Zawgyi







Crd;

Unicode

ကုလသမဂ္ဂအထွေထွေညီလာခံအလွတ်သဘောအစည်းအဝေးတွင် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံခေါင်းဆောင်းများကို မတရားဖမ်းဆီးထားမှုများကို ဖွင့်ချပြောကြားလိုက်ပြီး ၊မြန်မာပြည်သူများလိုလားသော မြန်မာ့ဒီမိုကရေစီအရေးအတွက် ကမ္ဘာက ပိုမိုကူညီပေးကြရန်တိုက်တွန်းလိုက်သည်။

နိုင်ငံတကာအသိုက်အဝန်းကစစ်ကောင်စီကိုဆန့်ကျင်ပြီး မြန်မာပြည်သူများ၏အာဏာကို ပြည်သူများပြန်လည်ရရှိရေးအကူအညီပေးကြရန်နိုင်ငံတကာအသိုက်အဝန်းကိုတိုက်တွန်းခဲ့သည်။ ထိုအပြင် မြန်မာပြည်သူများသို့လည်း” မင်္ဂလာပါ၊ ညီ အစ်ကို မောင်နှမများနှင့် သွေးချင်းညီ နောင်သားချင်းများခင်ဗျာ၊ မိမိတို့ ဆောင်ရွက်နေတဲ့၊ စစ်တပ်အာ ဏာသိမ်းမှု ချက်ချင်းအဆုံးသတ် ရေး၊ မိမိတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊

သမ္မတ ကြီးဦးဝင်းမြင့်နဲ့ အခြားမတရား ထိန်းသိမ်းခံထားရသူများ ချက် ချင်းလွှတ်ပေးရေး၊ နိုင်ငံတော်အာ ဏာပြည်သူထံ ပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ ဒီမို ကရက်တစ် ဖက်ဒရယ်ပြည် ထောင်စုတည်ထောင်ရေး ဒီအ ရေးတော်ပုံကြီး အောင်မြင်ရေး မိမိတို့အလွှာအသီးသီးမှ ပြည်သူ ပြည်သားများအားလုံး စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်နဲ့ အတူ တကွလက်တွဲဆောင်ရွက်နေတာ ကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဆက်လက် ဆောင်ရွက်သွားကြဖို့ ကိုလည်း မေတ္တာရပ်ခံတိုက်တွန်း အပ်ပါတယ်ခင်ဗျာ၊ ဒီအရေး တော်ပုံ မုချအောင်မြင်ရမည်ဖြစ် ပါသည်ခင်ဗျာ၊… ပြည်သူသာ အဓိက။ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သည်းခံနေရမယ့်အချိန်မဟုတ်တော့ဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကုလသမဂ္ဂအထွေထွေညီလာခံကို

တင်ပြတဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ငြိမ်းချမ်းပြီး ယဉ်ကျေးတဲ့ကမ္ဘာ့ အသိုင်းအဝိုင်းကို တည်ဆောက်ဖို့အတွက် မြန်မာစစ်တပ်ကို လိုအပ်တဲ့နည်းလမ်းမှန်သမျှသုံးပြီး အရေးယူဖို့အတွက် ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို CRPH အနေနဲ့ တောင်းဆိုပြီး မြန်မာပြည်သူတွေ ဘေးကင်းပြီး လုံခြုံမှုရှိစေဖို့ ဖြည့်ဆည်းပေးဖို့ တောင်းဆိုထားပါတယ်။ အရေးတော်ပုံ … အောင်ရ မည်။”ဟု လက်သုံးချောင်ထောင်၍သတင်းစကားပါးပြောကြားခဲ့သည်။

Crd;