရဲတပ်ဖွဲ့နှင့်တပ်မတော်မှာ သစ္စာအဓိဌာန်ရွတ်ဆိုပြီး တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများဖြစ်ပါကြောင်း၊ သို့သော်လည်း ပြည်သူ့၏ ကျန်းမာရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု မပေးသည်မှာ မလုပ်သင့်

မလုပ်အပ်သည့် အလုပ်ဖြစ်ပါကြောင်း၊ ယင်းကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနများက ထိထိရောက်ရောက်အရေးယူသွားရန်လိုကြောင်း၊ ဆေးရုံများမဖွင့်နိုင်ရန် နှောက်ယှက်သူများကို အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနက အရေးယူဆောင်ရွက် သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၂/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင်COVID-19ရောဂါနှင့်ပတ်သက်၍ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း၊ COVID-19ကာကွယ်ဆေး ထိုးနှံမှုနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြောင်း၊ တစ်ဖက်တွင်လည်း ကာကွယ်ဆေးရရှိရေးအတွက်

ကြိုးစားဆောင်ရွက်နေပြီး စာချုပ်အရရောက်ရှိရမည့် ကာကွယ်ဆေးများလည်း ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍COVID-19ကာကွယ်ရေးကိစ္စမှာ ရပ်ထား၍မရကြောင်း၊ တစ်ကမ္ဘာလုံးတွင် COVID-19ဖြစ်ပွားခဲ့သည့်အတွက် လူဦးရေ ၁၁၃ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၂ ဒသမ ၅ သန်းကျော် သေဆုံးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၁ ဒသမ ၎

သိန်းကျော် ကူးစက်ခံခဲ့ရပြီး လူဦးရေ ၃၂၀၀ နီးပါးသေဆုံးခဲ့ကြောင်း၊ လတ်တလောအခြေအနေတွင် ရောဂါတွေ့ရှိမှုများကျဆင်းသွားပါကြောင်း၊ ယင်းမှာစစ်ဆေးမှုနှုန်း နည်းသည့်အတွက် တွေ့ရှိမှုနှုန်းနည်းပါးသွားခြင်းဖြစ်နိုင်ကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်များက လူစုလူဝေးဖြစ်ပွားမှု‌ကြောင့် COVID-19ရောဂါ မကူးစက်နိုင်ဟု အာမမခံနိုင်ပါကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

#TheSilentTalks