Zawgyi

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ ဆႏၵျပပြဲေတြ ႏိုင္ငံတ၀န္း ျဖစ္ေနခ်ိန္မွာဘဲ ျမန္မာ့ အေျခအေနကို စိုးရိမ္ေၾကာင္း၊ သက္ဆိုင္သူ အားလုံး ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ၾကဖို႔ ေမွ်ာ္လင့္ေၾကာင္း တ႐ုတ္က ေျပာဆိုပါတယ္။ အာဏာသိမ္းမႈ ဆန႔္က်င္ ဆႏၵျပပြဲေတြအတြင္း ရဲတပ္ဖြဲ႕ရဲ႕ ၿဖိဳခြင္းမႈေၾကာင့္ ၿပီးခဲ့တဲ့ စေနေန႔တုန္းက မႏၲေလးမွာ

အမ်ိဳးသား ၂ ဦး ေသဆုံးခဲ့ရမႈ အေပၚ တ႐ုတ္ရဲ႕ ရပ္တည္ခ်က္နဲ႔ ပတ္သက္ၿပီး တနလာေနၤ့မွာ သတင္းေထာက္ေတြက ေမးျမန္းခဲ့ၾကတာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရး ဌာန ေျပာခြင့္ရ Wang Wenbin က ေမးျမန္းခ်က္ကို တိုက္႐ိုက္ မေျဖပါဘူး။ အေျခအေနကို ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ဖို႔ ေမွ်ာ္လင့္ေၾကာင္းသာ ေျဖၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိ ျဖစ္ေနတဲ့ အေျခအေနေတြကို တ႐ုတ္ဘက္က စိုးရိမ္ပါတယ္။ ႏိုင္ငံရဲ႕ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးေရးကို သက္ဆိုင္သူ အားလုံးက အေလးထားၿပီး၊ ထိန္းထိန္းသိမ္းသိမ္းရွိၾကဖို႔၊ မေျပလည္မႈေတြကိုလည္း အေျခခံဥပေဒနဲ႔အညီ ဥပေဒေဘာင္အတြင္းကေန ေျဖရွင္းၾကဖို႔နဲ႔ ႏိုင္ငံေရး လူမႈေရး တည္ၿငိမ္မႈကို

ထိန္းသိမ္းၾကဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျဖၾကားသြားတာပါ။ ျမန္မာျပည္မွာ စစ္အာဏာသိမ္းတာကို တ႐ုတ္က ေထာက္ခံေနတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကိုေတာ့ တ႐ုတ္က ျငင္းပါတယ္။ ဒါေပမယ့္ စစ္အာဏာသိမ္းမႈကေတာ့ ျမန္မာ့ ျပည္တြင္းေရး ျဖစ္တယ္လို႔ ေျပာဆိုၿပီး အတိအလင္း ကန႔္ကြက္မထားပါဘူး။

Unicode

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေ နိုင်ငံတ၀န်း ဖြစ်နေချိန်မှာဘဲ မြန်မာ့ အခြေအနေကို စိုးရိမ်ကြောင်း၊ သက်ဆိုင်သူ အားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ မျှော်လင့်ကြောင်း တရုတ်က ပြောဆိုပါတယ်။ အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကြောင့် ပြီးခဲ့တဲ့ စနေနေ့တုန်းက မန္တလေးမှာ အမျိုးသား ၂ ဦး သေဆုံးခဲ့ရမှု အပေါ်

တရုတ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး တနလာင်္နေ့မှာ သတင်းထောက်တွေက မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Wang Wenbin က မေးမြန်းချက်ကို တိုက်ရိုက် မဖြေပါဘူး။ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းသာ ဖြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကို တရုတ်ဘက်က စိုးရိမ်ပါတယ်။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို သက်ဆိုင်သူ အားလုံးက အလေးထားပြီး၊

ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့၊ မပြေလည်မှုတွေကိုလည်း အခြေခံဥပဒေနဲ့အညီ ဥပဒေဘောင်အတွင်းကနေ ဖြေရှင်းကြဖို့နဲ့ နိုင်ငံရေး လူမှုရေး တည်ငြိမ်မှုကို ထိန်းသိမ်းကြဖို့ မျှော်လင့်ကြောင်း ဖြေကြားသွားတာပါ။ မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကို တရုတ်က ထောက်ခံနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ တရုတ်က ငြင်းပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကတော့ မြန်မာ့ ပြည်တွင်းရေး ဖြစ်တယ်လို့ ပြောဆိုပြီး အတိအလင်း ကန့်ကွက်မထားပါဘူး။