Zawgyi
Unicode
ပရိသတ်ကြီးရေ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့သူလေးကတော့ Onlineကြော်ငြာမင်းသမီးလေး ဖြူဖြူထွေးပဲဖြစ်ပါတယ်။အခုဆိုရင် အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။ ဖြူဖြူထွေးက ရင်နှီးဖော်ရွေတဲ့ အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းပြီး ဖြူစင်တဲ့စိတ်ထားလေးကြောင့်အနုပညာရှင်ညီအစ်ကို၊မောင်နှမတွေကပါ အားပေးနေရတာလည်း ဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ
အောင်မြင်မှုတွေများစွာရရှိထားတဲ့ ဖြူဖြူထွေးဟာ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး ရက်ရောတဲ့သူမရဲ့စိတ်ထားစေတနာ ကောင်းလေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ကြား အမြဲရေပန်းစားနေတာပါနော်။ အခုလက်ရှိတပ်မတော်က အာဏာသိမ်းယူထားတဲ့ ကာလမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့်အနုပညာရှင်တွေကလည်း ပြည်သူထဲကပြည်သူတစ်ယောက်အနေနဲ့ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို အားတက်သရောလုပ်နေကြသလို
ဖြူဖြူထွေးတစ်ယောက်လည်း လူထုနဲ့အတူရပ်တည်ကာတတ်နိုင်တဲ့ဘက်ကနေ ပြည်သူပရိသတ်တွေအတွက် လှူဒါန်းကူညီ အားဖြည့်ပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့ရက်ပိုင်းကတော့ ဖြူဖြူထွေးဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့သွားခဲ့တဲ့ commentsတစ်ချို့ကြောင့် ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဖြူဖြူထွေးက ဝေဖန်ခံနေရတဲ့ comments တစ်ချို့နဲ့ပက်သက်ပြီး
သူမပြောခဲ့ခြင်းမဟုတ်ကြောင်းကို ပြန်လည်ဖြေရှင်းထားကာFacebook စာမျက်နှာထက်မှာလည်း”မဟုတ်တာတွေ မပြောကြပါနဲ့ဗျာ”ဆိုပြီးတော့တင်ပေးလာခဲ့ကာ Photoshop နဲ့ပြင်ထားတဲ့ comments တွေနဲ့ပက်သက်ပြီးတော့ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ ဖြူဖြူထွေးကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။ပရိသတ်ကြီးတို့လည်း အေးချမ်းပျော်ရွှင်ရတဲ့ ဘဝရဲ့နေ့ရက်တွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။C r d