Zawgyi
Unicode
အဆိုတော်၊ သရုပ်ဆောင် အေသင်ချိုဆွေကတော့ လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်လည်းဖြစ်သလို ကလေးမိခင်တစ်ယောက်လည်းဖြစ်တာကြောင့် လက်ရှိ မြန်မာ့ဒီမိုကရေစီလွတ်လပ်မှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေတာပဲ ဖြစ်ပါတယ်။ လက်ရှိ တစ်နိုင်ငံလုံးအရေးမှာ ပြည်သူထဲက ပြည်သူတစ်ယောက်အဖြစ် ဆန္ဒထုတ်ဖော်နေတဲ့
အေသင်ချိုဆွေက လမ်းပေါ်က ဆန္ဒထုတ်ဖော်ချိန် ကြွေးကြော်သံတွေအော်ရင်း အမေနဲ့တွေ့ခွင့်ရတော့မယ်ဆိုတဲ့ အတွေးနဲ့ ငိုနေမိတယ်ဆိုကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ အေသင်ချိုဆွေက “အမေ ရေ လမ်းမပေါ် ဆန္ဒထုတ်ဖော်ချိန် ကြွေးကြော်သံတွေ အော်ရင်း သမီး ငိုနေမိတယ် အမေ.. အမေ နဲ့ တွေ့ခွင့်ရတော့မယ်ဆိုတဲ့ အတွေးလေးနဲ့ပါ။
အမေကျန်းမာနေပြီး၊ စိတ်ဓါတ်ဘယ်လောက်မာလဲ သိလိုက်ရလို့၊ သမီးအားတွေပြန်ရှိနေပါပြီ။ 💪🏻💪🏻💪🏻၂ရက်နည်းနည်းနားလိုက်တယ်။ မနက်ဖန် ပြန်ထွက်မယ် အမေ။ အမေ ကျန်းမာပါစေ။ 🙏🏻🙏🏻🙏🏻 မကြာခင် တွေ့မယ်နော် အမေ ။” ဆိုပြီး ကိုယ့်ကိုကိုယ် အားပေးစကားပြောလာတာကို တွေ့ရပါတယ်။
အေသင်ချိုဆွေကတော့ မကြာခင် အမေပြန်လာတော့မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ နေ့စဉ်နေ့တိုင်း အားအပြည့်နဲ့ တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။